DVB Logo
Home
မြန်မာသတင်း
ကချင်ပြည်နယ်တွင် ကျပ်သိန်း ၂,၄၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
DVB
·
January 15, 2021
ကချင်ပြည်နယ်တွင် ကျပ်သိန်း ၂,၄၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးများ ဖမ်းမိ
Donate to DVB

ကချင်ပြည်နယ်၊ ရွှေကူ၊ ဖားကန့်နဲ့ မံစီမြို့နယ်တို့မှာ ကျပ်သိန်း ၂,၄၀၀ ကျော် တန်ဖိုးရှိ မူးယစ်ဆေးဝါးတွေ ဖမ်းဆီးရမိခဲ့တယ်လို့ မြန်မာနိုင်ငံ မူးယစ်ဆေးဝါး အလွဲသုံးစားမှု ထိန်းချုပ်ရေး ဗဟိုကော်မတီက ထုတ်ပြန်ပါတယ်။

ဇန်နဝါရီ ၁၃ ရက် ညနေ ၄ နာရီလောက်က မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေ ပါဝင်တဲ့ ပူးပေါင်းအဖွဲ့ဟာ သတင်းအရ သက်သေတွေနဲ့ ရွှေကူမြို့နယ်၊ စီမော်ကျေးရွာအုပ်စု၊ မိုးကင့် ကျေးရွာ၊ နန့်ကျနီရွှေမှော်သွားတောလမ်းမှာ နော်လီအောင် ၁၅ နှစ်နဲ့ ယော်ထုန် ၃၅ နှစ်တို့ မောင်းနှင်တဲ့ မော်တော်ဆိုင်ကယ်တို့အား ရပ်တန့်စစ်ဆေးရှာဖွေရာ နော်လီအောင် မောင်းနှင်တဲ့ ဆိုင်ကယ်ခွကြား ဆာလာအိတ်အတွင်းက ကျပ်သိန်း ၇၈၀ တန်ဖိုးရှိ ဘိန်းဖြူအလေးချိန် ၁ ဒသမ ၃၂ ကီလို၊ စိတ်ကြွရူးသွပ်ဆေးပြား ၃၉၀၀၀ ပြား ဖမ်းဆီးမိခဲ့ပါတယ်။

ယော်ထုန် မောင်းနှင်တဲ့ ဆိုင်ကယ်ခွကြား ဆာလာအိတ်အတွင်းမှာတော့ ကျပ် ၅၂၈ သိန်း တန်ဖိုးရှိ ဘိန်းဖြူအလေးချိန် ၁ ဒသမ ၃၂ ကီလို ဖမ်းဆီးမိခဲ့တာပါ။ 

အလားတူ ဇန်နဝါရီ ၁၃ ရက်နေ့ ည ၆ နာရီခွဲကလည်း ဖားကန့်မြို့နယ်၊ ကာမိုင်းနယ်မြေရဲတပ်ဖွဲ့ဝင်တွေဟာ ဖားကန့်မြို့နယ်၊ ၈ မိုင်-ကာမိုင်း သွားကားလမ်းမှာ ဇော်ဇော်လင်း မောင်းနှင်လာတဲ့ ဆိုင်ကယ်ခွကြားကနေ ကျပ် ၃၄၆ သိန်းခွဲ တန်ဖိုးရှိ ဘိန်းဖြူအလေးချိန် ၄၉၅ ဂရမ် ဖမ်းဆီးမိခဲ့ပါတယ်။

ဇန်နဝါရီ ၁၂ ရက် ညနေ ၃ နာရီကလည်း မူးယစ်ဆေးဝါးတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ဝင်တွေဟာ မံစီမြို့နယ်၊ ဟန်ထက်ကျေးရွာနဲ့ မန်ရကျေး ရွာသွားလမ်းမှာ ရဲဝင်း ၂၀ နှစ်မောင်းနှင်ပြီး မအမ်မင် ၃၆ နှစ် စီးနင်းလိုက်ပါလာတဲ့ မော်တော် ဆိုင်ကယ်နဲ့ အိုက်မန် မောင်းနှင်တဲ့ မော်တော်ဆိုင်ကယ်တို့အား စစ်ဆေးရန်ရပ်တန့်ခိုင်းစဉ် အိုက်မန် မှာ ဆိုင်ကယ်အားလှဲချကာ ထွက်ပြေးသွားပါတယ်။

ရဲဝင်းနှင့် မအမ်မင် တို့စီးနင်းတဲ့ ဆိုင်ကယ်ခွကြားကနေ ကျပ်သိန်း ၇၇၀ တန်ဖိုးရှိ ဘိန်းဖြူအလေးချိန် ၁ ဒသမ ၁ ကီလိုနဲ့ မြန်မာငွေကျပ် ၁၆၀,၀၀၀ တို့အား သိမ်းဆည်းရမိခဲ့ပါတယ်။ 

မူးယစ်ဆေးတွေနဲ့ ဖမ်းဆီးမိခဲ့သူတွေကို မြို့နယ်တွေရဲ့ ရဲစခန်းအသီးသီးမှာ မူးယစ်ဆေးဝါးနဲ့ စိတ်ကိုပြောင်းလဲစေသော ဆေးဝါးများဆိုင်ရာ ဥပဒေနဲ့ အမှုဖွင့်အရေးယူထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013