DVB Logo
Home
Lead Story
မသန်စွမ်းသူများအရေး-လူထုအသံ 
DVB
·
January 21, 2021
မသန်စွမ်းသူများအရေး-လူထုအသံ 
1 / 6
Donate to DVB

မြန်မာနိုင်ငံမှာ အတည်ပြုပြဋ္ဌာန်းထားပြီးဖြစ်တဲ့ မသန်စွမ်းဥပဒေ၊ နည်းဥပဒေတွေ လက်တွေ့ ထိထိရောက်ရောက် အကောင်အထည်ဖော်နိုင်ဖို့နဲ့ တန်းတူအခွင့်အရေးရဖို့ မသန်စွမ်းသူတွေက လိုလားနေကြပါတယ်။

မသန်စွမ်းသူတွေရဲ့ အရေးနဲ့ပတ်သက်လို့ ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်မှာနေကြတဲ့ မသန်စွမ်းသူတချို့ကို ဒီဗွီဘီသတင်းဌာနက သွားရောက် တွေ့ဆုံမေးမြန်းထားသမျှကို ဖော်ပြ ပေးလိုက်ရပါတယ်။

ဦးကိုကိုမောင်

“အဓိက အစိုးရကနေပြီးတော့ ကျနော်တို့ မသန်စွမ်းသူတွေအတွက် တန်းတူအခွင့်အရေး ရစေချင်တယ်။ နောက်တစ်ခုက တန်းတူအခွင့်အရေးထဲမှာ ဘာတွေပါလဲဆိုတာတော့ အစိုးရဌာနတွေမှာ ကျနော်တို့ မသန်စွမ်းသူတွေကို ခန့်အပ်ဖို့ကို မရှိကြသေးဘူး။ သူတို့ကိုယ်တိုင်က ခန့်အပ်မှု မရှိသေးဘူးဆိုရင် ကျန်တဲ့ ပုဂ္ဂလိက ကဏ္ဍတွေမှာ ခန့်အပ်ဖို့ဆိုတာ တော်တော်လေး စဉ်းစားကြမှာပါ။ အဓိကကတော့ အစိုးရဌာနတွေမှာ အရင်ဆုံး မသန်စွမ်းသူတွေကို နေရာပေးစေချင်တယ်။ အတတ်ပညာရှိတဲ့ မသန်စွမ်းသူတွေ အများကြီးရှိကြပါတယ်။ သူတို့ကို အသုံးပြုလို့ရတဲ့နေရာတွေ အများကြီးရှိပါတယ်။ အစိုးရ၀န်ထမ်းလိုနေရာတွေမှာ ခန့်အပ်ဖို့ အများကြီးလိုပါသေးတယ်။ ဒါလေးတော့ အကြံပြုပြောချင်တယ်။ ပြီးတော့  အလုပ်ခေါ်စာမှာကိုက ကျန်းမာသန်စွမ်းသူ ဖြစ်ရမယ်ဆိုတာက ကျနော်တို့အတွက် အများကြီး အတားအဆီးဖြစ်ပါတယ်။ ဒါလေးတော့ ဖြု‌တ်ပေးစေချင်တယ်။ အစိုးရဌာနတွေက ဦးဆောင်ပြီးလုပ်ပေးရင် ပုဂ္ဂလိကအလုပ်တွေက အလိုလိုနောက်ကလိုက်လုပ်လာကြမယ်လို့ ထင်ပါတယ်။”

