DVB Logo
Home
မြန်မာသတင်း
အင်းတော်ကြီး အာရှရေပျော်ငှက်စာရင်းကောက်ယူမှု ကောင်ရေ ၂၂,၀၀၀ ကျော်မှတ်တမ်းတင်နိုင်
DVB
·
January 15, 2021
အင်းတော်ကြီး အာရှရေပျော်ငှက်စာရင်းကောက်ယူမှု ကောင်ရေ ၂၂,၀၀၀ ကျော်မှတ်တမ်းတင်နိုင်
1 / 5
Donate to DVB

ကချင်ပြည်နယ်၊ အင်းတော်ကြီး ဇီဝအဝန်းနယ်မြေမှာ အာရှရေပျော်ငှက်စာရင်းစု ပေါင်းကောက်ယူမှုမှ ငှက်ကောင်ရေ ၂၂,၀၀၀ ကျော် မှတ်တမ်းတင်နိုင်ခဲ့တယ်လို့ Asian Waterbird Census-Myanmar က သတင်းထုတ်ပြန်ပါတယ်။

အရှေ့အာရှနဲ့ သြစတြေးလျ၊ ပစိဖိတ်အနောက်တောင်ပိုင်းကျွန်းနိုင်ငံတွေ ပါဝင်တဲ့ ရေပျော်ငှက်တွေပျံသန်းရာလမ်းကြောင်း-East Asian_Australasian Flyway(EAAF) မှာ ပျံသန်းနေကြတဲ့ ငှက်မျိုးစိတ် ၄၃ မျိုးကို မှတ်တမ်းတင်နိုင်ခဲ့ပြီး ထူးခြားမှုအနေနဲ့ မနှစ်က အကောင်ရေ ၁,၃၀၀ လောက်သာ ကောက်ယူနိုင်ခဲ့တဲ့ Grey-legged goose ငှက်မျိုးစိတ်ကို အခုနှစ်မှာတော့ ကောင်ရေ ၄,၈၀၀ လောက် ကောက်ယူနိုင်ခဲ့တယ်လို့ ဆိုပါတယ်။

ဒီစာရင်းကောက်ယူမှုကိုတော့ ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၃ ရက်က အင်းတော်ကြီးဘေးမဲ့တော၊ မိုးညှင်းတက္ကသိုလ် သတ္တဗေဒဌာန၊ Friends Of Wildlife-FOW အဖွဲ့၊ Fauna & Flora International (FFI) အဖွဲ့နဲ့ အင်းချစ်သူအဖွဲ့တို့မှ အဖွဲ့ဝင် ၃၀ ကျော်က စုပေါင်း ကောက်ယူခဲ့ကြတာပါ။

အာရှရေပျော်ငှက်စာရင်း စုပေါင်းကောက်ယူတာကို ၂၀၁၇ ခုနှစ်က စတင်ကာ ရမ် ဆာဒေသတွေဖြစ်တဲ့ အင်းတော်ကြီးအင်း၊ အင်းလေးကန်၊ မိုးယွန်းကြီးအင်းနဲ့ မြန်မာ နိုင်ငံအလယ်ပိုင်းရှိ ထိန်းသိမ်းရေးအတွက် အရေးကြီးဒေသတွေဖြစ်တဲ့ ပုလိပ်အင်းနဲ့ ပြူကန်တို့မှာ ငှက်ပညာရှင်တွေ၊ ငှက်ကြည့်ဝါသနာရှင်တွေက ဆောင်ရွက်ခဲ့ကြတာ ဖြစ်ပါတယ်။

အင်းတော်ကြီးဒေသဟာ ၂၀၁၃ ခုနှစ်က အာဆီယံအမွေအနှစ်ဥယျာဉ်အဖြစ်သတ် မှတ်ခံခဲ့ရပြီး ၂၀၁၆ ခုနှစ်မှာ ရမ်ဆာရေဝပ်ဒေသ (Ramsar Site) အဖြစ် သတ်မှတ်ခံထားရတာပါ။ ၂၀၁၇ ခုနှစ်မှာတော့ အင်းတော်ကြီးဘေးမဲ့တောနဲ့ ပတ်ဝန်းကျင်ဒေသကို ဇီဝအဝန်းနယ်မြေအဖြစ် သတ်မှတ်ခံခဲ့ရပြီး လက်ရှိမှာ နိုင်ငံပေါင်း ၁၂၀ ရှိ ဇီဝအဝန်းနယ်မြေ ၆၆၉ ခုတို့နဲ့ ကွန်ရက်ချိတ်ဆက်လုပ်ဆောင်နေတာ ဖြစ်ပါတယ်။

မနှစ်က အာရှရေပျော်ငှက်စာရင်းစုပေါင်းကောက်ယူတာကိုတော့ ငှက်ပညာရှင်၊ ငှက်ကြည့်ဝါသနာရှင် ၁၃၅ ‌ယောက် စုပေါင်းဆောင်ရွက်ခဲ့ကြပြီး အင်းတော်ကြီးအင်းမှာ  ရေငှက်နဲ့ ရေ၀ပ်ဒေသမှီခိုကျက်စားတဲ့ ငှက်မျိုးစိတ် ၅၃ မျိုး၊ အကောင်ရေ ၂၅,၀၀၀ ကျော်အပါအ၀င် ငှက်မျိုးစိတ်ပေါင်း ၉၃ မျိုး၊ အင်းလေးကန်မှာ ရေငှက်မျိုးစိတ်စုစုပေါင်း ၃၆ မျိုး၊ ရေငှက်ကောင်ရေအရေအတွက် ၁၃၂၇၁ ကောင်နဲ့ ရေဝပ် ဒေသမှီခိုကျက်စားတဲ့ ကုန်းငှက်မျိုးစိတ်စုစုပေါင်း ၅၅ မျိုး၊ ကောင်ရေအရေအတွက် ၂၀၁၅ ကောင်၊ မိုးယွန်းကြီးအင်းမှာ ရေငှက်နဲ့ ရေ၀ပ်ဒေသမှီခိုကျက်စားတဲ့ငှက်မျိုးစိတ် ၃၅ မျိုး၊ အကောင်ရေ ၁၅,၀၀၀ ကျော်အပါအ၀င် ငှက်မျိုးစိတ်ပေါင်း ၈၄ မျိုး၊ ပုလိပ်အင်းမှာ ရှားပါးမျိုးစိတ် ပို့ချပ်ခေါင်းစိမ်းအပါအဝင် ရေငှက်မျိုးစိတ် ၃၂ မျိုး၊ ငှက်ကောင်ရေ ၁,၅၀၀ ကျော်နဲ့ ပြူကန်မှာ ရေငှက်မျိုးစိတ် ၂၉ မျိုး၊ ငှက်ကောင်ရေ ၁,၁၀၀ ကျော်ကို မှတ်တမ်းတင်နိုင်ခဲ့တာ ဖြစ်ပါတယ်။

အခုနှစ်မှာတော့ ကိုဗစ်-၁၉ ကပ်ဘေးကာလ ရောဂါကာကွယ်တားဆီးရေး အစီ အစဉ်တွေကြောင့ေ အင်းတော်ကြီးနဲ့ မိုးယွန်းကြီးတို့မှာသာ ကောက်ယူနိုင်မှာဖြစ်ပြီး ကျန် တဲ့နေရာတွေမှာ ကောက်ယူနိုင်မှာ မဟုတ်ဘူးလို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013