
အာဂျင်တီးနား သတင်းထောက် မာဆယ်လို ဘီနီဒက်တိုဟာ ကမ္ဘာ့ဖလားဖွင့်ပွဲမှာ တိုက်ရိုက် ထုတ်လွှင့်နေရင်း ကိုလံဘီယာ ပေါ့ပ်အိုင်ကွန် ရှာကီယာနဲ့ ဓာတ်ပုံရိုက်ဖို့ သူ့နေရာကနေ ထွက်သွား ခဲ့ပါတယ်။
ဒီဖြစ်ရပ် ဗီဒီယိုဟာ လူမှုကွန်ရက်မှာ ပျံ့နှံ့ခဲ့ပြီး ပရိသတ်တွေရဲ့ စိတ်ဝင်စားမှုကို ရရှိခဲ့တာပါ။ တိုက်ရိုက်ထုတ်လွှင့်မှုကနေ ထွက်ခွာပြီး ဓာတ်ပုံရိုက်တာကို လူတွေက အတော်လေး သဘောကျခဲ့ ကြပါတယ်။
ရှာကီယာက မက္ကဆီကိုစီးတီးကွင်းမှာ ကမ္ဘာ့ဖလားသီချင်း 'Dai Dai' ကို ဖျော်ဖြေဖို့ ရောက်နေတာပါ။
သူကွင်းဘေးနား လျှောက်လာချိန်မှာ ဘီနီဒက်တိုက သူ့မိုက်ကို ချထားပြီး ဓာတ်ပုံရိုက်ဖို့ သွားတောင်းခဲ့တာ ဖြစ်ပါတယ်။ ရှာကီယာကလည်း ပျော်ပျော်ရွှင်ရွှင်ပဲ ဓာတ်ပုံရိုက်ပေးခဲ့ပါတယ်။ ပရိသတ်တွေကတော့ ဒီလိုအခွင့်အရေးမျိုး တသက်မှာ တခါပဲ ရတာလို့ မှတ်ချက်ပေးခဲ့ကြပါတယ်။
Photo:Reuters











