DVB Logo
Home
မြန်မာသတင်း
TNLA တပ်ဖွဲ့က ၁ လကျော်ကြာ ဖမ်းထားသည့် စံပြမုန့်တိုက်ပိုင်ရှင် ပြန်လွတ်
DVB
·
January 16, 2021
TNLA တပ်ဖွဲ့က ၁ လကျော်ကြာ ဖမ်းထားသည့် စံပြမုန့်တိုက်ပိုင်ရှင် ပြန်လွတ်
Donate to DVB

တအာင်းအမျိုးသား လွတ်မြောက်ရေးတပ်မတော် (TNLA) က ၁ လကျော်ကြာ ဖမ်းဆီးထားတဲ့ မန္တလေးတိုင်း မိုးကုတ်မြို့နယ်က စံပြမုန့်တိုက်ပိုင်ရှင်ဦးကျော်ဝင်းဟာ မနေ့ညက ပြန်လွတ်လာပြီလို့ သိရပါတယ်။

ဇန်နဝါရီလ ၁၅ ရက်နေ့ ည ၇ နာရီက နေအိမ်ကို ပြန်လည်ရောက်ရှိလာတာဖြစ်ပြီး တွေ့ခွင့်မရသေးတာကြောင့် ထိခိုက်ဒဏ်ရာရှိတာမျိုး မသိရသေးပေမယ့် ကျန်းမာတယ်လို့ သိရကြောင်း လူ့အခွင့်အရေးနဲ့တရားမျှတရေး တနိုင်ငံလုံးတာဝန်ခံ ကိုဂျင်မီက ပြောပါတယ်။

စံပြမုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းကို ဒီဇင်ဘာ ၄ ရက်နေ့က အောင်ချမ်းသာစျေးအနီးက ဗိုလ်အောင်ကျော်လမ်းမှာ လက်နက်ကိုင်တစုက ဖမ်းဆီးသွားခဲ့တာပါ။

ဦးကျော်ဝင်းကို အခွန်ကိစ္စနဲ့ပတ်သက်ပြီး ဖမ်းဆီးထားတာလို့ TNLA တပ်ဖွဲ့က မီဒီယာတွေကို ပြောကြားထားပါတယ်။

ဒီကိစ္စတွေနဲ့ပတ်သက်ပြီး လက်နက်ကိုင် ဆက်ကြေးတောင်းတာတွေ ရပ်တန့်ပေးဖို့ မြို့မိမြို့ဖတွေက စာထုတ်တောင်းဆိုတာမျိုးတွေရှိခဲ့သလို ​မိုးကုတ်မြို့ လုံခြုံရေးအထောက်အကူပြုအဖွဲ့ကနေလည်း ကန့်ကွက်ခဲ့ပါတယ်။

စံပြမုန့်တိုက်ပိုင်ရှင် ဦးကျော်ဝင်းအား ဖမ်းဆီးထားသူတွေကို ရာဇသတ်ကြီးဥပဒေ ပုဒ်မ ၃၆၄ နဲ့ အမှုဖွင့်ထားတယ်လို့ မိုးကုတ်မြို့မရဲစခန်းကနေ သိရပါတယ်။

သတင်း - ဟန်နာထက်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013