DVB Logo
Home
မြန်မာသတင်း
ဆန္ဒပြ အိန္ဒိယလယ်သမားများကို ရဲတပ်ဖွဲ့က နံပါတ်တုတ်ဖြင့်ရိုက် လူစုခွဲ
DVB
·
January 24, 2021
ဆန္ဒပြ အိန္ဒိယလယ်သမားများကို ရဲတပ်ဖွဲ့က နံပါတ်တုတ်ဖြင့်ရိုက် လူစုခွဲ
Donate to DVB

အိန္ဒိယနိုင်ငံ ဘိုပယ်လ်မြို့မှာ ဇန်နဝါရီ ၂၃ ရက်က စိုက်ပျိုးရေး ဥပဒေသစ်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြတဲ့ လယ်သမားတွေနဲ့ ထောက်ခံသူတွေကို ရဲတွေက နံပါတ်တုတ်တွေနဲ့ရိုက်၊ ရေအမြောက်တွေသုံးပြီး လူစုခွဲခဲ့ပါတယ်။

ဥပဒေသစ်က သူတို့ရဲ့ လူနေမှုဘဝကို ခြိမ်းခြောက်နေတယ်လို့ လယ်သမားတွေက ပြောကြားခဲ့ကြပြီး ဆန္ဒပြပွဲမှာ အိန္ဒိယ အတိုက်အခံ ကွန်ဂရက်စ်ပါတီက အဖွဲ့ဝင်တွေလည်း ပါခဲ့ပါတယ်။ 

နိုင်ငံ မြောက်ပိုင်း ဒါဟရာဒန်မြို့မှာလည်း လယ်ထွန်စက်တွေနဲ့ ဆန္ဒပြတဲ့ လယ်သမားတွေ ပါတဲ့ ချီတက်ပွဲမှာ အလားတူ ရုန်းရင်းဆန်ခတ် ဖြစ်ခဲ့ပါတယ်။

စက်တင်ဘာလက စတင်မိတ်ဆက်တဲ့ ဥပဒေသစ်တွေဟာ စည်းမျဉ်းကန့်သတ်ထားတဲ့ လက်ကားဈေးမှာပဲ လယ်သမားတွေ သူတို့ထုတ်ကုန်တွေကို ရောင်းနေရတဲ့ အချုပ်အနှောင်ကို ဖြုတ်ပေးလိမ့်မယ်လို့ ဝန်ကြီးချုပ် နရင်ဒြာမိုဒီ အစိုးရက ပြောပါတယ်။

လယ်သမားတွေကတော့ ဒီဥပဒေမူကြမ်းဟာ ပုဂ္ဂလိက ဝယ်သူတွေ အကျိုးအမြတ်ရအောင် ပုံစံထုတ်ထားတယ်၊ လက်လီဝယ်သူတွေ သနားမှ သက်သာရာရအောင် လုပ်ထားတယ်လို့ ပြောပါတယ်။

ဥပဒေကို ၁၈ လ ရွှေ့ဆိုင်းမယ့် အစိုးရရဲ့ ကမ်းလှမ်းချက်ကို လယ်သမားတွေက ဇန်နဝါရီ ၂၂ ရက်က ပယ်ချပြီး ဆက်တိုး ဆန္ဒပြဖို့ စီစဉ်ခဲ့ကြပါတယ်။

ဟာယာန၊ ပန်ဂျပ်နဲ့ အနောက် ဥတ္တာပရာဒေ့ရှ် ပြည်နယ်တွေက ရာထောင်ချီတဲ့ လယ်သမား တွေဟာ လယ်ထွန်စက်တွေ မောင်းပြီး မြို့တော် နယူးဒေလီဆီ ဇန်နဝါရီ ၂၆ ရက်မှာ ချီတက်ဖို့ စီစဉ်နေတယ်လို့ သိရပါတယ်။

အဲဒီနေ့ဟာ သမ္မတနိုင်ငံနေ့ ဖြစ်ပြီး ဝန်ကြီးချုပ်ဟာ စစ်ရေးပြပွဲကို တက်ရောက်ဖို့ ရှိနေတယ်လို့ ရိုက်တာသတင်းမှာ ဖော်ပြထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013