DVB Logo
Home
မြန်မာသတင်း
ရွေးကောက်ပွဲရလဒ် လက်မခံသူများ ကိုယ့်နိုင်ငံရေး ကိုယ်ပြန်သတ်နေခြင်းဖြစ်ဟု ဦးဇော်ဌေးပြော
DVB
·
January 9, 2021
ရွေးကောက်ပွဲရလဒ် လက်မခံသူများ ကိုယ့်နိုင်ငံရေး ကိုယ်ပြန်သတ်နေခြင်းဖြစ်ဟု ဦးဇော်ဌေးပြော
Donate to DVB

နိုဝင်ဘာ ၈ ရက် ရွေးကောက်ပွဲရလဒ်နဲ့ ပတ်သက်ပြီး လက်သင့်မခံနိုင်ဘဲ ပြစ်တင်ဝေဖန်နေသူတွေဟာ ကိုယ့်နိုင်ငံရေး ကိုယ်ပြန်သတ်နေခြင်းသာဖြစ်တယ်လို့ သမ္မတရုံးပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးက ပြောတာပါ။ 


ဇန်နဝါရီ ၈ ရက်က ပြုလုပ်တဲ့ သမ္မတအိမ်တော်သတင်းစာရှင်းလင်းပွဲမှာ ပြောကြားခဲ့တာဖြစ်ပါတယ်။


“၁၉၉၀ ရွေးကောက်ပွဲ၊ ၂၀၁၅ ရွေးကောက်ပွဲ၊ အခုပြီးခဲ့တဲ့ ၂၀၂၀ ရွေးကောက်ပွဲ နေရာတိုင်း အပြတ်အသတ်နိုင်ပါတယ်။ လူထုရဲ့သဘောထား၊ လူထုရဲ့ ထောက်ခံမှုက ဒီတိုင်းပဲ ရှိနေပါတယ်။ ဒါကိုကြည့်ရှင် ရှင်းပါတယ်။ အဲတော့ ကျနော်ပြောချင်တာက မဟုတ်မမှန် ဝေဖန်ပြောကြားနေတာ၊ လုပ်နေတဲ့အဖွဲ့အစည်းတွေ၊ လူပုဂ္ဂိုလ်တွေအနေနဲ့ ပြောရရင် ကိုယ့်နိုင်ငံရေးကို ကိုယ်ပြန်သတ်တဲ့ Political Suicide ပေါ့နော်၊ နိုင်ငံရေး ဆွဲကြိုးချသလို ဖြစ်လိမ့်မယ့်လို့ ကျနော်ရှင်းရှင်းလင်းလင်း ပြောချင်ပါတယ်။”


လက်ရှိအာဏာရပါတီ အန်အယ်လ်ဒီပါတီပဲ ထပ်မံအနိုင်ရရှိခဲ့တဲ့ ရွေးကောက်ပွဲရလဒ်အပေါ် အတိုက်အခံကြံ့ခိုင်ရေးပါတီ အပါအဝင် နိုင်ငံရေးပါတီအချို့က ဝေဖန်မှုတွေပြုလုပ်နေကြသလို တပ်မတော်ကလည်း ရွေးကောက်ပွဲနဲ့ ပတ်သက်ပြီး လေ့လာ တွေ့ရှိချက်တွေကို အကြိမ်ကြိမ်ထုတ်ပြန်နေတာပါ။ 


ဒါ့အပြင် နိုင်ငံတော်သမ္မတ၊ နိုင်ငံတော်ရဲ့ အတိုင်ပင်ခံပုဂ္ဂိုလ်၊ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်နဲ့ ရွေးကောက်ပွဲကော်မရှင် ဥက္ကဋ္ဌတို့အပေါ် စာချွန်လွှာထုတ်ဖို့ တရားလွှတ်တောချုပ်မှာ အမျိုးသားရေးရှေ့နေဦးဇော်ဝိတ်က လျှောက်ထားခဲ့မှုနဲ့ပတ်သက်ပြီးလည်း သမ္မတ၊ အတိုင်ပင်ခံပုဂ္ဂိုလ်တို့ဟာ ဥပဒေနဲ့အညီ ဆောင်ရွက်ခဲ့ခြင်းသာဖြစ်တယ်လို့လည်း ဦးဇော်ဌေးက ပြောပါတယ်။


“ဖွဲ့စည်းပုံအခြေခံဥပဒေပုဒ်မ ၂၁၅၊ ပြီးရင် ပြည်ထောင်စုအစိုးရအဖွဲ့ဥပဒေ ပုဒ်မ ၄၃ မှာ နိုင်ငံတော်သမ္မတဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ လည်းကောင်း၊ ဥပဒေတစ်ရပ်ရပ်အရလည်းကောင်း မိမိအားအပ်နှင်းထားသည့်တာဝန်နှင့် လုပ်ပိုင်ခွင့်များကို ကျင့်သုံးဆောင်ရွက်မှု သို့မဟုတ် ကျင့်သုံးဆောင်ရွက်သည့်အနေဖြင့် ပြုခဲ့သော ပြုလုပ်မှုအတွက် မည်သည့်လွှတ်တော်၊ မည်သည့်တရားရုံးတွင် မျှဖြေရှင်းရန် တာဝန်မရှိကြောင်း ပြဋ္ဌာန်းထားတာလည်း တွေ့ရှိနိုင်ပါတယ်။ ပြန်ချုပ်ရရင် နိုင်ငံတော်သမ္မတကြီးရော၊ နိုင်ငံတော်အတိုင်ပင်ပုဂ္ဂိုလ်ရော ဥပဒေနဲ့အညီ လုပ်ကိုင်ဆောင်ရွက်ခဲ့တာဖြစ်တယ်။ ဥပဒေနဲ့မညီညွတ်တာ ဘာတစ်ခုမျှလုပ်ခဲ့တာမရှိဘူး။ ပြည်သူတွေကိုလည်း ကျနော်တို့ အထင်အရှားပေါ့၊ မီဒီယာတွေကနေတဆင့် ဒီနေရာကနေ ရှင်းရှင်းလင်းလင်း အသိပေးလိုပါတယ်။


နိုင်ငံတော်သမ္မတဦးဝင်းမြင့်၊ အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်တို့ အပါအဝင် ၄ ဦးကို စာချွန်လွှာထုတ်ဖို့ ကိစ္စရပ်ကို တရားလွှတ်တော်ချုပ်အနေနဲ့ လက်ခံဖို့ သင့်မသင့်ကိုတော့ လာမယ့် ဇန်နဝါရီ ၂၉ ရက်မှာ ဆုံးဖြတ်မှာလည်း ဖြစ်ပါတယ်။ 


Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013