DVB Logo
Home
မြန်မာသတင်း
မူဆယ်မြို့တွင် လဝက ဝန်ထမ်းတစ်ဦး ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံး
DVB
·
January 23, 2021
မူဆယ်မြို့တွင် လဝက ဝန်ထမ်းတစ်ဦး ကိုဗစ်-၁၉ ရောဂါဖြင့် သေဆုံး
Donate to DVB

ရှမ်းပြည်နယ်မြောက်ပိုင်း၊ မူဆယ်မြို့ရှိ ခရိုင်ပြည်သူ့ဆေးရုံကြီး၊ အထူးကြပ်မတ် ကုသဆောင်မှာ ကြပ်မတ်ကုသခံနေရတဲ့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ လဝက ဝန်ထမ်း အမျိုးသားဟာ ဇန်နဝါရီ ၂၂ ရက်နေ့ ညနေက သေဆုံးသွားတယ်လို့ မူဆယ် ဆေးရုံအုပ်ကြီး ဒေါက်တာ ဟန်နိုင်စိုးက ပြောပါတယ်။

“သူက ဆေးရုံတက်နေတာ ၂၂ ရက် နီးပါးလောက်ရှိပြီ။ ရောဂါအခံက ဘာတွေရှိလဲဆိုတော့ နှလုံးသွေးကြောကျဉ်းလည်း ရှိတယ်။ နှလုံးအားနည်းတဲ့ ရောဂါလည်း ရှိတယ်။ နောက် ဆီးချိုလည်း ရှိတယ်ပေါ့နော်။ အဲဒါတွေလည်းရှိတော့ ရှေ့ရက်တွေမှာလည်း အသည်းအသန်ဖြစ်တော့ ကျနော်တို့ တော်တော် ကုထားရတာပေါ့နော်။ ဒီရက်ပိုင်းလေးမှာ သက်သာလာလို့ အောက်စီဂျင်တွေ လွှတ်သွားပြီပေါ့။ ကျနော်တို့သတင်းပို့တာကို တင်ထားတဲ့အခြေအနေပေါ့။ ဒါပေမယ့် မနေ့ကတော့ ရုတ်တရက်ဖောက်လာတယ်။ ပြီးတော့ ကျနော်တို့ ဘယ်လိုကုကု၊ ဒီနေ့ညနေ ၅ နာရီ ၄၅ လောက်မှာ ဆုံးသွားပါတယ်။

အသက်က ၄၉ နှစ်အရွယ် သေဆုံးသွားသူဟာ မူဆယ်မြို့နယ် လဝက ရုံးမှာ တာဝန်ထမ်းဆောင်နေဆဲ အစိုးရ ဝန်ထမ်းဖြစ်တယ်လို့ မူဆယ်မြို့ ကရုဏာ လူမှုကူညီရေးအသင်း ဥက္ကဋ္ဌ ဦးသောင်းထွန်းက ပြောပါတယ်။

မူဆယ်မြို့နယ်မှာ ၂၀၂၀ ပြည့်နှစ် ဧပြီ ၂၄ ရက်ကနေ ဇန်နဝါရီ ၂၂ ရက်နေ့အထိ ပိုးတွေ့လူနာ စုစုပေါင်း ၇၁ ဦးရှိတဲ့အနက် ၅၉ ဦးက ရောဂါသက်သာပျောက်ကင်းလို့ ဆေးရုံဆင်းခွင့်ရပြီး ကျန်လူနာ ၁၁ ဦးကို မူဆယ်ခရိုင်ပြည်သူ့ဆေးရုံသစ်ကြီး အထူးကြပ်မတ် ကုသဆောင်မှာ ဆေးဝါးကုသပေးနေတာလို့ သိရပါတယ်။

လက်ရှိ သေဆုံးလူနာမှာ မူဆယ်ခရိုင်အတွင်း ပထမဦးဆုံး‌ ပိုးတွေ့သေဆုံး လူနာဖြစ်တယ်လို့ မူဆယ်ခရိုင်ပြည်သူ့ဆေးရုံကြီးက သိရပါတယ်။

ပိုးတွေ့ သေဆုံးလူနာကို မူဆယ်မြို့ သုဿာန်မှာ မနေ့ညက သင်္ဂြိုဟ်ခဲ့တယ်လို့ သိရပါတယ်။

Pra Jaw

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013