DVB Logo
Home
မြန်မာသတင်း
၂၀၂၀ ပြည့်နှစ်အတွင်း ကချင်ပြည်နယ်၌ ယာဉ်တိုက်မှု ၄၃၀ ကျော်ဖြစ်ပြီး လူ ၂၀၀ ကျော်သေဆုံး
DVB
·
January 24, 2021
၂၀၂၀ ပြည့်နှစ်အတွင်း ကချင်ပြည်နယ်၌ ယာဉ်တိုက်မှု ၄၃၀ ကျော်ဖြစ်ပြီး လူ ၂၀၀ ကျော်သေဆုံး
Donate to DVB

ကချင်ပြည်နယ်မှာ  ၂၀၂၀ ခုနှစ်အတွင်း ယာဉ်တိုက်မှုပေါင်း ၄၃၂ မှု ဖြစ်ပွားခဲ့ပြီး သေဆုံးသူ ၂၀၂ ဦးနဲ့ ဒဏ်ရာရသူ ၅၆၀ ရှိတယ်လို့ သိရပါတယ်။

ကျား ၁၆၈ ဦး၊ မ ၃၄ ဦး  သေဆုံးသူ စုစုပေါင်း  ၂၀၂ ဦး နဲ့ ကျား ၃၉၆ ဦး၊ မ ၁၆၄  ဦး ဒဏ်ရာရသူ စုစုပေါင်း ၅၆၀ ရှိခဲ့တယ်လို့ ကချင်ပြည်နယ် ယာဉ်ထိန်းရဲတပ်ဖွဲ့ဆီက  သိရပါတယ်။

ယာဉ်တိုက်မှုအများစုမှာ  ညနေပိုင်းနဲ့ ညပိုင်းမှာ အများဆုံးဖြစ်ကာ ယာဉ်စည်းကမ်း လမ်းစည်းကမ်းမလိုက်နာတာ၊ သောက်စား မှုးယစ်ပြီး မဆင်မခြင် အရှိန်ပြင်း မောင်းနှင်တာတွေကြောင့်ဖြစ်ပြီး ဆိုင်ကယ်နဲ့ မော်တော်ကား ယာဉ်တိုက်မှုက အများဆုံးဖြစ်တယ်လို့ သိရပါတယ်။

၂၀၁၉ ခုနှစ်မှာ ကချင်ပြည်နယ်အတွင်း ယာဉ်တိုက်မှုပေါင်း ၄၅၂ မှု၊ သေဆုံးသူ ၂၁၄ ဦးနဲ့ ဒဏ်ရာရသူ ၅၆၄ ဦး ရှိတာကြောင့် ၂၀၂၀ ပြည့်နှစ်မှာ ယာဉ်တိုက်မှုနဲ့ လူသေဆုံးနှုန်း လျော့နည်းခဲ့တယ်လို့ ဆိုပါတယ်။

၂၀၁၉/၂၀၂၀ ခုနှစ်အတွင်း မြစ်ကြီးနားခရိုင်မှာ ယာဉ်တိုက်မှု အများဆုံးဖြစ်ပြီး  ပူတာအိုခရိုင် က ယာဉ်တိုက်မှု အနည်းဆုံး ဖြစ်ပါတယ်။

ထူးထူး( ဗိုလ်ကလေး)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013