DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်းမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင် ၄ ဦး ရိုက်နှက်မှုဖြင့် အမှုဖွင့်ခံရ 
DVB
·
January 14, 2021
ဝမ်းတွင်းမြို့နယ်တွင် ရဲတပ်ဖွဲ့ဝင် ၄ ဦး ရိုက်နှက်မှုဖြင့် အမှုဖွင့်ခံရ 
Donate to DVB

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ခင်ကြီးရွာမှာ အရက်မူးပြီးဆဲနေသူကို သွားရောက်ဖမ်းဆီးခဲ့တဲ့ ရဲတပ်ဖွဲ့ဝင် ၄ ယောက်ကို ရိုက်နှက်မှုနဲ့ အမှုဖွင့်ထားတယ်လို့ ဝမ်းတွင်းမြို့မရဲစခန်းကနေ သိရပါတယ်။

ဝမ်းတွင်းမြို့မရဲစခန်း တာဝန်ကျရဲတပ်ဖွဲ့ဝင်တစ်ဦးက  "အရက်မူးပြီး ဆူပူသောင်းကျန်းနေ တယ် လာတိုင်လို့ သွားဖမ်းတာ ထွက်ပြေးသွားတယ်။ အပြန် အရက်ဆိုင်ရှေ့ကအဖြတ် ရဲတွေကိုဆဲနေလို့ ဖမ်းပြီး ဆိုင်ကယ်နဲ့ ခေါ်လာတယ် ရုန်းကန်နေတော့ ဆိုင်ကယ်လဲပြီး သတိမေ့သွားတာကို ရိုက်နှက်ပါတယ် ဆိုပြီး အမှုဖွင့်ခံရတာပါ"လို့ ပြောပါတယ်။

ခင်ကြီးရွာမှာ အမျိးသားတစ်ဦး အရက်မူးပြီး ဆူပူနေလို့ ထိန်းသိမ်းဖမ်းဆီးပေးဖို့ တိုင်ကြားလာတာကြောင့် နယ်ထိန်း ရဲတပ်သား ဟိန်းထက်နေဇော်ပါ ၄ ယောက်ဟာ ခင်ကြီးရွာကို သွားခဲ့ရာ မူးယစ်ဆူပူနေသူထွက်ပြေးသွားလို့ ဖမ်းဆီးနိုင်ခဲ့ခြင်းမရှိပါဘူး။

ဒါကြောင့် ရွာကနေပြန်လာစဉ် လမ်းမှာ အရက်ဆိုင်ရှေ့အဖြတ်မှာ အနိုင်(ခ)မင်းနိုင်(၃၆နှစ်)က ဆဲဆိုနေတာကြောင့် ရဲက ဝင်ရောက် ဖမ်းဆီးထိန်းသိမ်းခဲ့တယ်လို့ သိရပါတယ်။ 

ဒီနောက် အနိုင်(ခ)မင်းနိုင်ဟာ ဝမ်းတွင်းဆေးရုံကို ဒဏ်ရာတွေနဲ့ သတိမေ့မြောလျက် ရောက်ရှိလာခဲ့ပြီး ဝမ်းတွင်းဆေးရုံနေ  မန္တလေးဆေးရုံကို လွှဲပြောင်းပေးခဲ့ကာ ဦးခေါင်းခွဲစိပ် ကုသနေရပါတယ်။

ခင်ကြီးရွာနေကိုတင့်လွင်က "မူးဆူနေတယ်ဆိုပြီး အတိုင်ခံရတာက တစ်ယောက် ရိုက်နှက်ခံရတာက တစ်ယောက်ပါ။ လူနာက မန္တလေးဆေးရုံမှာ ခွဲစိပ်ကုသနေရတယ်။ ဇန်နဝါရီ ၁၁ ရက်နေ့ညက ဖြစ်တာ ၃ ရက်ရှိပြီ ဒီနေ့အထိတော့ သတိမရသေးဘူး။ ရဲတွေကိုဆဲလို့ ဆိုပြီး ထိုးကြိတ်ရိုက်နှက် လိုက်တာပါ။ ရွာကလူတွေ အကုန်သိပါတယ်"လို့ ပြောပါတယ်။

ဒီဖြစ်ရပ်နဲ့ ပတ်သက်ပြီး အနိုင်(ခ)မင်းနိုင်ရဲ့ အစ်မဖြစ်သူက တရားလိုလုပ်ပြီး နယ်ထိန်းရဲတပ်သား ဟိန်းထက်နေဇော်ပါ ၄ ဦးကို အမြင့်ဆုံးပြစ်ဒဏ် ထောင် ၇ နှစ်အထိကျနိုင်တဲ့ တုံးသောလက်နက်နဲ့ အပြင်းအထန် နာကျင်စေမှု၊ အားပေးကူညီမှု ရာဇသတ်ကြီး ပုဒ်မ ၃၂၅/၁၁၄ နဲ့ အမှုဖွင့်ထားပါတယ်။

သတင်း၊ ဓာတ်ပုံ-မောင်မောင်လင်း

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013