DVB Logo
Home
Lead Story
ထီစျေးတင်ရောင်းနေမှု တာဝန်ရှိသူတွေ စိစစ်ကြီးကြပ်ပေးပါ
DVB
·
January 18, 2021
ထီစျေးတင်ရောင်းနေမှု တာဝန်ရှိသူတွေ စိစစ်ကြီးကြပ်ပေးပါ
Donate to DVB

ကျနော်ကတော့ အသက် ၆၀ အရွယ်ရှိ ရန်ကုန်တိုင်း သာကေတမြို့နယ်က အောင်ဘာလေထီ လက်လီအရောင်းသမားတဦးဖြစ်ပါတယ်။  အောင်ဘာလေထီတွေကို ထီဆိုင်ကြီးတွေကနေ အဆင်ပြေသလို ၀ယ်ယူရောင်းချပါတယ်။


အောင်ဘာလေသိန်းဆုဌာနမှ ကျပ်သိန်းတစ်သောင်းခွဲဆု ၁ ကြိမ်မြောက်ကနေ ၂၃ ကြိမ်မြောက်အထိကို ထီဆိုင်ကြီးတွေမှာ ထီတစ်စောင်ကို တစ်ထောင်ကျပ်စျေးနှုန်းအောက်စျေးနှုန်းနဲ့ ရောင်းချပေးခဲ့ပေမယ့် ၂၄ ကြိမ်မြောက်ထီစျေးနှုန်းမှာ ဇန်နဝါရီ ၁ ရက်ကနေစပြီး ထီလက်မှတ်တစ်စောင်နှုန်းကို ၁၀၀၀ ကျပ်ထက် ကျော်လွန်ပြီး ၁၀၄၀ ကျပ်၊ ၁၀၇၀ ကျပ်နှုန်းအထိ ရောင်းချနေပါတယ်။


ထီဆိုင်တွေက ထီရောင်းချပုံမှာ ဆိုင်ရှေ့မှာ ထီတစ်စောင် ၁၀၀၀ ကျပ်နှုန်း ရေးထားပေမယ့် သူတို့ငွေလက်ခံဖြတ်ပိုင်းဘောင်ချာမှာ တစ်စောင် ၁၀၀၀ ကျပ်နှုန်းနဲ့ ဘောင်ချာဖွင့်ပြီး ၁၀၀၀ ကျပ်ပိုသောငွေကို ဖြတ်ပိုင်းသတ်သတ်ဖြတ်ပေးပြီး ရောင်းချပါတယ်။


အဲဒီလို စျေးနှုန်းတင်ရောင်းချနေမှုကြောင့် ထီထိုးသူပြည်သူများလည်း ထီတစောင်ကို ၁၂၀၀ ကျပ်အထိ ပေးဝယ်ရပြီး ထီစျေးနှုန်းကြီးမြင့်မှုဒဏ်ကို ကြုံနေရသလို ကျနော်တို့လို လက်လီရောင်းချသူများလည်း ရောင်းချရခက်ခဲပါတယ်။


 

ဒါကြောင့် ထီစျေးတင်ရောင်းနေတဲ့ ထီကိုယ်စားလှယ်ဆိုင်ကြီးတွေကို သက်ဆိုင်ရာ တာဝန်ရှိသူတွေ စိစစ်ကြီးကြပ်ပေးဖို့နဲ့ ထီစျေးနှုန်း ကျဆင်းရေးအတွက် ဆောင်ရွက်ပေးဖို့ ဒီဗွီဘီကတဆင့် တင်ပြလိုက်ရပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013