DVB Logo
Home
မြန်မာသတင်း
စစ်ကိုင်းတိုင်းတွင် ကုန်ထုတ်လမ်း ၅၁ လမ်းနှင့်တံတား ၁၁၆ စင်း ၅ လအတွင်း အပြီးဆောက်မည်
DVB
·
January 23, 2021
စစ်ကိုင်းတိုင်းတွင် ကုန်ထုတ်လမ်း ၅၁ လမ်းနှင့်တံတား ၁၁၆ စင်း ၅ လအတွင်း အပြီးဆောက်မည်
Donate to DVB

စစ်ကိုင်းတိုင်းအတွင်း ၂၀၂၀-၂၀၂၁ ဘဏ္ဍာရေးနှစ်မှာ ကုန်ထုတ်လမ်း ၅၁ လမ်းနဲ့ ကုန်ထုတ်တံတား ၁၁၆ စင်းကို ဇန်နဝါရီလမှစတင်ကာ ၅ လအတွင်း အပြီးဆောင်ရွက်မယ်လို့ သိရပါတယ်။

ကုန်ထုတ်လမ်းပေါင်း ၅၁ လမ်းကို မြို့နယ်ပေါင်း ၃၂ မြို့နယ်မှာ ဖောက်လုပ်သွားမှာဖြစ်ပြီး ပြည်ထောင်စုနဲ့ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ စုစုပေါင်း ကျပ် ၂၈၂၇ ဒဿမ ၅ သန်းနဲ့ ဆောင်ရွက်သွားမယ်လို့ တိုင်းဒေသကြီး ကျေးလက်ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဝင်းကျော်မျိုးက ပြောပါတယ်။

"ကုန်ထုတ်လမ်းတွေရဲ့ အဓိကရည်ရွယ်ချက်ကတော့ တောင်သူတွေရဲ့ ထုတ်လုပ်မှုကုန်ကျစရိတ်သက်‌သာအောင်နဲ့ သယ်ယူစရိတ်တွေသက်သာလျှော့နည်းအောင်လို့ ရည်ရွယ်တာပါ။ လယ်ကြား၊ ယာကြားမှာ ကုန်ထုတ်လမ်းဖောက်ပေးလိုက်တော့ ကုန်စည်က ဈေးကွက်ထဲကို မြန်မြန်ဆန်ဆန်ရောက်စေနိုင်ပါတယ်။ နောက်ပြီး အခုလို ကုန်ထုတ်လမ်းဖောက်လုပ်လိုက်တော့ ဒေသတွင်းက လယ်ယာမြေတန်ဖိုးတွေလည်း မြင့်တက်သွားစေပါတယ်။" 

ကုန်ထုတ်တံတားပေါင်း ၁၁၆ စင်းကိုတော့ မြို့နယ်ပေါင်း ၂၃ မြို့နယ်မှာ တည်ဆောက်သွားမှာဖြစ်ပြီး ပြည်ထောင်စုနဲ့ တိုင်းဒေသကြီးခွင့်ပြုရန်ပုံငွေ စုစုပေါင်း ကျပ် ၁၄၀၄ ဒသမ ၅၈ သန်းနဲ့ ဆောင်ရွက်သွားမယ်လို့ ဦး‌ဝင်းကျော်မျိုးက ဆိုပါတယ်။

"တံတား ၁၁၆ စင်းကတော့ မြို့နယ် ၂၃ မြို့နယ်ထဲက ပြီးခဲ့တဲ့နှစ်က ဖောက်လုပ်ခဲ့တဲ့ လမ်းတွေအပေါ်မှာရော၊ ဒီနှစ်ဖောက်လုပ်မယ့် လမ်းတွေအပေါ်မှာပါ တည်ဆောက်သွားမှာဖြစ်ပါတယ်။" 

အခုလုပ်ငန်းအားလုံးအတွက် တင်ဒါအောင်တဲ့ ကုမ္ပဏီတွေက သက်ဆိုင်ရာဒေသတွေမှာ လုပ်ငန်းတွေကို စတင်နေပြီဖြစ်ပြီး လာမယ့်မေလအကုန် ပြီးစီးအောင်‌ ဆောင်ရွက်ရမယ်လို့ သိရပါတယ်။

ရန်နိုင်စိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013