DVB Logo
Home
မြန်မာသတင်း
လေကြောင်းပို့ဆောင်ရေးဌာန အထွေထွေမန်နေဂျာကို အဂတိလိုက်စားမှုဖြင့် အရေးယူ
DVB
·
January 11, 2021
လေကြောင်းပို့ဆောင်ရေးဌာန အထွေထွေမန်နေဂျာကို အဂတိလိုက်စားမှုဖြင့် အရေးယူ
Donate to DVB

အမေရိကန်ဒေါ်လာ ၇၂၀၀၀ ကျော်လာဘ်ငွေ ရယူခဲ့တယ်ဆိုပြီး လေကြောင်းပို့ဆောင်ရေး ညွှန်ကြားမှုဦးစီးဌာနမှ အထွေထွေမန်နေဂျာ ဦးစိုးပိုင်ကို အဂတိလိုက်စားမှုတိုက်ဖျက်ရေးဥပဒေနဲ့ အမှုဖွင့်လှစ် အရေးယူထားကြောင်း အဂတိလိုက်စားမှုတိုက်ဖျက်ရေးကော်မရှင်က   ဇန်နဝါရီ ၁၁ ရက်မှာ ထုတ်ပြန်ပါတယ်။


လေကြောင်းပို့ဆောင်ရေးညွှန်ကြားမှု ဦးစီးဌာနမှာ ဌာနဆိုင်ရာ အကြီးအကဲရာထူးနဲ့ လုပ်ပိုင်ခွင့်အာဏာကို အသုံးချပြီး ကိုယ်ကျိုးစီးပွားရှာ မမှန်မကန် ဆောင်ရွက်နေတာကို အရေးယူပေးဖို့  တိုင်ကြားချက်အရ ကော်မရှင်က စုံစမ်းစစ်ဆေးရေးအဖွဲ့ ဖွဲ့စည်း စစ်ဆေးအရေး ယူခဲ့တာလို့ ဆိုပါတယ်။


အထွေထွေမန်နေဂျာ ဦးစိုးပိုင်ဟာ တာဝန်ထမ်းဆောင်စဉ် ကိုယ်ပိုင်စီးပွားရေးအသွင် ဆောင်ရွက်ကာ ပြည်ပ Agent (operator)တွေထံနေ လေကြောင်းဖြတ်ကျော် ပျံသန်းခွင့်ပါမစ် အမြန်ရရှိအောင် ဆောင်ရွက်ခအနေနဲ့ permit နံပါတ်တစ်ခုကို USD 100, USD 60, USD 40 စသဖြင့် ပေးဖို့ ဦးစိုးပိုင် အမည်နဲ့ ဖွင့်ထားတဲ့ email ကို အသုံးပြု၍ အကြောင်းကြားခဲ့တာ စစ်ဆေးတွေ့ရှိတယ်လို့ဆိုပါတယ်။


 ပြည်ပ Agent (operator) ၁၂ ခု တို့က အလီလီ ပေးပို့တဲ့ အမြန်ဆောင်ရွက်ခ အပါအဝင် အမေရိကန် ဒေါ်လာ ၇၂၀၆၆ ကို ဦးစိုးပိုင် အမည်နဲ့ ဖွင့်လှစ်ထားတဲ့ ပြည်ပနိုင်ငံရှိ Bank အကောင့်သို့ ပေးသွင်းစေခဲ့ခြင်း၊ ငွေကြေးတွေ လက်ခံရယူခဲ့ခြင်းတို့ ဆောင်ရွက်ခဲ့တာ စစ်ဆေးပေါ်ပေါက်ခဲ့တယ်လို့လည်း ဆိုပါတယ်။


ဒါ့ကြောင့် ဦးစိုးပိုင် အပေါ် အဂတိ လိုက်စားမှု တိုက်ဖျက်ရေးဥပဒေ ပုဒ်မ ၅၆ အရ ရန်ကုန်တိုင်း၊ မင်္ဂလာဒုံ မြို့မရဲစခန်းမှာ ဇန်နဝါရီ ၁၁ ရက်က  ပထမသတင်းပေး တိုင်ကြားချက် ဖွင့်လှစ် တရားစွဲဆို အရေးယူနိုင်ရေး ဆောင်ရွက်နေတယ်လို့ ကော်မရှင် ထုတ်ပြန်ချက်အရ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013