DVB Logo
Home
မြန်မာသတင်း
ပဲခူးတွင် ကိုဗစ်-၁၉ ပိုးတွေ့သူ ၃၀၀၀ ကျော်လာ၊ နိုင်ငံတဝန်း ထောင်ချီကူးစက်ခံမြို့နယ် ၃၇ ခုရှိ
DVB
·
January 20, 2021
ပဲခူးတွင် ကိုဗစ်-၁၉ ပိုးတွေ့သူ ၃၀၀၀ ကျော်လာ၊ နိုင်ငံတဝန်း ထောင်ချီကူးစက်ခံမြို့နယ် ၃၇ ခုရှိ
Donate to DVB

ပဲခူးတိုင်းဒေသကြီးမြို့တော် ပဲခူးမြို့မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၃,၀၀၀ ကျော်လာခဲ့ပြီး မြန်မာနိုင်ငံတဝန်းမှာတော့ ပိုးတွေ့လူနာ ထောင်ချီကူးစက်ခံမြို့နယ်ပေါင်း ၃၇ ခုထိ ရှိနေတယ်လို့ ကျန်းမာရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါ တယ်။

အဆိုပါ မြို့နယ် ၃၇ ခုထဲမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်ပေါင်း ၂၉ မြို့နယ်၊ မန္တလေးတိုင်းက ၅ မြို့နယ်၊ ရခိုင်ပြည်နယ်၊ ပဲခူးတိုင်းနဲ့ မွန်ပြည်နယ်တို့က ၁ မြို့နယ်စီ ပါဝင်လာခဲ့ပါတယ်။

အဲဒီထဲမှာ ပိုးတွေ့လူနာ ၆,၀၀၀ ကျော်တဲ့  မြို့နယ် ၁ ခု၊ ၅,၀၀၀ ကျော်တဲ့မြို့နယ် ၁ ခု၊ ၄,၀၀၀ ကျော်တဲ့ မြို့နယ် ၃ ခု၊ ၃,၀၀၀ ကျော်တဲ့ မြို့နယ် ၅ ခု၊ ၂,၀၀၀ ကျော်တဲ့ မြို့နယ် ၁၃ ခုနဲ့ ၁,၀၀၀ ကျော်တဲ့ မြို့နယ် ၁၄ ခု ပါဝင်နေတာ ဖြစ်ပါတယ်။

ပိုးတွေ့လူနာ ၆,၀၀၀ ကျော်နဲ့ ရောဂါကူးစက်မှုအများဆုံးမြို့နယ်ကတော့ မင်္ဂလာဒုံမြို့နယ်ဖြစ်ပြီး ၆,၀၃၄ ယောက် ကူးစက်ခံထားရကာ သူ့နောက်မှာတော့  မြောက်ဥက္က လာပမြို့နယ်က ၅,၈၄၀ ယောက်စီ အသီးသီးကူးစက်ခံထားရပါတယ်။

ပိုးတွေ့လူနာ ၄,၀၀၀ ကျော်တဲ့ မြို့နယ် ၃ ခုကတော့ ရန်ကုန်တိုင်းမြို့နယ်တွေ ဖြစ်တဲ့ လှိုင်သာယာ၊ အင်းစိန်၊ သင်္ဃန်းကျွန်းမြို့နယ်တွေဖြစ်ပြီး ပိုးတွေ့လူနာဦးရေ ၄,၈၁၁ ယောက်၊ ၄,၆၂၁ ယောက်၊ ၄,၅၄၉ ယောက်စီနဲ့ အသီးသီး ကူးစက်ခံထားရပါတယ်။

