DVB Logo
Home
Lead Story
ရန်ကုန်မြို့တွင် BYMA ဆောက်လုပ်ရေး အလုပ်သမား ရာနှင့်ချီ ဆန္ဒပြ (ဓာတ်ပုံ)
DVB
·
January 19, 2021
ရန်ကုန်မြို့တွင် BYMA ဆောက်လုပ်ရေး အလုပ်သမား ရာနှင့်ချီ ဆန္ဒပြ (ဓာတ်ပုံ)
1 / 6
Donate to DVB

လူမှုဖူလုံရေးကြေးနဲ့ လုပ်ခလစာ အပြည့်ရရေးအတွက် ဒီနေ့ နေ့လယ်ပိုင်းက ရန်ကုန်တိုင်း ပန်းပဲတန်းမြို့နယ်မှာ BYMA ဆောက်လုပ်ရေး အလုပ်သမားတွေ ရာနဲ့ချီပြီး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

အလုပ်သမားတွေဟာ သူတို့ရဲ့ လုပ်ငန်းခွင်ရှေ့ ဗိုလ်ချုပ်လမ်းမပေါ်မှာ ဆန္ဒထုတ်ဖော်ခဲ့တာ ဖြစ်ပြီး နှစ်လက်ပြေလည်ရေးအတွက် အလုပ်သမားအရာရှိနဲ့ သက်ဆိုင်ရာ အာဏာပိုင်တို့လည်း ရောက်ရှိနေကြပြီး ညှိနှိုင်းနေကြပါတယ်။

လူမှုဖူလုံရေး‌ကြေးတွေ မရရှိတာ၊ လုပ်ခလစာအပြည့်အဝမရရှိတာနဲ့ လုံခြုံရေးဝတ်စုံဖိုး ငွေကျပ် ၈၀၀၀၀ ဖြတ်တောက်ခဲ့တာကြောင့် အခုလို ဆန္ဒပြကြတာလို့ အလုပ်သမားတွေက ပြောပါတယ်။

သတင်း၊ဓာတ်ပုံ - ခင်ငြိမ်းချမ်း

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013