DVB Logo
Home
မြန်မာသတင်း
နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်ဆောင်ရွက်ခြင်းမှ အမေရိကန်ဒေါ်လာ ၁၄ သိန်းကျော်ရ
DVB
·
January 21, 2021
နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်ဆောင်ရွက်ခြင်းမှ အမေရိကန်ဒေါ်လာ ၁၄ သိန်းကျော်ရ
Donate to DVB

အန်အယ်ဒီအစိုးရလက်ထက် ၂၀၁၆ ခုနှစ်၊ ဇန်နဝါရီ ၁ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၂ ရက်အထိ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်ဆောင်ရွက်မှုကနေ နိုင်ငံခြားငွေ  အမေရိကန် ဒေါ် လာ ၁၄ သိန်းကျော် ရှိခဲ့တယ်လို့ သိရပါတယ်။

ဇန်နဝါရီ ၂၀ ရက်က နေပြည်တော် အလုပ်သမား၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာနမှာ ကျင်းပတဲ့  နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်စီမံခန့်ခွဲမှုကော်မတီ အစည်းအဝေး မှာ   ဒုတိယသမ္မတ ဦးဟင်နရီဗန်ထီးယူက အမှာစကားပြောကြားရာမှာ ထည့်သွင်း ပြောဆိုခဲ့တာ ပါ။

နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် ဆောင်ရွက်ပေးရာမှာ ကနဦးလျှောက်ထားခြင်းမှ အမေရိကန်ဒေါ်လာ ၁၅၀,၀၀၀၊ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ် လက်မှတ်နဲ့ ကတ်ပြား ထုတ်ပေးခြင်းမှ အမေရိကန်ဒေါ်လာ ၂၃၇,၅၀၀၊ နှစ်စဉ်သက်တမ်း ပြန်လည်အတည်ပြုခြင်းမှ အမေရိကန်ဒေါ်လာ ၁,၀၃၈,၆၀၀ ရရှိခဲ့တယ်လို့ ဆိုပါတယ်။

အစည်းအဝေးမှာ ဒုတိယသမ္မတက “ ၁၉၈၂ ခုနှစ် မြန်မာနိုင်ငံသားဥပဒေအရ နှစ်နိုင်ငံ သားစနစ်ကို ခွင့်ပြုထားခြင်းမရှိတဲ့အတွက် မြန်မာနိုင်ငံမှာ လာရောက်ရင်းနှီးမြှုပ်နှံလိုသူတွေနဲ့ ကျွမ်းကျင်ပညာရှင်တွေ၊ ကျွမ်းကျင်ပညာရှင်မဟုတ်ပေမဲ့ အမျိုးသားရင်ကြားစေ့ရေး လုပ်ငန်းစဉ်ပါ နိုင်ငံ့အကျိုးကို ဖော်ဆောင်လိုတဲ့ မြန်မာနိုင်ငံသားဟောင်းတွေနဲ့ ဆက်စပ် နိုင်ငံခြားသားတွေ၊ မှီခိုသူမိသားစုဝင်တွေ၊ တစ်ဖက်နိုင်ငံရဲ့ နိုင်ငံသားအဖြစ် ခံယူထားတာကို စွန့်လွှတ်စရာမလိုဘဲ မြန်မာနိုင်ငံရဲ့ ပြုပြင်ပြောင်းလဲရေးလုပ်ငန်းစဉ်တွေမှာ အရှိန်အဟုန်နဲ့ ပါဝင်ဆောင်ရွက်နိုင်မယ့်အပြင်  နိုင်ငံတော်ရဲ့ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးအတွက် နိုင်ငံခြားသား အမြဲနေထိုင်ခွင့်စနစ်ကို စတင်အကောင်အထည်ဖော် ဆောင်ရွက်ရခြင်းဖြစ်တယ်” လို့ ပြောပါတယ်။

