DVB Logo
Home
မြန်မာသတင်း
ဧရာဝတီတိုင်းတွင် ၂၀၂၀ ခုနှစ်အတွင်း မိုးကြိုးပစ်ခံရမှုကြောင့် ၃၇ ဦးသေဆုံး
DVB
·
January 19, 2021
ဧရာဝတီတိုင်းတွင် ၂၀၂၀ ခုနှစ်အတွင်း မိုးကြိုးပစ်ခံရမှုကြောင့် ၃၇ ဦးသေဆုံး
Donate to DVB

ဧရာတိုင်းမှာ ၂၀၂၀ ပြည့်နှစ်အတွင်း မိုးကြိုးပစ်ခတ်မှု ၃၇ ကြိမ်အထိရှိခဲ့ပြီး လူအယောက် ၃၇ ဦး သေဆုံးကာ ၁၁ ဦး ဒဏ်ရာရှိခဲ့တယ်လို့ တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနက သိရပါတယ်။

မိုးကြိုးပစ်ခံရလို့ သေဆုံးဒဏ်ရာရရှိသွားသူတွေဟာ ပုသိမ်ခရိုင်မှာ ၈ ဦး၊ ဖျာပုံခရိုင်မှာ ၉ ဦး၊ လပွတ္တာခရိုင်မှာ ၆ ဦး၊ မအူပင်ခရိုင်မှာ ၄ ဦး ဟင်္သာတခရိုင်နဲ့ မြောင်းမြခရိုင်မှာ ၅ ဦးစီ သေဆုံးခဲ့တာပါ။

တိုင်းဒေသကြီးဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲမှုဦးစီးဌာန ညွှန်ကြားရေးမှူး ဦးစဝီလီဖရန့်က “ကွင်းပြင်တွေဖြစ်တဲ့အခါကျတော့ မိုးကြိုးပစ်ဖို့များတာပေါ့။ အီလက်ထရောနစ် ပစ္စည်းတွေ ကြောင့် မိုးကြိုးပစ်တဲ့သဘောလည်းရှိတယ် မိုးကြိုးဘေးကို ဂရုစိုက်သင့်ပါတယ်"လို့ ပြောပါတယ်။

မိုးကြိုးအပစ်ခံရမှုကြောင့် သေဆုံးခဲ့သူတွေအတွက် ၁ ဦးကို ၃ သိန်းနှုန်းနဲ့ ဒဏ်ရာရသူတွေအတွက် ၁ ဦးကို ၅ သောင်းနှုန်း ထောက်ပံ့ပေးအပ်ခဲ့တယ်လို့ ဆိုပါတယ်။

မိုးကြိုးအပစ်ခံရလို့ သေဆုံးသူတွေထဲမှာ တဝက်လောက်က လယ်ယာအလုပ်လုပ်ကိုင်သူတွေ ဖြစ်ပြီး ကျန်တဲ့လူတွေကတော့ ကွင်းပြင်ထဲသွားလာစဉ်မှာ အပစ်ခံရတာ များတယ်လို့ သိရပါတယ်။

ဧရာဝတီတိုင်းမှာ ၂၀၁၉ ခုနှစ်အတွင်း မိုးကြိုးပစ်ခံရမှုကြောင့် သေဆုံးသူဦးရေ ၁၃ ဦး နဲ့ ဒဏ်ရာရရှိသူ ၂ ဦးရှိခဲ့တယ်လို့ တိုင်းဒေသကြီး ဘေးအန္တရာယ်စီမံခန့်ခွဲမှုဦးစီးဌာနရဲ့ မှတ်တမ်းတွေအရ သိရပါတယ်။

သတင်း - မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013