ဒေါ်ရီရီသန်း

“မသန်စွမ်းတွေအပေါ် ဆက်ဆံတဲ့အခါကျတော့ အရင်ကလေးငယ်ငယ်လေးက ကလေးချီပြီး အညှော်ရှောင်တာ ကလေးက မသန်စွမ်းဖြစ်လို့နေမယ် အိမ်တစ်အိမ်က မောင်းထုတ်တာ ခံလိုက်ရတယ်။ ဒီလိုမသန်စွမ်းကလေးက ကျက်သရေမရှိဘူး၊ ငါ့အိမ်မလာနဲ့ဆိုပြီး ပြောလိုက်တဲ့အခါမှာ ပြန်လာခဲ့ရတယ်။ စိတ်မကောင်းစွာနဲ့ပဲ ပြန်လှည့်လာခဲ့ရတာ။ ကိုယ်တွေက သူတို့လည်းသွားပြီးတော့ ရန်တွေ့လို့လည်းမရဘူးလေ။ အခုတော့မသန်စွမ်းဆိုရင်အားလုံးက ကူညီချင်တဲ့ စိတ်တွေများလာပါပြီ လူ့အဖွဲ့အစည်းက ဒီလိုများလာပြီဆိုတော့ ကိုယ့်အတွက်တော့ ဘာပဲပြောပြော အားတော့ရှိတာပေါ့။”

ကိုမင်းသက်ခိုင်

“အစိုးရအဖွဲ့အစည်းကို ဘာပြောချင်လဲဆိုတော့ မသန်စွမ်းသူတွေကို ပညာရေးကဏ္ဍမှာ နံပါတ်တစ်အနေနဲ့ စဉ်းစားပေးစေချင်တယ်။ ဒိထက်ကျယ်ကျယ်ပြန့်ပြန့် ပညာသင်ကြားပိုင်ခွင့် အခွင့်အလမ်းကိုရစေချင်တယ်။ နံပါတ်နှစ်အချက်ကတော့ အလုပ်အကိုင်အခွင့်အလမ်း။ တချို့မှာလည်း မသန်စွမ်းမှုအားနည်းချက်ကြောင့် ပညာတစ်ပိုင်းတစနဲ့ ကျောင်းထွက်ရတဲ့ သူတွေလည်း အများကြီးရှိပါတယ်။ ဒီလူတွေကို သူတို့လုပ်နိုင်တဲ့အင်အားလေးနဲ့ လုပ်ငန်းခွင်မှာ ခန့်အပ်ပေးဖို့လည်း တောင်းဆိုချင်ပါတယ်။”

ဒေါ်အေးစန်း

“လူလူချင်း အချင်းချင်းပဲပေါ့ ခွဲခြားဆက်ဆံတာတွေ နည်းဖို့ပါပဲ။ သန်စွမ်းတာလည်း လူပဲ။ မသန်စွမ်းတာလည်း လူပဲ။ လူလူချင်း ခွဲခြားဆက်ဆံတာတွေမလုပ်ဖို့ ပြောချင်ပါတယ်။”

 

 

 

 

ကိုကျော်မင်းသိန်း

“ကျနော်တို့ ကြိုးစားချိန်မှာ၊ မဖြစ်သေးချိန်အတောအတွင်းမှာ အထင်သေးတဲ့စိတ်နဲ့ ခွဲခြားတာမျိုး ကျနော်တို့မသန်စွမ်းတွေက လူကောင်းတွေရဲ့ အသနားခံဘ၀လို့ ထင်ကြတာမျိုးပါ။ ကျနော်ဆိုရင်  ဒီဆိုင်စဖွင့်ကတည်းက ဘာကို စပြီးရင်ဆိုင်ရလဲဆိုတော့ ဆံပင်ညှပ်မယ်ဆိုပြီး ဧည့်သည်က ဝင်လာတယ်။ အဲ့အချိန်မှာ ဂျိုင်းထောက် ထောက်လိုက်တဲ့အချိန်မှာ ဘာဖြစ်သွားလဲဆိုတော့ မညှပ်တော့ဘူး။ မင်းညှပ်တယ်ဆို အဆင်မပြေဘူးဆိုပြီး ပြန်ထွက်သွားတယ်။ ဒီအပေါ်မှာ ပြန်ပါစေဆိုတဲ့ သဘောထားမျိုးမထားဘူး။ လာပါ၊ ကျနော်ကြိုးစားထားတဲ့ အရာလေးတော့ အသိအမှတ်ပြုပေးပါ။ ညှပ်ကြည့်ပါ။ ပြီးတော့မှ အဆင်မပြေရင် မပြေတဲ့အကြောင်းပြောပါ။ ဒီလိုအခြေအနေမျိုးမှာ ကြိုးစားခဲ့ရတယ်။”

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013