DVB Logo
Home
မြန်မာသတင်း
ရှမ်းပြည်နယ် ကျန်းမာရေးအတွက် ဂျပန်ဆေးကုမ္ပဏီက ဒေါ်လာ ၁၀ သန်းခန့် ထောက်ပံ့ 
DVB
·
January 8, 2021
ရှမ်းပြည်နယ် ကျန်းမာရေးအတွက် ဂျပန်ဆေးကုမ္ပဏီက ဒေါ်လာ ၁၀ သန်းခန့် ထောက်ပံ့ 
Donate to DVB

ရှမ်းပြည်နယ်ထဲက ကျန်းမာရေးစောင့်ရှောက်မှုလုပ်ငန်းတွေအတွက်  ဂျပန်ဆေးဝါးကုမ္ပဏီ တခုက အမေရိကန် ဒေါ်လာ ၁၀ သန်းလောက် ထောက်ပံ့လိုက်ပါတယ်။

UNOPS (ကုလသမဂ္ဂရဲ့ စီမံကိန်းတွေဝန်ဆောင်တဲ့ရုံး)က စီမံခန့်ခွဲတဲ့ ကျန်းမာရေး စောင့်ရှောက်မှု လက်လှမ်းမီရရှိရေးရန်ပုံငွေကတဆင့် ပံ့ပိုးလိုက်တာလို့ UNOPS က ထုတ်ပြန်လိုက်တာပါ။

အခု ဇန်နဝါရီ ၁ ရက်မှာ စတင်လိုက်တဲ့ ရှမ်းပြည်နယ်ထဲက ထိခိုက်လွယ်တဲ့ လူအုပ်စုတွေကို ကျန်းမာရေးဝန်ဆောင်မှုတွေပေးနိုင်ဖို့ တိုင်းရင်းသားကျန်းမာရေးအဖွဲ့အစည်းတွေရဲ့ စွမ်းဆောင်ရည် မြှင့်တင်ခြင်းဆိုတဲ့ စီမံကိန်းအသစ်အတွက် Takeda ဆေးဝါးထုတ်လုပ်ရေး ကုမ္ပဏီလီမိတက်က ဂျပန် ယန်း ၁ ဒသမ ၁ ဘီလီယံ (အမေရိကန်ဒေါ်လာ ၁၀ သန်းဝန်းကျင်) ကို ပံ့ပိုးလိုက်တာပါ။

ဒါဟာ ကုလသမဂ္ဂလုပ်ငန်းတွေရဲ့ မနှစ်က ငွေလဲနှုန်းကို အခြေပြုထားတာဖြစ်ပြီး UNOPS စီမံခန့်ခွဲတဲ့ ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးရန်ပုံငွေက တဆင့် ပံ့ပိုးမှာ ဖြစ်ပါတယ်။

ရှမ်းပြည်နယ်ထဲက မြို့နယ် ၆ မြို့နယ်မှာရှိတဲ့ မိတ်ဖက်အဖွဲ့အစည်းတွေ၊ တိုင်းရင်းသား ကျန်းမာရေး အဖွဲ့တွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမှာ ဖြစ်တယ်လို့ ဆိုပါတယ်။

UNOPS Myanmar ရဲ့ ညွှန်ကြားရေးမှူးနှင့် ဌာနေကိုယ်စားလှယ် အင်ဒရူးကာဝုဒ်က “တကီတာရဲ့ ရင်းနှီးမြှုပ်နှံမှုဟာ ကျန်းမာရေး စောင့်ရှောက်မှုလက်လမ်းမီရရှိရေးရန်ပုံငွေကတဆင့် UNOPS အနေနဲ့ ကျန်းမာရေးစောင့်ရှောက်မှု အနည်းဆုံးရရှိတဲ့ ရပ်ရွာအသိုင်းအဝိုင်းတွေအတွက် ဝန်ဆောင်မှုပေးရင်း နေရာဒေသအသစ်တွေမှာ လုပ်ငန်းတွေ တိုးချဲ့နိုင်မယ့် အခွင့်အလမ်းဖြစ်ပါတယ်။ အုတ်တချပ် သဲတပွင့်ချင်း၊ သင်တန်းတခုချင်းကနေ ရေရှည်မှာ စီမံကိန်းက မြန်မာ့ကျန်းမာရေး စနစ်တွေ အားကောင်းလာအောင် ပံ့ပိုးမှာ ဖြစ်ပါတယ်” လို့ ပြောပါတယ်။

ဒီစီမံကိန်းက စနစ်တွေ ပိုအားကောင်းလာတွေဖို့အတွက် ကျန်းမာရေး စောင့်ရှောက်မှု အခြေခံ အဆောက်အအုံတွေ ဖွံ့ဖြိုးတိုးတက်စေတာ၊ ကျန်းမာရေးစောင့်ရှောက်မှု လုပ်သားတွေကို သင်တန်းပေးတာနဲ့ ပံ့ပိုးပေးတာ၊ ကျန်းမာရေးဝန်ဆောင်မှုတွေကို မဟာမြောက်ဝယ်ယူတဲ့စနစ်ကို အကောင်အထည်ဖော်တာတို့ကတဆင့် မိခင်၊ မွေးကင်းစ ကလေးတွေနဲ့ ကလေးတွေအတွက် ကျန်းမာရေးစောင့်ရှောက်မှု အရည်အသွေးတိုးတက်စေဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။

ကျန်းမာရေးစောင့်ရှောက်မှု လက်လှမ်းမီရရှိရေးရန်ပုံငွေမှာ ဗြိတိန်နိုင်ငံ၊ ဆွီဒင်နိုင်ငံ၊ အမေရိကန်ပြည်ထောင်စုနဲ့ ဆွစ်ဇာလန်နိုင်ငံတို့ကလည်း အမေရိကန်ဒေါ်လာ သန်း ၂၃၀ မတည်ပြီး လွန်ခဲ့တဲ့နှစ်တွေကပဲ ကျန်းမာရေးနဲ့ပတ်သက်တဲ့ လုပ်ငန်းတွေ ဆောင်ရွက်နေခဲ့တာဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013