DVB Logo
Home
မြန်မာသတင်း
Myanmar Xingwei ဖိနပ်စက်ရုံ အလုပ်သမား ၁၀၀ ကျော် အလုပ်ထုတ်ခံရ
DVB
·
January 7, 2021
Myanmar Xingwei ဖိနပ်စက်ရုံ အလုပ်သမား ၁၀၀ ကျော် အလုပ်ထုတ်ခံရ
1 / 5
Donate to DVB

ရန်ကုန်တိုင်း၊ လှိုင်သာယာမြို့နယ်ရှိ Myanmar Xingwei ဖိနပ်စက်ရုံက အလုပ်သမားသမဂ္ဂ အဖွဲ့ဝင် ၁၀၀ ကျော် ဇန်နဝါရီ ၆ ရက် မနက်မှာ အလုပ်ထုတ်ပယ်ကြောင်း ကြေညာစာ ကပ်လိုက်တယ်လို့ မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ အလုပ်အမှုဆောင်ကော်မတီဝင် ကိုသိန်းစိုးအောင်က ​ပြောပါတယ်။  

အလုပ်သမားတွေဟာ ပြီးခဲ့တဲ့ ၂၀၂၀ အောက်တိုဘာလကနေစပြီး ၃ လစာအတွက် အနည်းဆုံးလုပ်ခလစာ အပြည့်မရရှိတဲ့အတွက်ကြောင့် အလုပ်သမားညွှန်ကြားရေးဦးစီးဌာနကို တိုင်ကြားပြီး ဇန်နဝါရီလ ၅ ရက်နေ့က ညှိနှိုင်းမှုအဆင်ပြေခဲ့တဲ့အတွက် ပုံမှန်အတိုင်းအလုပ်ဆင်းနေခဲ့တာ ဖြစ်ပါတယ်။ 

အနည်းဆုံးလုပ်ခလစာ ၄၈၀၀ ကျပ်အစား ၂၄၀၀ သာရရှိထားတာဖြစ်ပြီး ကျန်ငွေတွေကို ဒီတစ်လအတွင်းမှာ နှစ်ကြိမ်ခွဲပေးဖို့ အလုပ်ရှင်၊ အလုပ်သမား နှစ်ဦးနှစ်ဘက်သဘောတူထားကြ တာပါ။ 

ဒါပေမဲ့ ကိုဗစ်-၁၉ ရောဂါကြောင့် လုပ်သားလျှော့ချတယ်လို့ဆိုကာ အလုပ်သမားတွေကို ချက်ချင်းအလုပ်ထုတ်ပယ်လိုက်ပြီး အလုပ်ထုတ်နစ်နာကြေးကိုလည်း ဖေဖော်ဝါရီ ၅ ရက်နေ့ ပေးမယ်လို့ စက်ရုံဘက်က ဆိုပါတယ်။ 

ဖေဖော်ဝါရီ ၅ ရက်နေ့မတိုင်ခင် အလုပ်ရှင်ဘက်က ထွက်ပြေးတိမ်းရှောင်သွားမှာကို သံသယရှိတဲ့အတွက်ကြောင့် သက်ဆိုင်ရာဌာနတွေနဲ့ အထွေထွေအုပ်ချုပ်ရေးမှူးရုံးတို့မှာ အသိသက်သေလက်မှတ်ထိုးဖို့ အလုပ်ရှင်ကိုဆင့်ခေါ်ထားတယ်လို့ လိုက်ပါကူညီပေးနေတဲ့ မြန်မာနိုင်ငံအထွေထွေ အလုပ်သမားသမဂ္ဂများအဖွဲ့ချုပ်ရဲ့ အလုပ်အမှုဆောင်ကော်မတီဝင် ကိုသိန်းစိုးအောင်က ပြောပါတယ်။ 

Myanmar Xingwei ဖိနပ်စက်ရုံဟာ  အလုပ်သမား ၂၀၀ ကျော်နဲ့ လည်ပတ်လုပ်ကိုင်နေတဲ့ စက်ရုံဖြစ်ပါတယ်။

သတင်း - အိသဇင်ခိုင်၊ ဓာတ်ပုံ - FGWM

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013