DVB Logo
Home
မြန်မာသတင်း
မော်လမြိုင်တွင် ကိုဗစ်ပိုးတွေ့ ၁၀၀၀ ကျော်၊ နိုင်ငံတဝန်း ထောင်ချီကူးစက်ခံမြို့နယ် ၃၇ ခု ဖြစ်လာ
DVB
·
January 5, 2021
မော်လမြိုင်တွင် ကိုဗစ်ပိုးတွေ့ ၁၀၀၀ ကျော်၊ နိုင်ငံတဝန်း ထောင်ချီကူးစက်ခံမြို့နယ် ၃၇ ခု ဖြစ်လာ
Donate to DVB

မွန်ပြည်နယ်မြို့တော် မော်လမြိုင်မှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁,၀၀၀ ကျော်လာခဲ့ပြီးနောက် မြန်မာနိုင်ငံတဝန်း ပိုးတွေ့လူနာ ထောင်ချီကူးစက်ခံမြို့နယ်ပေါင်း ၃၇ ခုထိ ရှိလာခဲ့ပြီလို့ ကျန်းမာ ရေးနဲ့ အားကစားဝန်ကြီးဌာနရဲ့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။

အဆိုပါ မြို့နယ် ၃၇ ခုထဲမှာတော့ ရန်ကုန်တိုင်းဒေသကြီးအတွင်းက မြို့နယ်ပေါင်း ၂၉ မြို့နယ်၊ မန္တလေးတိုင်းက ၅ မြို့နယ်၊ ရခိုင်ပြည်နယ်က ၁ မြို့နယ်နဲ့ ပဲခူးတိုင်းက ၁ မြို့နယ်နဲ့ မွန်ပြည်နယ်က ၁ မြို့နယ် ပါဝင်လာခဲ့တာ ဖြစ်ပါတယ်။

အဲဒီထဲမှာ ပိုးတွေ့လူနာ ၅,၀၀၀ ကျော်တဲ့မြို့နယ် ၂ ခု၊ ၄,၀၀၀ ကျော်တဲ့ မြို့နယ် ၃ ခု၊ ၃,၀၀၀ ကျော်တဲ့ မြို့နယ် ၃ ခု၊ ၂,၀၀၀ ကျော်တဲ့ မြို့နယ် ၁၃ ခုနဲ့ ၁,၀၀၀ ကျော်တဲ့ ၁၆ ခု ပါဝင်နေတာ ဖြစ်ပါတယ်။

ပိုးတွေ့လူနာ ၅,၀၀၀ ကျော်နဲ့ ရောဂါကူးစက်မှုအများဆုံးမြို့နယ် ၂ ခုကတော့ ရန်ကုန်တိုင်း မင်္ဂလာဒုံနဲ့ မြောက်ဥက္ကလာပမြို့နယ်တွေဖြစ်ပြီး ၅,၈၆၄ ယောက်နဲ့ ၅,၇၀၁ ယောက်စီ အသီးသီး ကူးစက်ခံထားရပါတယ်။

ပိုးတွေ့လူနာ ၄,၀၀၀ ကျော်တဲ့ မြို့နယ် ၃ ခုကတော့ ရန်ကုန်တိုင်းမြို့နယ်တွေ ဖြစ်တဲ့ လှိုင်သာယာ၊ အင်းစိန်၊ သင်္ဃန်းကျွန်းမြို့နယ်တွေဖြစ်ပြီး ပိုးတွေ့လူနာဦးရေ ၄,၇၀၈ ယောက်၊ ၄,၅၃၇ ယောက်၊ ၄,၃၇၀ ယောက်စီနဲ့ အသီးသီး ကူးစက်ခံထားရပါတယ်။

ပိုးတွေ့လူနာ ၃,၀၀၀ ကျော်တဲ့ မြို့နယ် ၃ ခုကတော့ ရန်ကုန်တိုင်းမြို့နယ်တွေ ဖြစ်တဲ့ ရွှေပြည်သာ၊ မရမ်းကုန်း၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွေဖြစ်ပြီး ပိုးတွေ့လူနာ ဦးရေ ၃,၇၄၇ ယောက်၊ ၃,၇၄၃ ယောက်၊ ၃,၀၉၂ ယောက်စီနဲ့ အသီးသီး ကူးစက်ခံထားရပါတယ်။

