DVB Logo
Home
မြန်မာသတင်း
အရပ်သားကို ချောင်းမြောင်း ပစ်ခတ်ခြင်းမရှိခဲ့ဟု KNLA တပ်ဖွဲ့ ငြင်းဆို
DVB
·
January 17, 2021
အရပ်သားကို ချောင်းမြောင်း ပစ်ခတ်ခြင်းမရှိခဲ့ဟု KNLA တပ်ဖွဲ့ ငြင်းဆို
1 / 2
Donate to DVB

KNLA တပ်ဖွဲ့က တပ်မတော်ကို ပစ်ခတ်ရာမှာ ကျည်လမ်းကြောင်းလွဲပြီးနောက် ကလေးငယ် ဦးခေါင်းအား ရှပ်ထိသွားတာ ဖြစ်တယ်လို့ ဖာပွန်ဆက်ဆံရေးရုံးတာဝန်ခံ ဗိုလ်မှူးစောအယ်ဒိုထူးက ဒီဗွီဘီကို ပြောပါတယ်။

ကရင်ပြည်နယ် မဲဝိုင်အနီးရှိ တပ်မတော်စခန်းရဲ့ တောင်ဘက် မဲဝိုင်ဘုန်းတော်ကြီးကျောင်းမှာ နေထိုင်တဲ့ အသက် ၁၂ နှစ်အရွယ် မောင်မိုးအောင်ဟာ KNLA တပ်မဟာ ၅ က ပစ်ခတ်တဲ့ သေနတ်ကျည်ဆန်ထိမှန်ပြီး ဆေးဝါးကုသမှု ခံယူနေရတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးက ဇန်နဝါရီလ ၁၅ ရက်နေ့ ညနေပိုင်းက သတင်းထုတ်ပြန်ခဲ့တဲ့အပေါ် KNLA က အခုလို တုံ့ပြန်ခဲ့တာပါ။ 

[caption id="attachment_434854" align="alignleft" width="430"] ကျည်ရှပ်ထိမှန်သည့် ကလေးငယ်အား KNLA တပ်မဟာ ၅ တပ်ရင်း ၁၀၂ စစ်ဆေးရုံတွင် ကုသပေးနေစဉ်[/caption]

အဲဒီ သေနတ်ထိမှန်ခဲ့တဲ့ ကလေးငယ်မိဘတွေနဲ့ အဆက်အသွယ်ရထားသလို ကလေးငယ်ကိုလည်း ဇန်နဝါရီလ ၁၆ ရက်နေ့က KNLA တပ်မဟာ ၅ တပ်ရင်း ၁၀၂ စစ်ဆေးရုံမှာ ကုသပေးနေပြီး စိုးရိမ်စရာမရှိဘူးလို့ ဖာပွန်ဆက်ဆံရေးရုံးတာဝန်ခံက ပြောပါတယ်။ 

ဇန်နဝါရီလ ၁၅ ရက်နေ့မှာ တိုက်ပွဲဖြစ်တာမျိုး မရှိခဲ့ဘဲ အရပ်သားတွေကို ပစ်ခတ်ဖို့ အောက်ခြေကို ညွှန်ကြားထားတာမျိုးလည်း မရှိဘူးလို့ KNLA တပ်မဟာ ၅ ဗျူဟာမှူး ထူးကရှောက ဒီဗွီဘီကို ပြောပါတယ်။ 

တပ်မတော်ဘက်ကတော့ မဲဝိုင်အနီး သတ်မှတ်နယ်မြေ ကျော်လွန်ကာ ပုံမှန်အုပ်ချုပ်ရေးလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို မကြာခဏ နှောင့်ယှက်ပစ်ခတ်တာမျိုး ရှိပြီး ဒီဇင်ဘာကနေ အခုချိန်ထိ ၁၅ ကြိမ်လောက် ပစ်ခတ်ခဲ့တယ်လို့ ပြောဆိုထားပါတယ်။ 

KNLA ဘက်ကလည်း တပ်မတော်ဟာ အရပ်သားကလေးတွေကို အသုံးပြုပြီး တောနင်းသွားလာတာတွေ လုပ်ဆောင်နေကာ ကလေးတွေကို အကာအကွယ်လိုမျိုး အသုံးပြုနေတယ်လို့ စွပ်စွဲပြောဆိုထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013