အခုလိုဆောင်ရွက်ပေးရာမှာ ၂၀၁၆ ခုနှစ် ဇန်နဝါရီ ၁ ရက်မှ ၂၀၂၁ ခုနှစ် ဇန်နဝါရီ ၁၂ ရက် အထိလျှောက်ထားသူ ၄၃၄ ဦး ၊ ၂၀၁၅ ခုနှစ်မှ လျှောက်ထားသူအပါအဝင် ခွင့်ပြုသူ ၄၄၄ ဦး၊ ငြင်းပယ်ခဲ့သူ ၄ ဦး၊ စိစစ်ဆဲ ၁ ဦး ရှိပြီး အကြောင်းအမျိုးမျိုးကြောင့် လူတွေ့လာရောက် စစ်ဆေးခံရန် ၁၀ ဦး ရှိတယ်လို့ အစည်းအဝေးက သိရပါတယ်။

နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ဆိုင်ရာ နည်းဥပဒေတွေကို ၂၀၁၄ ခုနှစ်၊ နိုဝင်ဘာ ၁၈ ရက်မှာ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ပြီးနောက်  “နိုင်ငံခြားသားအမြဲ နေထိုင်ခွင့်ဆိုင်ရာ နည်းဥပဒေများကို ပြင်ဆင်သည့်နည်းဥပဒေများ” ထုတ်ပြန်ခဲ့ပါတယ်။

ဒီလိုထုတ်ပြန်ခဲ့ရာမှာ ပြည်ပရှိ မြန်မာသံရုံး၊ကောင်စစ်ဝန်ချုပ်ရုံးနဲ့ အဖွဲ့ရုံးတွေက နိုင်ငံခြား သားအမြဲနေထိုင်ခွင့်စနစ် လျှောက်ထားနိုင်မှုကို အဓိကပြင်ဆင် ဖြည့်စွက်ခဲ့တယ်လို့ သိရပါတယ်။

နိုင်ငံခြားသားအမြဲနေထိုင်ခွင့်ဆိုင်ရာ နည်းဥပဒေတွေကို ပြင်ဆင်ပြဋ္ဌာန်းလိုက်တာမို့ နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်လျှောက်ထားမှုကို စိတ်ဝင်စားမှု များပြားလာပြီး လျှောက်ထားသူ များလာတဲ့အတွက် ဥပဒေပါပြဋ္ဌာန်းချက်တွေနဲ့အညီ ဆက်လက်ခွင့်ပြုသွားမယ်လို့လည်း ဒုသမ္မတက ပြောပါတယ်။

လတ်တလောအချိန်အထိ စိစစ်ခွင့်ပြုပြီးသူ စုစုပေါင်းယနေ့အထိ ၆၁၇ ဦးရှိပြီး စိစစ်ထားတဲ့မိသားစုအပါအဝင် ဦးရေ ၇၀ ဦးကို  ကိုဗစ်-၁၉ရောဂါ ကင်းစင်ချိန်တွင်  လူတွေ့ စစ်ဆေးရန် စီစဉ်ထားတယ်လို့ သိရပါတယ်။

နိုင်ငံခြားသားအမြဲနေထိုင်ခွင့်စနစ်စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကို ပြည်ထောင်စု ဝန်ကြီးများဖြစ်တဲ့ ဒုတိယဗိုလ်ချုပ်ကြီး စိုးထွဋ်၊ ဦးစိုးဝင်း၊ ဦးသိန်းဆွေ၊ ဒေါက်တာမျိုးသိမ်းကြီး၊ ဒေါက်တာမြင့်ထွေးနှင့် ဦးဟန်ဇော်၊ ပြည်ထောင်စုရှေ့နေချုပ် ဦးထွန်းထွန်းဦး၊ ဒုတိယဝန်ကြီး ဦးမြင့်ကြိုင်၊ အမြဲတမ်းအတွင်းဝန်တွေ၊ ညွှန်ကြားရေးမှူးချုပ်တွေနဲ့ တာဝန်ရှိသူတွေ တက်ရောက်ခဲ့ ကြပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013