DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်တွင် စိတ်ကြွဆေးပြား ၆ သိန်းကျော်ထိ စံချိန်တင်ဖမ်းမိ
DVB
·
January 24, 2021
မော်လမြိုင်တွင် စိတ်ကြွဆေးပြား ၆ သိန်းကျော်ထိ စံချိန်တင်ဖမ်းမိ
Donate to DVB

မော်လမြိုင်မြို့၊ စစ်ကဲကုန်းရပ်ကွက်၊ ကမ်းနားလမ်းမှာ ဇန်နဝါရီ ၂၃ ရက်နေ့ မနက် ၉ နာရီခွဲအချိန်လောက်က မူးယစ်းဆေးဝါး အပြား ၆ သိန်းကျော်ထိ စံချိန်တင် ဖမ်းဆီးရမိခဲ့တယ်လို့ မွန်ပြည်နယ်မှုခင်းအကူဌာနစိတ် တာဝန်ရှိသူက DVB ကို အတည်ပြုပါတယ်။

ကမ်းနားလမ်းအတိုင်း ယာဉ်မောင်း အာရှင်း မောင်းနှင်းလာတဲ့ TOYOTA HILUX SURF ယာဉ်နဲ့ ယာဉ်မောင်း အာမင် မောင်းနှင်းလာတဲ့ TOYOTA HILUX VIGO ယာဉ်တို့ကို ရပ်တန့် စစ်ဆေးရာမှ TOYOTA HILUX SURF ယာဉ်နောက်ခန်းအတွင်း အပြာရောင် ပလတ်စတစ် ကပ်ခွာအိတ်နဲ့ ထုတ်ထားတဲ့ WY စာတမ်းပါ ပန်းရောင် စိတ်ကြွရူးသွပ်ဆေးပြား ၁၁ ထုပ်၊ စုစုပေါင်း ဆေးပြား ၁ သိန်းကျော်ကို တွေ့ရှိခဲ့တာပါ။

ဒါ့အပြင် ယာဉ်ကို ထပ်မံစစ်ဆေးရာ ကားတာယာအပိုထဲကနေ ဆေးပြား ၂၆၀၀၀၀ ကျော်၊ စပယ်ယာဘီးအတွင်းကနေ ဆေးပြား ၂၃၀၀၀၀ ကျော်ကို ထပ်မံတွေ့ရှိခဲ့တာပါ။

ယာဉ်မောင်း အာမင် မောင်းနှင်းလာတဲ့ TOYOTA HILUX VIGO ယာဉ်မှာတော့ အောင်ဝင်းနဲ့ စုစုခိုင် တို့ကို လိုက်ပါလာခဲ့ပြီး မူးယစ်ဆေးဝါး မတွေ့ရှိခဲ့ပေမယ့် အတူလာသူတွေ ဖြစ်လို့ ဖမ်းဆီးခဲ့တယ်လို့ ဆိုပါတယ်။

လက်ရှိမှာတော့ အာရှင်း အပါအဝင် ၄ ဦးကို မော်လမြိုင်မြို့မ ရဲစခန်းမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကို ပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေ ပုဒ်မ ၁၉ (က) ၊ ၂၀ (က) ၊ ၂၁ တို့နဲ့ အမှုဖွင့် အရေးယူထားပါတယ်။

ဇော်လွင်ထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013