
အာဂျင်တီးနားဂန္ထဝင် လီယွန်နယ်မက်ဆီဟာ နက်ရှ်ဗီးလ် အသင်းနဲ့ကစားတဲ့ ကွန်ကာကပ်ဖ်ချန်ပီယံများဖလား ပွဲစဉ်မှာ အင်တာမိုင်ယာမီအတွက် အဖွင့်ဂိုး သွင်းယူပေးခဲ့ပြီးနောက် ကစားသမားဘဝ သွင်းဂိုး ၉၀၀ ပြည့်မြောက်သွားပြီ ဖြစ်ပါတယ်။
ဒါဟာ စီရော်နယ်လ်ဒို ပြီးရင် ဘောလုံး သမိုင်းတလျှောက် ဒုတိယမြောက် ဂိုး ၉၀၀ ပြည့်တဲ့ ကစားသမား ဖြစ်လာတာပါ။
အသက် ၃၈ နှစ်အရွယ် မက်ဆီဟာ အင်တာမိုင်ယာမီကို ပြောင်းရွှေ့လာပြီးကတည်းက ၉၂ ပွဲမှာ ၈၁ ဂိုးအထိ သွင်းယူထားနိုင်တာပါ။
သူ့ရဲ့ ကစားသမားဘဝတလျှောက်မှာ ဘာစီလိုနာအတွက် ၆၇၂ ဂိုး၊ PSG အတွက် ၃၂ ဂိုးနဲ့ အာဂျင်တီးနား လက်ရွေးစင်အသင်းအတွက် ၁၁၅ ဂိုး သွင်းယူထားပါတယ်။
အချက်အလက်တွေအရ မက်ဆီဟာ သွင်းဂိုး ၉၀၀ မှာ ၇၅၅ ဂိုးကို ဘယ်ခြေနဲ့ သွင်းခဲ့တာဖြစ်ပြီး ပြစ်ဒဏ်ဘော (Free-kick) ကနေ ဂိုး ၇၀ အထိ သွင်းယူထားပါတယ်။










