DVB Logo
Home
မြန်မာသတင်း
ဘန်ကောက်၌ တရားမဝင်မြန်မာအလုပ်သမား ၁၈ ဦး ဖမ်းမိ၊ ၇ ဦးတွင် ကိုဗစ်-၁၉ ပိုးရှိနေ 
DVB
·
January 6, 2021
ဘန်ကောက်၌ တရားမဝင်မြန်မာအလုပ်သမား ၁၈ ဦး ဖမ်းမိ၊ ၇ ဦးတွင် ကိုဗစ်-၁၉ ပိုးရှိနေ 
Donate to DVB

ထိုင်းနိုင်ငံ၊ ဘန်ကောက်မြို့ ဒွန်းမောင်းနယ်မြေထဲမှာ တရားမဝင် ဝင်ရောက်လာတဲ့ မြန်မာ နိုင်ငံသား ၁၈ ဦးကို ဖမ်းဆီးရမိခဲ့ပြီး ကိုဗစ်-၁၉ ကူးစက်ရောဂါစစ်ဆေးရာမှာ ၇ ယောက်မှာ ရောဂါပိုး ရှိနေတယ်လို့ အမှတ် ၁ လူဝင်မှုကြီးကြပ်ရေးရဲတပ်ဖွဲ့က ဒီဇင်ဘာ ၅ ရက် သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

ဒွန်းမောင်းနယ်မြေ တလတ်မိုင်ဈေးအနီး ပျဉ်ထောင်အိမ်တစ်လုံးမှာ မသင်္ကာဘွယ်လူတစ်စု ရောက်ရှိနေကြောင်း ပြည်သူတွေက သတင်းပေးတဲ့အတွက် နယ်မြေမှူးနဲ့ လဝကရဲတွေပါတဲ့ ပူးပေါင်းအဖွဲ့ဟာ အဆိုပါနေအိမ်ကိုသွားရောက်စစ်ဆေးရာက အထောက်အထားတစုံတရာမရှိတဲ့ မြန်မာအမျိုးသမီး၊ အမျိုးသား ၁၈ ယောက်ကို ဖမ်းဆီးရမိခဲ့တာလို့ ဒွန်းမောင်းနယ်မြေရဲတပ်ဖွဲ့ စခန်းမှူး ရန်းဆန်ဆွန်ဆင်က သတင်းစာရှင်းပွဲမှာ ပြောပါတယ်။ 

စစ်ဆေးချက်အရ သူတို့ဟာ မြန်မာနိုင်ငံ ရခိုင်ပြည်နယ်ဘက်ကဖြစ်ပြီး ထိုင်းနိုင်ငံထဲကို ပြီးခဲ့ တဲ့ ဒီဇင်ဘာ ၂၅ နဲ့ ၂၆ ရက်နေ့တွေက ပွဲစားကို တစ်ဦးလျှင် ဘတ် ၆၀၀၀ စီပေးပြီး တာ့ခ်ခရိုင် မဲဆောက်မြို့နယ် တောလမ်းထဲကနေ ဝင်ရောက်လာတာဖြစ်ကြောင်း၊ ဇန်နဝါရီ ၁ ရက်နဲ့ ၂ ရက်မှာ ဘန်ကောက်ရောက်ပြီး အဲဒီကနေတဆင့် ထိုင်းတောင်ပိုင်း ဆုန်ခလာခရိုင် ဟတ်ယိုင်မြို့နယ်မှာ အလုပ်သွားလုပ်ဖို့  လာခေါ်မယ့်သူကို စော င့်ဆိုင်း နေစဉ် ခုလိုဖမ်းခံထိတာလို့ ဆိုပါတယ်။ 

တာဝန်ရှိသူတွေက သူတို့ ၁၈ ဦးကို ဖမ်းထားပြီး ကိုဗစ်-၁၉ ရောဂါပိုးပါ ရှာဖွေစစ်ဆေးရာ မှာတော့ ၇ ယောက်မှာ ပိုးကူးစက်ခံထားရတာကို တွေ့ရတဲ့အတွက် သူတို့ကို သွားဖမ်းခဲ့တဲ့ လဝကရဲ နဲ့ အုပ်ချုပ်ရေးရုံးက တာဝန်ရှိသူ ၁၂ ယောက်လုံးလည်း အလုပ်က ခေတ္တရပ်နားပြီး ၁၄ ရက် အသွားအလာကန့်သတ်ခံထားရပါတယ်။ 

ဒါ့အပြင် အိမ်ရှင်ထိုင်းလူမျိုးနဲ့ တရားမဝင်သူတွေ တည်းခိုခွင့်ပြုထားတဲ့ အိမ်ငှားနေထိုင်သူ မြန်မာအလုပ်သမားလည်း ဥပဒေနဲ့အရေးယူအပြစ်ပေးခံရမယ်လို့ ဆိုပါတယ်။ 

ထိုင်းနိုင်ငံရောက် ရွှေ့ပြောင်းလုပ်သားတွေကို ကိုဗစ်-၁၉ စစ်ဆေးနိုင်ဖို့ အထောက်အထား တစုံတရာမရှိတဲ့သူတွေကို ဒီလ ၂၅ ရက်ကနေ နောက်လ ၁၃ ရက်နေ့ထိ ပန်းရောင်ကတ်လုပ်ပေး မယ်လို့ အစိုးရက ကြေညာထားပါတယ်။

 ဒါကိုအခွင့်ကောင်းယူပြီး တဘက်နိုင်ငံကနေ ခိုးဝင်ကာ လက်မှတ်လာလုပ်မယ့်သူတွေ ရှိနိုင်ကြောင်း၊ ဒါကြောင့် တရားမဝင် ဝင်ရောက်မှုကို ကာကွယ်ဖို့ နယ်စပ်ခရိုင်တွေမှာ စစ်ဆေးရေးဂိတ်တွေ တိုးမြှင့်ချထားဖို့ သက်ဆိုင်ရာ ထိုင်းအာဏာပိုင်တွေက ညွှန်ကြားပါတယ်။ 

ထိုင်းနိုင်ငံမှာ ဒီကနေ့ ဇန်နဝါရီလ ၆ ရက် ထုတ်ပြန်ချက်အရ ကိုဗစ် -၁၉ ကူးစက်ခံရတဲ့  ရွှေ့ပြောင်းအလုပ်သမား နောက်ထပ် ၉၉ ယောက် ရှိပြီး စုစုပေါင်း ၂၅၇၅  ယောက် ရှိသွားပြီဖြစ်ကာ  အများစုမှာ မြန်မာအလုပ်သမားတွေ ဖြစ်ကြပါတယ်။ 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013