DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် ပုဂ္ဂလိက ကျွန်းစိုက်ခင်း ၉၉၄၈ ဧကနှင့် သစ်မာ ၄၃၀၀ ဧကကျော် စိုက်ပျိုးခွင့်ပြု
DVB
·
January 20, 2021
မကွေးတိုင်းတွင် ပုဂ္ဂလိက ကျွန်းစိုက်ခင်း ၉၉၄၈ ဧကနှင့် သစ်မာ ၄၃၀၀ ဧကကျော် စိုက်ပျိုးခွင့်ပြု
Donate to DVB

မကွေးတိုင်းဒေသကြီးမှာ ပုဂ္ဂလိကကျွန်းစိုက်ခင်း ၉၉၄၈ ဧကနဲ့ သစ်မာ ဧက ၄၃၀၀ ကျော်စိုက်ပျိုးခွင့် ပေးထားတယ်လို့ တိုင်းဒေသကြီး သစ်တောဦးစီးဌာနကနေ သိရပါတယ်။

မကွေးတိုင်းအတွင်းက လုပ်ငန်းရှင် ၁၆ ယောက်ကို ပုဂ္ဂလိကကျွန်း ၉၉၄၈ ဧကနဲ့ လုပ်ငန်းရှင် ၃၅၆ ယောက်ကို ပုဂ္ဂလိက သစ်မာ ၄၃၁၂ ဒသမ ၈၅ ဧက တည်ထောင်စိုက်ပျိုးခွင့်ပေးထားတယ် လို့  မကွေးတိုင်း သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးမောင်က ဒီဗွီဘီကို ပြောပါတယ်။

ပုဂ္ဂလိက ကျွန်းစိုက်ခင်းအနေနဲ့ ဂန့်ဂေါ ခရိုင်မှာ ဧက ၇၀၀၀ ကျော်၊ မကွေးခရိုင်မှာ ၁၅၀၀ ဧက၊ သရက်ခရိုင်မှာ ၈၁၈ ဧက၊ ပခုက္ကူခရိုင်မှာ ၃၀၀ ဧကနဲ့ မင်းဘူးခရိုင်မှာ ၂၅၀ ဧက စိုက်ပျိုးထားပြီးဖြစ်တယ်လို့ ဆိုပါတယ်။

ပုဂ္ဂလိက သစ်မာစိုက်ခင်းအနေနဲ့ကတော့ မကွေးခရိုင်မှာ ၂၀၉၅ ဒသမ ၈၅ ဧက၊ မင်းဘူးခရိုင်မှာ ၉၇၅ ဧက၊ ပခုက္ကူခရိုင်မှာ ၆၁၇ ဧက၊သရက်ခရိုင်မှာ ၄၇၀ ဧကနဲ့ ဂန့်ဂေါခရိုင်မှာ ၁၄၇ ဧက စိုက်ပျိုးထားတယ်လို့ ညွှန်ကြားရေးမှူးက ပြောပါတယ်။

အဲဒီ ပုဂ္ဂလိက ကျွန်း/သစ်မာစိုက်ခင်းတွေကို တိုင်းဒေသကြီးအနေနဲ့ လုပ်ငန်းရှင်တစ်ဦးကို ၅၀ ဧကခွင့်ပြုပေးပြီး ဧက ၅၀ ထက်ကျော်ပါက ပြည်ထောင်စုအဆင့်ရဲ့ ခွင့်ပြုချက်ရယူရမှာဖြစ်တယ်လို့ သိရပါတယ်။

ပုဂ္ဂလိက ကျွန်း/သစ်မာ စိုက်ပျိုးခြင်းအားဖြင့် သဘာဝပတ်ဝန်းကျင်ကိုလည်း ထိန်းသိမ်းပေး သလို ကမ္ဘာမှာ မြန်မာ့ကျွန်းဟာ နာမည်ကြီးပြီး အကျိုးအမြတ်ရှိကာ နိုင်ငံတော်အတွက်လည်းပြည်ပဝင်ငွေရရှိမှာဖြစ်တယ်လို့ တိုင်းဒေသကြီးသစ်တောဦးစီးဌာနကနေ သိရပါတယ်။

သတင်း-မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013