ပိုးတွေ့လူနာ ၂,၀၀၀ ကျော်တဲ့ မြို့နယ် ၁၃ ခုထဲမှာတော့ ရန်ကုန်တိုင်းမြို့နယ် ၉ ခုဖြစ်တဲ့ တာမွေ၊ လှိုင်၊ တောင်ဥက္ကလာပ၊ သန်လျင်၊ ကမာရွတ်၊ သာကေတ၊ ဒဂုံမြို့သစ် (မြောက်ပိုင်း)၊ ကြည့်မြင်တိုင်၊ မှော်ဘီမြို့နယ်တွေ၊ မန္တလေးတိုင်းမြို့နယ် ၃ ခုဖြစ်တဲ့ ချမ်းအေးသာစံ၊ မဟာအောင်မြေနဲ့ အောင်မြေသာစံမြို့နယ်တွေနဲ့အတူ ပဲခူးတိုင်းမြို့တော် ပဲခူးမြို့တွေ ပါဝင်နေပါတယ်။

အဲဒီမြို့နယ်တွေနောက်မှာတော့ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၁,၀၀၀ ကျော်ရှိတဲ့ မြို့ နယ် ၁၆ ခုအနေနဲ့ ရန်ကုန်တိုင်းမြို့နယ် ၁၂ ခုဖြစ်တဲ့ စမ်းချောင်း၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း)၊ မင်္ဂလာတောင်ညွန့်၊ ဗဟန်း၊ ဒလ၊ လမ်းမတော်၊ ရန်ကင်း၊ ဒဂုံမြို့သစ်(ဆိပ်ကမ်း)၊ ဗိုလ်တစ်ထောင်၊ ဒေါပုံ၊ အလုံ၊ လှည်းကူးမြို့နယ်တွေ၊ မန္တလေးတိုင်းမြို့ နယ် ၂ ခုဖြစ်တဲ့ ချမ်းမြသာစည်နဲ့ အမရပူရမြို့နယ်တွေ၊ ရခိုင်ပြည်နယ်မြို့တော် စစ်တွေမြို့နဲ့ မွန်ပြည်နယ် မြို့တော် မော်လမြိုင်မြို့တွေ ပါဝင်နေတာ ဖြစ်ပါတယ်။

မြန်မာနိုင်ငံမှာ ပထမဆုံးသော ကိုဗစ်-၁၉ အတည်ပြုလူနာကိုတော့ ပြီးခဲ့တဲ့ မတ် ၂၃ ရက်က စတင်တွေ့ရှိခဲ့တာဖြစ်ပြီး တကျော့ပြန်ကူးစက်မှုတွေနဲ့ အချိန် ၉ လကျော်ရှိလာခဲ့ချိန်မှာတော့ တနိုင်ငံလုံးအတိုင်းအတာနဲ့ ပိုးတွေ့လူနာအရေအတွက် ၁၂၇,၀၀၀ နီးပါး ရှိလာခဲ့ပြီ ဖြစ်ပါတယ်။

ကျန်းမာရေးဝန်ကြီးဌာနရဲ့ ဇန်နဝါရီ ၄ ရက်ည ၈ နာရီထုတ်ပြန်ချက်အရ တနိုင်ငံလုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း  ၁၂၆,၉၃၅ ယောက်၊ သေဆုံးသူ ၂,၇၄၄ ယောက်နဲ့ ပိုးတွေ့ပြန်လည်သက်သာလာသူပေါင်း ၁၁၀,၂၀၀ ယောက် ရှိနေပါတယ်။

ပြည်နယ်နဲ့ တိုင်းအလိုက်ကြည့်မယ်ဆိုရင်တော့ ရန်ကုန်တိုင်းက လူနာအရေအတွက် ၈၃,၀၀၀ ကျော် ကိုဗစ်-၁၉ ရောဂါကူးစက်ခံထားရပြီး ပိုးတွေ့လူနာ အများဆုံးဖြစ်ကာ ဒုတိယနေရာမှာတော့ မန္တလေးတိုင်းက ပိုးတွေ့လူနာ ၁၄,၀၀၀ ကျော်နဲ့ ပဲခူးတိုင်းက ပိုးတွေ့လူနာ ၈,၀၀၀ နီးပါး ရှိနေတာ ဖြစ်ပါတယ်။

တရုတ်နိုင်ငံအလယ်ပိုင်း ဝူဟန်မြို့က စတင်ခဲ့တဲ့ ကိုဗစ်-၁၉ ရောဂါကူးစက်ပျံ့နှံ့မှုဟာ တကမ္ဘာလုံးကပ်ရောဂါအသွင်ဆောင်လာခဲ့ပြီး လက်ရှိအချိန်ထိ နိုင်ငံပေါင်း ၂၀၀ ကျော်မှာ ရောဂါကူးစက်ခံရသူ စုစုပေါင်း ၈၅ ဒသမ ၈၃ သန်းကျော်လာခဲ့ပြီဖြစ်ကာ သေ ဆုံးသူ ၁  ဒသမ ၈၅ သန်းကျော်နဲ့ ရောဂါပျောက်ကင်းသက်သာသူ စုစုပေါင်း ၆၀ ဒသမ ၆၆ သန်းကျော် ရှိနေပြီ ဖြစ်ပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013