
ပါကစ္စတန်နိုင်ငံ၊ ဘာလိုချီစတန်ပြည်နယ်မှာ ဇူလိုင် ၃၀ ရက်က မိုင်းတွင်းတခု ပေါက်ကွဲမှု ဖြစ်ပွားခဲ့ပြီး မြေပြိုကျခဲ့တာကြောင့် အနည်းဆုံး ကျောက်မီးသွေးမိုင်းလုပ်သား ၁၁ ယောက် သေဆုံးခဲ့ပြီး အများအပြား ပျောက်ဆုံးနေတယ်လို့ တာဝန်ရှိသူတယောက်က ပြောပါတယ်။
ဒီပေါက်ကွဲမှုဟာ ပြည်နယ်မြို့တော် ကူအက်တာအနီး ဝေးလံခေါင်သီဒေသဖြစ်တဲ့ စိုးရန့်ဂျ်ဒေသမှာ ဖြစ်ပွားခဲ့တာပါ။
ပေါက်ကွဲမှုဖြစ်ပွားချိန်မှာ ပြိုကျသွားတဲ့ မိုင်းတွင်းအပိုင်းထဲမှာ လူပေါင်း ၃၆ ယောက် ရှိနေခဲ့တယ်လို့ ဘာလိုချီစတန်ပြည်နယ် သတ္တုတွင်းနှင့်သတ္တုဖွံ့ဖြိုးတိုးတက်ရေးဌာန ဝန်ကြီး ရှိုအေ့ဘ် နိုရှာဝါနီက ရိုက်တာသတင်းဌာနကို ပြောပါတယ်။
အဲဒီအထဲက ၂၅ ယောက်ဟာ ကြာသပတေးနေ့ ညဉ့်နက်ပိုင်းထိ ပျောက်ဆုံးနေတုန်းပဲလို့လည်း သူက ဆိုပါတယ်။
မိုင်းတွင်းအောက် အနက်ပေ ၄,၀၀၀ မှာ ကယ်ဆယ်ရေးလုပ်ငန်းတွေကို စတင်ဆောင်ရွက်နေပြီလို့ ပြည်နယ် သတ္တုတွင်း စစ်ဆေးရေးမှူးချုပ် မူဟမ်မဒ် အာတစ်ဖ်က ပြောပါတယ်။
Source: Reuters










