DVB Logo
Home
မြန်မာသတင်း
အောင်ဘာလေအွန်လိုင်းထီကို ဆုကြေး ကျပ် သိန်း ၁,၅၀၀ ထိထိုးမြှင့် 
DVB
·
October 26, 2026
Photo: DVB
Photo: DVB
Donate to DVB

 

လာမဲ့ ၄၉ ကြိမ်မြောက် အောင်ဘာလေအွန်လိုင်းထီရဲ့ ဂျက်ပေါ့ဆုငွေကို ကျပ် သိန်း ၁,၅၀၀ ထိ တိုးမြှင့်သတ်မှတ်လိုက်ကြောင်း အောက်တိုဘာ ၂၆ ရက်နေ့ထုတ် စစ်အာဏာရှင်ဝါဒဖြန့် သတင်းစာမှာ ဖော်ပြပါတယ်။

လက်ရှိမှာ အက္ခရာ ၁ လုံးနဲ့ ဂဏန်း ၅ လုံးပါ အောင်ဘာလေအွန်လိုင်းသိန်းဆုထီကို ထိုင်းထီလို ၁ လ ၂ ကြိမ် ရောင်းချပေးနေတာ ဖြစ်ပါတယ်။

လစဉ် ၁ ရက်နေ့မှ ၁၅ ရက်အထိ ၁ ကြိမ်နဲ့ ၁၆ ရက်နေ့မှ လကုန်မတိုင်မီ ၁ ရက်အလိုအထိ ၁ ကြိမ် စုစုပေါင်း ၂ ကြိမ် ဖြစ်တယ်လို့ သိရပါတယ်၊

အောင်ဘာလေသိန်း အွန်လိုင်းထီဖွင့်ပွဲတွင် အမြင့်ဆုံးဆုကတော့ သိန်း ၁,၀၀၀ ဖြစ်ပြီး ၁ စောင်ကို  ကျပ် ၁,၀၀၀ နဲ့ အွန်လိုင်းကနေ ရောင်းချနေတာ ဖြစ်ပါတယ်။

လာမဲ့ နိုဝင်ဘာ ၁ ရက် နေ့လယ် ၂ နာရီမှာ စတင်ဖွင့်လှစ်မဲ့ ၄၉ ကြိမ်မြောက် အောင်ဘာလေအွန်လိုင်းထီရဲ့ ဆတိုးအထူးဆုကြီးကို ကျပ်သိန်း ၁,၅၀၀ ကျပ် ချီးမြှင့်သွားမှာပါ။

ဒီအောင်ဘာလေအွန်လိုင်းထီကို ၂၀၂၃ ခုနှစ် ဇွန် ၉ ရက်မှာ စတင် ဖွင့်လှစ်ခဲ့ပြီး အာဏာသိမ်းစစ်တပ်ပိုင် မိုင်တဲလ်နဲ့ စစ်အာဏာရှင်လက်အောက်ခံ ပြည်တွင်းအခွန်များဦးစီးဌာနတို့ အကျိုးတူ ပူးပေါင်းလုပ်ကိုင်တာ ဖြစ်ပါတယ်။

အောင်ဘာလေအွန်လိုင်းထီစနစ်ဟာ မိုဘိုင်းအပလီကေးရှင်းကနေ ထီလက်မှတ်ဝယ်ယူ ကံစမ်းတဲ့စနစ်ဖြစ်ပြီး ထီဆုငွေထုတ်ပေးရာမှာလည်း အီလက်ထရောနစ်ငွေပေးချေစနစ်ကို အသုံးပြုပြီး ပြန်ထုတ်ပေးသွားမယ်လို့ ပြည်တွင်းအခွန်များဦးစီးဌာနကနေ သိရပါတယ်။

အဆိုပါ အောင်ဘာလေထီနဲ့ အွန်လိုင်းထီကနေ ရရှိလာတဲ့အမြတ်ငွေတွေနဲ့ စစ်အာဏာရှင်တွေက လက်နက်ခဲယမ်း ၀ယ်ယူပြီး အရပ်သားပြည်သူတွေ အပေါ် ပစ်မှတ်ထား တိုက်ခိုက်နေတာ ဖြစ်လို့ ပြည်သူတွေအနေနဲ့ မဝယ်ယူဘဲ သပိတ်မှောက်ဖို့ တော်လှန်ရေးအင်အားစုတွေက နှိုးဆော် တိုက်တွန်းထားပါတယ်။

E- Lottery စနစ်ကို အရင် အန်အယ်လ်ဒီအစိုးရလက်ထက်မှာလည်း အကောင်အထည် ဖော်နိုင်ဖို့ လွှတ်တော်မှာ ဆွေးနွေးဖို့ စီစဉ်နေကြစဉ် စစ်တပ်က တရားမဝင် အာဏာသိမ်းယူခဲ့တာ ဖြစ်ပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက် အမျိုးသားညီညွတ်ရေးအစိုးရ (NUG) ကလည်း “အောင်လံလွှင့်ချီ နွေဦးထီ” အမည်နဲ့ အွန်လိုင်းထီစနစ်တခုကို စတင်အကောင်အထည်ဖော်ခဲ့ပြီး အမြင့်ဆုံးဆုကြေး သိန်း ၅,၀၀၀ ကြောင့် ယနေ့ထိ ၀ယ်ယူအားပေးမှု အများဆုံး ဖြစ်နေပါတယ်။

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013