DVB Logo
Home
မြန်မာသတင်း
ပုသိမ်တွင် ကိုဗစ်-၁၉ လူနာ ၇၀၀ ကျော်ရှိလာ၊ အထည်ချုပ်စက်ရုံများပိတ်သိမ်းမည် မဟုတ်ဟု ဆို 
DVB
·
January 14, 2021
ပုသိမ်တွင် ကိုဗစ်-၁၉ လူနာ ၇၀၀ ကျော်ရှိလာ၊ အထည်ချုပ်စက်ရုံများပိတ်သိမ်းမည် မဟုတ်ဟု ဆို 
Donate to DVB

ဧရာဝတီတိုင်း၊ ပုသိမ်မြို့မှာ  အထည်ချုပ်စက်ရုံလုပ်သားတွေအပါအဝင် ကိုဗစ်-၁၉ အတည်ပြုလူနာ ၇၀၀ ကျော်ထိရှိပေမဲ့ အထည်ချုပ်စက်ရုံတွေကိုတော့ ပိတ်သိမ်းမှာ မဟုတ်ဘူးလို့ တိုင်းပြည်သူ့ကျန်းမာရေးဦးစီးဌာန တာဝန်ရှိသူက ပြောပါတယ်။

ပုသိမ်မြို့မှာ အထည်ချုပ်စက်ရုံ ၉ ရုံရှိပြီး ရောဂါကူးစက်ခံရတဲ့ အလုပ်သမားတွေရှိပေမဲ့ အများပြည်သူစားဝတ်နေရေးအတွက် စက်ရုံပိတ်သိမ်းမှာ မဟုတ်ဘူးလို့ တိုင်းပြည်သူ့ ကျန်းမာရေး ဦးစီးမှူး ဒေါက်တာ သန်းထွန်းအောင်က ပြောပါတယ်။

“အထည်ချုပ်စက်ရုံဝန်ထမ်းတွေမှာ ကိုဗစ်ပိုး တွေ့ရှိမှုဟာ သူတို့နေထိုင်ရာ အဆောင်၊ ရပ်ကွက်လိုနေရာမျိုးကနေ ကူးစက်တာပဲ တွေ့ရ ပါတယ်။ သူတို့နဲ့ ထိစပ်မှုရှိတဲ့ Contact တွေကိုလည်း ကျနော်တို့ ကွာရန်တင်းအကုန်ထည့်ပါတယ်။ စက်ရုံတွေကကျတော့ အများပြည်သူ စားဝတ်နေရေးအတွက် ပိတ်ထားလို့ မဖြစ်ပါဘူး" လို့ ပြောပါတယ်။

အထည်ချုပ်စက်ရုံ ၉ ရုံမှာ ကိုဗစ်-၁၉ ရောဂါကူးစက်ခံရသူ ၁၀ ယောက်ကျော် အထိ ရှိလာပေမဲ့ စက်ရုံမှာ အလုပ်ဆင်းနေရသူတွေအတွက် အလုပ်အကိုင် အခွင့်အလမ်းမပျက်စီးအောင်နဲ့ ရောဂါကူးစက် ပြန့်ပွားမှုလည်းမရှိအောင် ဆောင်ရွက်နေတယ်လို့ ဆိုပါတယ်။

ပုသိမ်မြို့အတွင်းက အထည်ချုပ်စက်ရုံတွေကို ဧရာဝတီတိုင်းကျန်းမာရေးဌာနနဲ့  အလုပ်သမားညွှန်ကြားမှု ဦးစီးဌာနတို့ ပူးပေါင်းစစ်ဆေးကာ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ ညွှန်ကြားချက်အတိုင်း ဆောင်ရွက်နိုင်မှု (A) အဆင့်ရရှိတဲ့ စက်ရုံတွေကိုသာ နိုဝင်ဘာလဆန်းပိုင်းက စတင်ကာ ပြန်လည်ဖွင့်လှစ်ခွင့် ပေးခဲ့တာပါ။

အဆိုပါ အထည်ချုပ်စက်ရုံတွေမှာ  ဒီဇင်ဘာလက စတင်ကာ ကိုဗစ်-၁၉ ပိုးတွေ့လူနာတွေ စုစုပေါင်း အယောက် ၂၀ တွေ့ရှိခဲ့ပြီး သူတို့တွေရဲ့ မိသားစုဝင်တွေနဲ့ ထိစပ်မိသူတွေကိုတော့ အသွားအလာကန့်သတ်ထားပါတယ်။

သတင်း - မင်းထက်မုန်း (ပုသိမ်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013