DVB Logo
Home
မြန်မာသတင်း
မြန်မာယာဉ်မောင်းများကို တရုတ်ဘက်က ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကျော့ထိုးနှံပေး
DVB
·
January 12, 2021
မြန်မာယာဉ်မောင်းများကို တရုတ်ဘက်က ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကျော့ထိုးနှံပေး
Donate to DVB

တရုတ်အစိုးရက  မူဆယ်၊ မန့်ဝိန်းကားဂိတ်မှာရှိတဲ့  မြန်မာ အစားထိုး ယာဉ်မောင်း ၁၁ ဦးကို ဇန်နဝါရီ ၁၁ ရက်မနက်က ကိုဗစ်-၁၉ ကာကွယ်ဆေး ဒုတိယအကျော့ ထိုးနှံ ပေးခဲ့တယ်လို့  နယ်စပ်မှာ တာဝန်ကျ အမှတ် ၁၂၅ ယာဉ်ထိန်းရဲတပ်ဖွဲ့မှ တပ်ကြပ် ဦးမျိုးမင်းသူက ဒီဗွီဘီကို ပြောပါတယ်။

ရှန်တိန် ယာဉ်မောင်းတွေ ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးမှာမို့ မြန်မာ-တရုတ် နယ်စပ်ရဲ့ အဓိကကုန်သွယ်ရာဂိတ်ဖြစ်တဲ့ မန့်ဝိန်းပေါက်ကို ဇန်နဝါရီ ၁၁ ရက် မနက် ၁၀ နာရီမှ ၁၁ နာရီထိ အဝင်အထွက် ခေတ္တပိတ်ထားခဲ့ရတယ်လို့ မူဆယ်ယာဉ်ထိန်း တပ်ဖွဲ့ထံက သိရပါတယ်။

“မန်ဝိန်းပေါက် ရှန်တိန်တွေကို  ကိုဗစ်ကာကွယ်ဆေး ဒုတိယအကြိမ် ထိုးနေလို့ ကားကြီး ဝင်၊ ထွက်မှု ကြန့်ကြာနေပါတယ်။” လို့ မူဆယ် မန့်ဝိန်းဂိတ်ပေါက် ရောက်နေတဲ့ ကုန်တင်ယာဉ်မောင်း ကိုဇောကြီးက ပြောပါတယ်။

ကာကွယ်ဆေးထိုးမယ့် လူဦးရေ အတိအကျမသိသေးကြောင်း၊ တရုတ်ဘက်က ထိုးပေးမှာ ဖြစ်တဲ့အတွက် ဆေးထိုးဖို့ လက်ခံဖို့ကတော့ ကာယကံရှင်နဲ့သာ သက်ဆိုင်ကြောင်း မူဆယ်ခရိုင် ပြန်ကြားရေးဌာနမှ ခရိုင်ဦးစီးဌာနမှူး ဦးအယ်လ်စိုးထန်တူးက  ပြောပါတယ်။

မြန်မာနိုင်ငံသားတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးလိုပါက မြန်မာဘက်မှ သက်ဆိုင်ရာတာဝန်ရှိသူတွေထံ အသိပေး အကြောင်းကြားဖို့ နှစ်နိုင်ငံ တာဝန်ရှိသူတွေ ဆွေးနွေးတောင်းဆိုထားပါတယ်။

 ဒါပေမဲ့ မြန်မာရှန်တိန် ကားသမားတွေ  ၁၄ ရက်မြောက်နေမှာ ကာကွယ်ဆေး ဒုတိယကျော့ ပြန်ထိုးတဲ့ကိစ္စကို တရုတ်ဘက်က အကြောင်းကြားလာတာမရှိဘူးလို့ မူဆယ်ဆေးရုံအုပ်ကြီး ဒေါက်တာဟန်နိုင်စိုးက ဒီဗွီဘီကိုပြောပါတယ်။

တရုတ်ကျောင်း ကွာရန်တင်းစင်တာ တာဝန်ခံ ဦးမန်းမျိုးမြင့် ကလည်း “မသိသေးဘူး။ ကျနော်တောင်  မသိသေးဘူး။ ငါတို့ဘက်ကို တရားဝင် အကြောင်းမကြားဘူး။ သူတို့က လုပ်ချင်ရာလုပ်တာ"လို့ ပြောပါတယ်။

တရုတ်နိုင်ငံသားတွေနဲ့ အနီးကပ်ထိတွေ့ အလုပ်လုပ်ရတဲ့ မြန်မာ-တရုတ်နယ်စပ် အဝင်အထွက် အစားထိုး ခေါက်တို မြန်မာယာဉ်မောင်းတွေကို ၂၀၂၀ ဒီဇင်ဘာ ၂၇ ရက်နေ့က ၂၃ ဦးနဲ့ ၂၉ ရက်နေ့က ၁၈ ဦး၊ စုစုပေါင်း ရှန်တိန်သမား ၄၁ ဦးကို တရုတ်ဘက်မှ ကိုဗစ်ကာကွယ်ဆေး ပထမကျော့  ထိုးပေးခဲ့တာလည်း ဖြစ်ပါတယ်။

ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးဟာ ၁၄ ရက် သီတင်းနှစ်ပတ်လောက်ခြားပြီး   နှစ်ကြိမ် ထိုးနှံဖို့လိုအပ်တာဖြစ်ပါတယ်။ 

သတင်း - Pra Jaw

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013