DVB Logo
Home
မြန်မာသတင်း
မကွေးတိုင်းတွင် တစ်နှစ်အတွင်း တရားမဝင်သစ် တန် ၁၇၀၀ ကျော်ဖမ်းဆီးရမိ
DVB
·
January 13, 2021
မကွေးတိုင်းတွင် တစ်နှစ်အတွင်း တရားမဝင်သစ် တန် ၁၇၀၀ ကျော်ဖမ်းဆီးရမိ
Donate to DVB

မကွေးတိုင်းဒေသကြီးမှာ ပြီးခဲ့တဲ့ ၂၀၂၀ ပြည့်နှစ်က  တရားမဝင်သစ် တန်ချိန် ၁၇၇၄ ဒသမ ၇၂၂ တန် ဖမ်းဆီးရမိခဲ့တယ်လို့ တိုင်းဒေသကြီး သစ်တော ဦးစီးဌာနကနေ သိရပါတယ်။

သရက်ခရိုင်မှာ  ၆၈၇ တန်ကျော်၊ ဂန့်ဂေါခရိုင်မှာ ၄၄၆ တန်ကျော်၊ ၃၃၄ တန်ကျော်၊ မင်းဘူးခရိုင်မှာ ၂၂၀ တန်ကျော်နဲ့ မကွေးခရိုင်မှာ ၈၆ တန်ကျော် ဖမ်းဆီးရမိပြီးတော့ သရက်ခရိုင်က အများဆုံးဖမ်းမိတာလို့ မကွေးတိုင်းဒေသကြီး သစ်တောဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဌေးမောင်က ပြောပါတယ်။

"ဖမ်းမိတဲ့ သစ်တွေကတော့ ကျွန်း၊ သစ်မာနဲ့အခြားသား သစ်လုံး ခွဲသားတွေဖြစ်ပြီးတော့ အခြားသားအများဆုံး ဖမ်းမိတာ ဖြစ်ပြီးတော့ သစ်ဖမ်းဆီးရာမှာ ပူးပေါင်းပါဝင်တဲ့ပြည်သူတွေနဲ့ ဝန်ထမ်းတွေကိုလည်း နိုင်ငံတော်က ဆုချီးမြှင့်ပေးတယ်” လို့ ပြောပါတယ်။

တရားမဝင်သစ်တွေ ဖမ်းဆီးနိုင်ရေးအတွက်  နယ်မြေအလိုက် ဆောင်ရွက်နေပြီး ပွင့်လင်းရာသီမှာ သစ်မှောင်ခို ခိုးထုတ်နိုင်တဲ့ လမ်းတွေကို မြေတူးစက်တွေနဲ့ ဖျက်ဆီးတာတွေ လုပ်ဆောင်နေတယ်လို့  ညွှန်ကြားရေးမှူး က ပြောပါတယ်။

ပြုန်းတီးသွားတဲ့ သစ်တွေကိုပြန်လည်အစားထိုးနိုင်ဖို့ ပုဂ္ဂလိက ကျွန်း၊ သစ်မာ စိုက်ခင်း၊ ရေဝေရေလဲစိုက်ခင်း၊ ကျေးရွာသုံးထင်းစိုက်ခင်းတွေအပြင် သက်ဆိုင်ရာမြို့နယ်အလိုက် (MRP) မြန်မာနိုင်ငံသစ်တောများ ပြန်လည်ထူထောင်ရေး စီမံကိန်းလုပ်ငန်းတွေ လုပ်ဆောင်နေတယ်လို့ တိုင်းဒေသကြီးသစ်တောဦးစီးဌာနကနေ သိရပါတယ်။

သတင်း - မင်းထီး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013