DVB Logo
Home
မြန်မာသတင်း
ချောက်မြို့တွင် ခရီးသွားရာဇဝင်မရှိဘဲ အနံ့ပျောက်သူ များလာ
DVB
·
January 23, 2021
ချောက်မြို့တွင် ခရီးသွားရာဇဝင်မရှိဘဲ အနံ့ပျောက်သူ များလာ
Donate to DVB

မကွေးတိုင်း ချောက်မြို့မှာ ခရီးသွားရာဇဝင်မရှိဘဲ အနံ့ပျောက်သူတွေ တိုးလာပြီး ဇန်နဝါရီလအတွင်း ပိုးတွေ့လူနာ များလာတယ်လို့  ချောက်မြို့နယ် ဆရာဝန်ကြီး ဒေါက်တာမျိုးသက်ဦးက ပြောပါတယ်။ 

“အနံပျောက်လူနာတွေ များလာတာက ရောဂါကူးစက်မှုရှိနေတာကို မီးမောင်းထိုးပြနေတာ၊ ဒီအပေါ်မှာ ပြောချင်တာက အနံ့ပျောက်သူတွေက ပျောက်ပျောက်ခြင်း အုပ်ချုပ်ရေးတို့၊ ကျန်းမာရေးတို့ကို ပြောစေချင်တာ။ တော်တော်ကြာမှပြောတော့ သူတို့ကနေ တခြားသူတွေကို ထပ်ဖြန့်ဝေသလိုဖြစ်နေတာ။ အနံ့ပျောက်တယ်၊ သံသယ ရှိကတည်းက အပြင်မထွက်ဘဲ ကိုယ်အိမ်မှာကိုယ်နေပြီး ဆက်သွယ်စေချင်တယ်။”

ဇန်နဝါရီ ၂၂ ရက်နေ့ကလည်း အနံ့ပျောက်သူ လေးဦးကို ခေါ်ယူစစ်ဆေးခဲ့ရာမှာ လေးဦးလုံး ရောဂါပိုးတွေ့ရှိခဲ့တယ်လို့ သိရပါတယ်။ 

ချောက်မြို့နယ်အတွင်းမှာ ဇန်နဝါရီ ၁ လအတွင်း ပိုးတွေ့လူနာ ၅၉  ဦးအထိ ရှိခဲ့ပြီး စုစုပေါင်း ပိုးတွေ့လူနာ ၁၄၇ ဦးထိရှိနေပြီလို့ သိရပါတယ်။ 

အဲဒီထဲက ရောဂါသက်သာပျောက်ကင်းသွားလို့ ဆေးရုံက ဆင်းသွားသူတွေရှိပြီး လက်ရှိမှာတော့ ကုသဆဲ ပိုးတွေ့လူနာ ၃၇ ဦးအထိရှိနေတာကြောင့် Positive Center ဒုတိယ နေရာတစ်ခုကို ထပ်မံတိုးချဲ့ထားတယ်လို့ မြို့နယ် ကျန်းမာရေးဌာနက ပြောပါတယ်။ 

ကိုလင်း(ချောက်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013