DVB Logo
Home
မြန်မာသတင်း
ဘားအံတွင် ကရင်နှစ်သစ်ကူးနေ့အခမ်းအနား အကျဉ်းချုံးကျင်းပ
DVB
·
January 13, 2021
ဘားအံတွင် ကရင်နှစ်သစ်ကူးနေ့အခမ်းအနား အကျဉ်းချုံးကျင်းပ
1 / 10
Donate to DVB

ကရင်​သက္ကရာဇ် ၂၇၆၀ ပြည့်နှစ်၊  ကရင်နှစ်သစ်ကူးနေ့ အလံတင် အခမ်းအနားနဲ့ ကရင်ပြည်နယ်နေ့ အခမ်းအနားကို ဘားအံ့မြို့ရှိ  ကရင်ပြည်နယ်အစိုးရအဖွဲ့ရုံး မြက်ခင်းပြင်မှာ ကျင်းပပါတယ်။

မနက် ၆ နာရီမှာ အခမ်းအနားကို ကရင်ရိုးရာကျွဲချိုမှုတ်ပြီး ဖားစည်တီးကာ ဖွင့်လှစ်တာ၊  အလံလွှင့်တင်တာ၊ တက်ရောက်လာသူတွေက ကရင်အလံကို အလေးပြုတာ၊ နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်၊ ပြည်နယ်ဝန်ကြီးချုပ်တို့ထံက ပေးပို့တဲ့ သဝဏ်လွှာတွေကို ဖတ်ကြားခဲ့ပါတယ်။

ဆက်လက်ပြီး ကရင်အလံတော်သမိုင်း၊ ကရင်အမျိုးသားနေ့ဖြစ်ပေါ်လာပုံကို ဗမာ၊ ပိုးကရင်၊ စကောကရင် ဘာသာနဲ့ ဖတ်ကြားခဲ့ပါတယ်။

ကိုဗစ်ကပ်ဘေးကာလဖြစ်လို့ အခမ်းအနားကို ကျန်းမာရေးဝန်ကြီးဌာနက သတ်မှတ်ထားတဲ့ စည်းမျဉ်းစည်းကမ်းအတိုင်း အကျဉ်းချုံး ကျင်းပခဲ့တာလည်းဖြစ်ပါတယ်။

သတင်း- ရဲမင်းခေါင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013