ပိုးတွေ့လူနာ ၃,၀၀၀ ကျော်တဲ့ မြို့နယ် ၅ ခုကတော့ ရန်ကုန်တိုင်းမြို့နယ်တွေ ဖြစ်တဲ့ မရမ်းကုန်း၊ ရွှေပြည်သာ၊ ဒဂုံမြို့သစ်(တောင်ပိုင်း)၊ တာမွေမြို့နယ်နဲ့ ပဲခူးတိုင်း မြို့တော် ပဲခူးမြို့တွေဖြစ်ပြီး ပိုးတွေ့လူနာ ဦးရေ ၃,၈၆၀ ယောက်၊ ၃,၈၀၀ ယောက်၊ ၃,၁၉၅ ယောက်၊ ၃,၀၂၂ ယောက်၊ ၃,၂၃၇ ယောက်စီနဲ့ အသီးသီး ကူးစက်ခံထားရပါတယ်။

ပိုးတွေ့လူနာ ၂,၀၀၀ ကျော်တဲ့ မြို့နယ် ၁၃ ခုထဲမှာတော့ ရန်ကုန်တိုင်းမြို့နယ် ၁၀ ခုဖြစ်တဲ့ တောင်ဥက္ကလာပ၊ လှိုင်၊ သန်လျင်၊ ကမာရွတ်၊ သာကေတ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ မှော်ဘီ၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ ကြည့်မြင်တိုင်၊ စမ်းချောင်းမြို့နယ်တွေ၊ မန္တလေးတိုင်းမြို့နယ် ၃ ခုဖြစ်တဲ့ ချမ်းအေးသာစံ၊ အောင်မြေသာစံနဲ့ မဟာအောင်မြေမြို့ နယ်တွေ ပါဝင်နေပါတယ်။

အဲဒီမြို့နယ်တွေနောက်မှာတော့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁,၀၀၀ ကျော်ရှိတဲ့ မြို့နယ် ၁၄ ခုအနေနဲ့ ရန်ကုန်တိုင်းမြို့နယ် ၁၀ ခုဖြစ်တဲ့ မင်္ဂလာတောင်ညွန့်၊ ဗဟန်း၊ ဒလ၊ ရန်ကင်း၊ လမ်းမတော်၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဗိုလ်တစ်ထောင်၊ လှည်းကူး၊ ဒေါပုံ၊ အလုံမြို့နယ်တွေ၊ မန္တလေးတိုင်းမြို့နယ် ၂ ခုဖြစ်တဲ့ ချမ်းမြသာစည်နဲ့ အမရပူရမြို့နယ်တွေ၊ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့နဲ့ မွန်ပြည်နယ်မြို့တော် မော်လမြိုင်မြို့တွေ ပါဝင်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး တကျော့ပြန်ကူးစက်မှုတွေနဲ့ အချိန် ၉ လကျော် ရှိလာခဲ့ချိန်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိုးတွေ့လူနာအရေအတွက် ၁၃၅,၀၀၀ ကျော် ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇန်နဝါရီ ၁၉ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ တနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း ၁၃၅,၂၄၃ ယောက်၊ သေဆုံးသူ ၂,၉၈၆ ယောက်နဲ့ ပိုးတွေ့ပြန်လည်သက်သာလာသူပေါင်း ၁၁၈,၆၅၇ ယောက် ရှိနေပါတယ်။

ပြည်နယ်နဲ့ တိုင်းအလိုက်ကြည့်မယ်ဆိုရင်တော့ ရန်ကုန်တိုင်းက လူနာအရေအ တွက် ၈၆,၀၀၀ ကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ပိုးတွေ့လူနာ အများဆုံးဖြစ် ကာ ဒုတိယနေရာမှာတော့ မန္တလေးတိုင်းက ပိုးတွေ့လူနာ ၁၆,၀၀၀ နီးပါးနဲ့ ပဲခူးတိုင်းက ပိုးတွေ့လူနာ ၈,၈၀၀ ကျော် ရှိနေပါတယ်။

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှု ဟာ တကမ္ဘာလုံးကပ်ရောဂါအသွင်ဆောင်လာခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၉၆ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေဆုံးသူ ၂  သန်းကျော်နဲ့ ရောဂါပျောက်ကင်းသက်သာသူ စုစုပေါင်း ၆၈ ဒသမ ၈ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013