DVB Logo
Home
မြန်မာသတင်း
ဝမ်းတွင်း ညောင်ပင်လှရွာ လျှပ်စစ်မီးလင်းရေးကော်မတီဝင် ၂ ဦးအား အလွဲသုံးစားမှုဖြင့် အမှုဖွင့် 
DVB
·
January 9, 2021
ဝမ်းတွင်း ညောင်ပင်လှရွာ လျှပ်စစ်မီးလင်းရေးကော်မတီဝင် ၂ ဦးအား အလွဲသုံးစားမှုဖြင့် အမှုဖွင့် 
Donate to DVB

မန္တလေးတိုင်း၊ ဝမ်းတွင်းမြို့နယ်၊ ဒိုင်ကောင်းကုန်းကျေးရွာအုပ်စု၊ ညောင်ပင်လှရွာ လျှပ်စစ်မီးလင်းရေးကော်မတီဝင် ၂ ဦးအား ငွေကြေးအလွဲသုံးစားမှူနဲ့ ဇန်နဝါရီ ၈ ရက်နေ့က အမှူဖွင့် ဖမ်းဆီးလိုက်တယ်လို့ ရွှေတောင်ရွာရဲစခန်းက ပြောပါတယ်။


  ရွှေတောင်ရွာရဲစခန်းတာဝန်ကျ ရဲအရာရှိ ၁ ဦးက "ဟုတ်ပါတယ်၊ ရာဇသတ်ကြီးပုဒ်မ ၄၀၆ နဲ့ အမှူဖွင့်ပါတယ်။ အကြံတောင်းတင်တော့ ရာဇသတ်ကြီးပုဒ်မ ၄၀၉ ဖြစ်သွားလို့ ချုပ်ရက် ရမန်ယူထားပါတယ်" လို့ ပြောပါတယ်။


  ဝမ်းတွင်းမြို့နယ်မှာ ကျေးရွာပေါင်း ၂၁၈ ရွာရှိတဲ့အနက် ရွာ ၁၆၀ ကျော်၊ တမြို့နယ်လုံးရဲ့ ၇၄ ရာခိုင်နှူန်းလောက် လျှပ်စစ်မီးရနေပြီလို့ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာဦသန်းလှိူင်က ပြောပါတယ်။


ညောင်ပင်လှရွာမှာ အိမ်ထောင်စု ၄၂၈ စုရှိနေပြီး အိမ်ထောင်စု ၃၁၆ အိမ် လျှပ်စစ်မီးလင်းနေပြီဖြစ်ပြီး လျှပ်စစ်မီးလင်းရေးကော်မတီကို ၉ ဦးနဲ့ ဖွဲ့စည်းခဲ့ပါတယ်။ 


တအိမ်ထောင်ကို မီတာနဲ့ မီးကြိုးမပါ လျှပ်စစ်မီးလင်းရေးရန်ပုံငွေ ၄ သိန်း ကောက်ခံလုပ်ဆောင်ခဲ့ရာ လျှပ်စစ်မီးလင်းရေးကော်မတီဥက္ကဋ္ဌ ဦးလှအောင်နဲ့ အတွင်းရေးမှူး ဦးမြသင်းတို့ဟာ လျှပ်စစ်မီးလင်းရေးရန်ပုံငွေ ၂၇၄ သိန်းအား ကော်မတီရဲ့ ဘဏ္ဍရေးမှူးနဲ့ ဘဏ်ကို မအပ်နှံဘဲ လက်ဝယ်ကိုင်ဆောင်သုံးစွဲခဲ့တာကြောင့် ညောင်ပင်လှရွာနေ ဦးလှငွေက တရားလိုလုပ်ပြီး အလွဲသုံးစားမှုနဲ့ တိုင်တန်း အမှူဖွင့်ခဲ့တာပါ။


ရွှေတောင်ရွာရဲစခန်းမှာ ဦးလှအောင် နှင့် ဦးမြသင်း တို့ကို အမှူအမှတ်စဉ် (ပ)၈၈/၂၀၂၀နဲ့ အမြင့်ဆုံးပြစ်ဒဏ်ထောင်ဒဏ် ၁၀ နှစ်အထိရှိတဲ့ အလွဲသုံးစားမှု ရာဇသတ်ကြီးပုဒ်မ ၄၀၉ နဲ့ အမှုဖွင့် ဖမ်းဆီးထားပါတယ်။


သတင်း-ဓာတ်ပုံ-မောင်မောင်လင်;

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013