DVB Logo
Home
မြန်မာသတင်း
နေရပ်စွန့်သူများအတွက် ဆောက်ထားသည့် နေအိမ်နှင့်တန်းလျားများ ပြုပြင်ထိန်းသိမ်းရန် ကျပ် သိန်း ၁၄,၀၀၀ ကျော် သုံးခဲ့ရ
DVB
·
January 17, 2021
နေရပ်စွန့်သူများအတွက် ဆောက်ထားသည့် နေအိမ်နှင့်တန်းလျားများ ပြုပြင်ထိန်းသိမ်းရန် ကျပ် သိန်း ၁၄,၀၀၀ ကျော် သုံးခဲ့ရ
Donate to DVB

ရခိုင်ပြည်နယ်က နေရပ်စွန့်ခွာသူတွေအတွက် ဆောက်လုပ်ထားတဲ့ နေအိမ်နဲ့ တန်းလျားတွေ ပြုပြင်ထိန်းသိမ်းဖို့ ငွေကျပ် သိန်းပေါင်း ၁၄,၀၀၀ ကျော် သုံးခဲ့ရတယ်လို့ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနဲ့ ပြန်လည်နေရာချထားရေးဝန်ကြီးက ပြောပါတယ်။

နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေး၊ ပြန်လည်နေရာချထားရေးအတွက် တည်ဆောက်ထားတဲ့ အခြေခံအဆောက်အအုံတွေ ရေရှည်ကြံ့ခိုင်ရေးနဲ့ ပြန်လည်နေရာချထားရေးဆိုင်ရာ ကိစ္စရပ်တွေ ညှိနှိုင်းတဲ့ ဇန်နဝါရီ ၁၅ ရက် အစည်းအဝေးမှာ ပြောခဲ့တာပါ။

နေရပ်စွန့်ခွာသွားသူတွေ ပြန်ဝင်ရောက်လာချိန်မှာ လက်ခံဖို့ တောင်ပြို(လက်ဝဲ)၊ ငါးခူရ ပြန်လည်လက်ခံရေးစခန်းတွေနဲ့ ယာယီနေထိုင်နိုင်ဖို့ လှဖိုးခေါင်ကြားစခန်းတွေမှာ ယာယီတဲတန်းလျားတွေ ဆောက်ခဲ့တာပါ။

နေရပ်စွန့်ခွာသူတွေ ပြန်လည်နေရာချထားရေး လုပ်ငန်းကော်မတီဥက္ကဋ္ဌ ဒုတိယဝန်ကြီး ဦးစိုးအောင်ကလည်း နေအိမ်အများစုဟာ ပြင်းထန်တဲ့ ရာသီဥတုဒဏ်မခံရဘဲ ပျက်စီးတာတွေ ရှိနေပြီး အိမ်တွေဆောက်ရာမှာ ရခိုင်ပြည်နယ်က ဒေသခံတွေရဲ့ နေအိမ် ဆောက်လုပ်ထားတဲ့ ပုံစံဒီဇိုင်းနဲ့ နည်းပညာတို့ကိုပါ အခြေခံဆောက်လုပ်ဖို့ လိုတယ်လို့ ဆိုပါတယ်။

ဝန်ကြီးက ပြန်လည်လက်ခံရေး လုပ်ငန်းစဉ်တွေပြီးချိန်မှာ ပြန်လည်နေရာချထားရေးနဲ့ တဖက်နိုင်ငံကို မထွက်သွားဘဲ ဒေသတွင်းမှာ ကျန်နေတဲ့ နေရပ်စွန့်ခွာသူတွေအတွက် အိမ်တွေ၊ သောက်သုံးရေ၊ လျှပ်စစ်မီး၊ လမ်း၊ တံတား စတဲ့ အခြေခံအဆောက်အအုံတွေ တည်ဆောက်ရေးအတွက် UEHRD က ဦးဆောင်ပြီး တိုင်းနဲ့ ပြည်နယ် အစိုးရအဖွဲ့တွေ၊ ပြည်တွင်း၊ ပြည်ပစေတနာရှင်တွေ၊ ဒေါ်ခင်ကြည် ဖောင်ဒေးရှင်းနဲ့ မိတ်ဆွေနိုင်ငံတွေရဲ့ ကူညီထောက်ပံ့ လှူဒါန်းငွေကျပ် ၁၈ ဘီလီယံကျော် (သန်းပေါင်း ၁၈,၀၀၀ ကျော်) သုံးစွဲခဲ့ရတယ်လို့ ပြောပါတယ်။

တိုင်းရင်းသားတွေ၊ ဟိန္ဒူဘာသာဝင်တွေနဲ့ အစ္စလာမ်ဘာသာဝင်တွေအတွက် နေအိမ် ၁,၈၅၄ လုံး တည်ဆောက်ပေးခဲ့ပြီး   ၁,၂၉၄  လုံး   နေရာချထားပြီးပြီလို့ ပြောပါတယ်။

နေအိမ်နဲ့ တဲတန်းလျားတွေ ပြုပြင်ထိန်းသိမ်းတာအတွက် UEHRD ကော်မတီ ရန်ပုံငွေကနေ ငွေကျပ် ၁ ဒသမ ၄ ဘီလီယံကျော် (သိန်းပေါင်း ၁၄,၀၀၀ ကျော်) သုံးစွဲခဲ့ရတယ်လို့လည်း ဆိုပါတယ်။

အဲဒီ အဆောက်အအုံတွေရဲ့ လက်ရှိအခြေအနေနဲ့ ရေရှည်ကြံ့ခိုင်ရေးအတွက် ပြုပြင်ထိန်းသိမ်းတဲ့ လုပ်ငန်းတွေ၊ ပြန်လည်နေရာချထားရေးကိစ္စတွေဟာ အင်မတန် အရေးကြီးတာကြောင့် မြေပြင်မှာ လက်တွေ့ဆောင်ရွက်နေရတဲ့ အဖွဲ့အစည်းတွေက တာဝန်ရှိသူတွေနဲ့ ညှိနှိုင်းဆွေးနွေးဖို့ လိုတယ်လို့ နေရပ်စွန့်ခွာသူတွေ ပြန်လည်လက်ခံရေးနဲ့ ပြန်လည်နေရာချထားရေးကော်မတီ ဥက္ကဋ္ဌဖြစ်တဲ့ ပြည်ထောင်စုဝန်ကြီး ဒေါက်တာဝင်းမြတ်အေးက ပြောပါတယ်။

ပြန်လည်လက်ခံရေးစခန်းတွေမှာ ဆောက်ထားတဲ့ အိမ်တွေဟာ ယာယီနေထိုင်ဖို့ ရည်ရွယ်ပြီး ဆောက်ခဲ့တာဖြစ်လို့ တစတစ ပျက်စီးယိုယွင်းလာနေပြီး စေတနာရှင်တွေရဲ့ အလှူနဲ့ ဆောက်ထားတာဖြစ်လို့ ပျက်စီးဆုံးရှုံးတာနည်းအောင် ကြပ်မတ်ရမယ်လို့လည်း ပြောပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013