DVB Logo
Home
မြန်မာသတင်း
ရခိုင်နှင့်ဧရာဝတီကို ချိတ်ဆက်မည့် ၉၇ မိုင်ဝန်းကျင် မြေသားလမ်း စတင်
DVB
·
January 17, 2021
ရခိုင်နှင့်ဧရာဝတီကို ချိတ်ဆက်မည့် ၉၇ မိုင်ဝန်းကျင် မြေသားလမ်း စတင်
Donate to DVB

ရခိုင်ပြည်နယ်နဲ့ ဧရာဝတီတိုင်းဒေသကြီးကို ချိတ်ဆက်မယ့် ၉၇ မိုင်ဝန်းကျင် ကမ်းခြေပတ်လမ်း မြေသားလမ်း စတင်ဖောက်လုပ်နေပြီး ဧရာဝတီတိုင်းဒေသကြီးဘက်က လမ်းအရှည် ၈၇ မိုင်နဲ့ ရခိုင်ပြည်နယ်ဘက်က ၁၀ မိုင်ဝန်းကျင်ရှိတယ်လို့ သိရပါတယ်။

လျှပ်စစ်လမ်းပန်းဝန်ကြီးဦးဝင်းဌေးက “လမ်းကြောင်းတွေ ဖော်နေတယ်၊ မြေသားလမ်းတွေဖော်နေတဲ့ အဆင့်လုပ်နေတာ အားလုံး ၈၇ မိုင်ထဲမှာဆိုရင် တံတားအကြီးအသေး box culvert ကနေ ပေ ၂၀၀၀ ကျော်တဲ့ တံတားကြီးအထိ ၁၀၈ စင်းရှိတယ်” လို့ ပြောပါတယ်။

ကမ်းခြေပတ်လမ်း မြေသားလမ်းဖော်တဲ့ လုပ်ငန်းကို ပြည်သူ့ဆောက်လုပ်ဝန်ကြီးဌာန စက်ယန္တရားတွေနဲ့ လုပ်ဆောင်နေပြီးဖြစ်ပြီး ဧရာဝတီတိုင်းဒေသကြီးဘက်မှာ ရခိုင်ပြည်နယ်အစပ်ကနေ ဂေါ်ရင်ဂျီကျွန်းအထိ ၈၇ မိုင်ရှိတယ်လို့ သိရှိရပါတယ်။

ဝန်ကြီးဦးဝင်းဌေးက “ဘောမိချောင်းတံတား၊ သပေါ့ကန်တံတား၊ အဲဒီတံတားတွေ ပြီးသွားရင် ငရုတ်ကောင်းကနေ ရခိုင်အထိ သွားလို့ရမယ့် အနေအထားရှိတာပေါ့” လို့ ပြောပါတယ်။

ကမ်းခြေပတ်လမ်းမှာ ဧရာဝတီတိုင်းဒေသကြီးဘက်က တံတား ၁၀၈ စင်း လုပ်ဆောင်ရမည်ဖြစ်ပြီး ပေ ၂၀၀၀ ကျော်တံတား ၅ စင်းရှိပါတယ်။ တိုင်းဒေသကြီးဘက်ဂျက်နဲ့ ရွေသောင်ယံ၊ မကျည်းစင် တံတားတွေကို လုပ်ဆောင်ထားပြီးဖြစ်ပြီး ငရုတ်ကောင်းရှိ ချောင်းဝတံတားအား လုပ်ဆောင်နေတယ်လို့ ဆိုပါတယ်။

ဧရာဝတီတိုင်းလမ်းဦးစီးဌာန ညွှန်ကြားရေးမှူး ဦးရန်နိုင်ဇော်က “ကမ်းခြေပတ်လမ်း ဖော်ဆောင်ရာမှာ နဂိုရှိပြီးသားလမ်းတွေ၊ စည်ပင်သာယာက လမ်းတွေကို ကမ်းခြေပတ်လမ်းအဖြစ် သိမ်းသွင်းတာလည်း ပါပါတယ်။ လမ်းအူကြောင်း အသစ်အပိုင်းတွေလည်းပါပါတယ်။ နဂိုရှိပြီးသားလမ်းတွေ သိမ်းသွင်းတဲ့အခါမှာ လမ်းတွေကို အဆင့်လိုက် အဆင့်မြှင့်တင်သွားဖို့ရှိပါတယ်” လို့ ပြောပါတယ်။

ချောင်းသာ နဲ့ ဂွလမ်းပိုင်မှာ လမ်းမပေါက်သေးတဲ့ လမ်းအရှည်ခန့်မှန်း ၁၇ မိုင်လောက် ရှိကာ စက်ယန္တရားတွေရောက်တာ ရက်ပိုင်းသာရှိပြီး ပြည်သူတွေကိုလည်း လမ်းလုပ်ဆောင်မှုအား ရှင်းလင်းပွဲတွေ ပြုလုပ်သွားမယ်လို့ လမ်းဦးစီးဌာနက သိရပါတယ်။

မြေသားလမ်းတွေ အကောင်အထည်ဖော်ပြီးပါက လမ်းအဆင့်အတန်းတွေနဲ့အညီ ကွန်ကရစ်လမ်းတွေ၊ ကတ္တရာလမ်းတွေအဖြစ် လုပ်ဆောင်သွားမယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013