DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် ၅ နှစ်အတွင်း ရာဇဝတ်မှု ၁၅၉၀၀၀ ကျော်နှင့် တရားမမှု ၁၇၀၀၀ ကျော်ဖြစ်ပွား
DVB
·
January 19, 2021
မကွေးတိုင်းတွင် ၅ နှစ်အတွင်း ရာဇဝတ်မှု ၁၅၉၀၀၀ ကျော်နှင့် တရားမမှု ၁၇၀၀၀ ကျော်ဖြစ်ပွား
Donate to DVB

မကွေးတိုင်းဒေသကြီးမှာ ၅ နှစ်အတွင်း ရာဇဝတ်မှု ၁၅၉၀၀၀ ကျော် နဲ့ တရားမမှု ၁၇၀၀၀ ကျော်ဖြစ်ပွားခဲ့တယ်လို့ တိုင်းဒေသကြီး ဇန်နဝါရီ ၁၈ ရက်နေ့ မနက်ပိုင်းက ကျင်းပတဲ့ မကွေးတိုင်းဒေသကြီးလွှတ်တော်အထူးအစည်းဝေးမှာ တင်သွင်းခဲ့ပါတယ်။

တိုင်းဒေသကြီး တရားလွှတ်တော်အပါဝင် ခရိုင်တရားရုံး ၅ ရုံး၊ မြို့နယ်တရားရုံး ၂၅ ရုံးမှာ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ပြည့်နှစ်အထိ ရာဇဝတ်မှု ၁၅၉၀၀၀ ကျော်လက်ခံစစ်ဆေးခဲ့ပြီး အမှုပေါင်း ၁၅၅၀၀၀ ကျော် စစ်ဆေး ပြီးပြတ်ခဲ့တယ်လို့ မကွေးတိုင်းဒေသကြီးတရားလွှတ်တော် တရားသူကြီးချုပ် ဦးစိန်ထွန်းက ပြောပါတယ်။

တိုင်းဒေသကြီးအတွင်းက တရားရုံး ၃၁ ရုံးမှာ တရားမမှုအနေနဲ့ ၂၀၁၆ ခုနှစ်ကနေ ၂၀၂၀ ခုနှစ်အထိ အမှုပေါင်း ၁၇၀၀၀ လက်ခံခဲ့ပြီး ၁၅၀၀၀ ကျော်စစ်ဆေးပြီးပြတ်ခဲ့တယ်လို့ ဆိုပါတယ်။

တရားဥပဒေစိုးမိုးရေး လုပ်ငန်းတွေ လုပ်ဆောင်နိုင်အောင် တိုင်းဒေသကြီးအတွင်းက မြို့နယ် ၁၈ မြို့နယ်မှာ ဥပဒေအထောက်အကူပြုအဖွဲ့တွေ ဖွဲ့စည်းပေးခဲ့ပြီး ခရိုင်တရားရုံးစိုက်တဲ့ မြို့နယ် ၅ မြို့နယ်မှားလည်း ထပ်မံဖွဲ့စည်းပေးဖို့ စီစဥ်နေတယ်လို့ သိရပါတယ်။

မကွေးတိုင်းဒေသကြီးအတွင်းမှာရှိတဲ့ တရားသူကြီးတွေအနေနဲ့ ဥပဒေ လုပ်ထုံးလုပ်နည်း တွေနဲ့အညီ မှန်မှန်နဲ့ မြန်မြန် စစ်ဆေးနေပြီး တရားရုံးတွေအပေါ် ပြည်သူလူထု့ရဲ့ စိတ်ချယုံကြည်တဲ့ တရားစီရင်ရေးစနစ်ဖြစ်အောင်လုပ်ဆောင်ပေးနေတယ်လို့ တိုင်းဒေသကြီးတရားလွှတ်တော်ကနေ သိရပါတယ်။

သတင်း - မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013