DVB Logo
Home
မြန်မာသတင်း
KNLA ပစ်ခတ်မှုကြောင့် ကလေးငယ်ဦးခေါင်း ကျည်ထိမှန်ဟု တပ်မတော် ထုတ်ပြန်
DVB
·
January 16, 2021
KNLA ပစ်ခတ်မှုကြောင့် ကလေးငယ်ဦးခေါင်း ကျည်ထိမှန်ဟု တပ်မတော် ထုတ်ပြန်
Donate to DVB

ကရင်ပြည်နယ် မဲဝိုင်အနီးရှိ တပ်မတော်စခန်းရဲ့ တောင်ဘက် မဲဝိုင်ဘုန်းတော်ကြီးကျောင်းမှာ နေထိုင်တဲ့ အသက် ၁၂ နှစ်အရွယ် မောင်မိုးအောင်ဟာ KNLA တပ်မဟာ ၅ က ပစ်ခတ်တဲ့ သေနတ်ကျည်ဆန်ထိမှန်ပြီး ဆေးဝါးကုသမှု ခံယူနေရတယ်လို့ တပ်မတော် သတင်းမှန်ပြန်ကြားရေးက ဒီကနေ့ ညနေပိုင်းက သတင်းထုတ်ပြန်ပါတယ်။ 

ဇန်နဝါရီ ၁၅ ရက် မနက် ၁၁ နာရီ မိနစ် ၂၀ လောက်က ဘုန်းတော်ကြီးကျောင်းနဲ့ မီတာ ၃၀ လောက် အကွာမှာ သင်္ဘောသီးခူးနေတုန်း အနောက်တောင်ဘက် မီတာ ၇၅၀ လောက်ကနေပြီး KNLA တပ်မဟာ ၅ တပ်ဖွဲ့ဝင် သုံးဦးလောက်က လက်ဖြောင့်သေနတ်နဲ့ ၁ ချက်ပစ်ခတ်ခဲ့ရာ ခေါင်းကို ကျည်ဆန် ရှပ်ထိမှန်ခဲ့တယ်လို့ ဖော်ပြထားပါတယ်။ 

ကျည်ထိမှန်ဒဏ်ရာရရှိခဲ့တဲ့ မောင်မိုးအောင်ကို တပ်မတော်စခန်း လုံခြုံရေးတပ်ဖွဲ့က လိုအပ်တဲ့ ဆေးဝါးကုသမှုတွေ ပေးနေတယ်လို့ ဆိုပါတယ်။

KNLA တပ်မဟာ ၅ အဖွဲ့အနေနဲ့ မဲဝိုင်အနီး သတ်မှတ်နယ်မြေကျော်လွန်ကာ ပုံမှန်အုပ်ချုပ်မှုလုပ်ငန်းတွေ ဆောင်ရွက်နေတဲ့ လုံခြုံရေးတပ်ဖွဲ့ဝင်တွေကို မကြာခဏ နှောင့်ယှက်ပစ်ခတ်ရာမှာ ဒီဇင်ဘာလကနေ အခုချိန်ထိ ချောင်းမြောင်းပစ်ခတ် တိုက်ခိုက်မှု ၁၅ ကြိမ် ပြုလုပ်ခဲ့တယ်လို့ ပြောပါတယ်။ 

ဒီပစ်ခတ်မှုနဲ့ ပတ်သက်လို့ KNLA တပ်မဟာ ၅ ကို ဒီဗွီဘီက ဆက်သွယ်မေးမြန်းနေဆဲ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013