DVB Logo
Home
မြန်မာသတင်း
ဒေသတည်ငြိမ်လာသဖြင့် မအီချောင်း ဗုဒ္ဓစက်တော်ရာကို နေ့စဉ်လူရာချီ လာရောက်ဖူးမြော်
DVB
·
January 4, 2021
ဒေသတည်ငြိမ်လာသဖြင့် မအီချောင်း ဗုဒ္ဓစက်တော်ရာကို နေ့စဉ်လူရာချီ လာရောက်ဖူးမြော်
1 / 2
Donate to DVB

ရခိုင်ပြည်နယ်မှာ ဒေသတည်ငြိမ်လာတာကြောင့် မအီချောင်း ဗုဒ္ဓစက်တော်ရာကို နေ့စဉ်လူရာချီ လာရောက် ဖူးမြော်နေကြတယ်လို့  ဂေါပကအဖွဲ့က ပြောပါတယ်။

ရခိုင်ပြည်နယ်မှာ မြန်မာ့တပ်မတော်နဲ့ ရခိုင့်တပ်တော်တို့ကြား တိုက်ပွဲမဖြစ်ပွားတာ ၁ လကျော် ကြာမြင့်လာပြီးနောက် မအီမြို့ လက်ပန်ကျေးရွာအုပ်စု ခြေတော်ရာကျေးရွာမှာရှိတဲ့ မြတ်ဗုဒ္ဓရဲ့ ခြေတော်ရာအစစ် နှစ်ဆူကို ကျောက်ဖြူမြို့နယ်အပါအဝင် တခြားမြို့နယ်တွေကပါ လူပေါင်းရာချီ နေ့စဉ်လာရောက်ကာ ဖူးမြော်နေကြတယ်လို့ မအီချောင်း ဗုဒ္ဓစက်တော်ရာ ဂေါပကအတွင်းရေးမှူး ဦးမှိုင်းက ပြောပါတယ်။

“၂၀၁၃၊ ၂၀၁၄ ဆိုတော့ နှစ်စဉ်နဲ့အမျှဘုရားဖူးတွေက လမ်းအနည်းအကျဉ်းပေါ်တော့ အရောက်အပေါက်များတာပေါ့၊ ဒါပေမဲ့ ၂၀၁၈၊ ၂၀၁၉ ကျတော့ နည်းနည်းလေးရှားသွားတယ်။ ကာလအခြေအနေကလည်း မကောင်းဘူးဆိုတဲ့ သဘောပေါ့လေ။ နောက်ပြီးတော့ ကိုဗစ်ကာလကလည်း တစ်ခုဖြစ်လာတော့ ကုန်ခဲ့တဲ့နှစ်ကဆိုရင် ဘုရားဖူးဧည့်သည်တွေနည်းတဲ့ သဘောရှိပါတယ်။ အခုတော့ ၂၀၂၀/၂၀၂၁ ကာလမှာတော့ ဒီနေ့အတိုင်းအတာအရ ဘုရားဖူးတွေက တစ်နေ့ကို ကားအစီးရေ ၂၀၊ ၃၀၊ ၄၀ ဒီလိုရောက်ပေါက်နေကြတယ်။”

မြတ်စွာဘုရားရှင်ရဲ့ခြေတော်ရာကို  အခက်အခဲတွေကြားက လာရောက်ဖူးမြော်ရတာလို့ ကျောက်ဖြူမြို့က လာရောက်ဖူးမြော်သူ မစုစုငြိမ်းက ပြောပါတယ်။

“အခုမှ တစ်ခေါက်ရောက်ဖူးတာပါ၊ စစ်ပွဲတွေ ငြိမ်းချမ်းပြီးတော့ ကိုဗစ်-၁၉လည်း ပျောက်သွားမယ်ဆိုရင် ဒီလိုပဲ တစ်နှစ် တစ်ခေါက် အမြဲလာချင်ပါတယ်၊ ပျော်ဖို့လည်းကောင်းသလို ဖူးမြော်ရတာလည်း ကောင်းတယ်။ နောက်ပြီးတော့ တောတောင်တွေက စိန်းလမ်းစိုပြည်ပြီးတော့ စိတ်ကိုလန်းဆန်းစေပါတယ်။”

မအီချောင်း ဗုဒ္ဓစက်တော်ရာကို ဗုဒ္ဓကျမ်းဂန်တွေရဲ့ မှတ်တမ်းတွေအရ လွန်ခဲ့တဲ့နှစ်ပေါင်း ၅၀ ကျော်က ရှာဖွေတွေ့ရှိခဲ့တာလို့ မအီချောင်းဗုဒ္ဓစက်တော်ရာဂေါပကအဖွဲ့က ပြောပါတယ်။

ဘုရားဖူး အများပြည်သူတွေ သွားလာရလွယ်ကူစေဖို့ ပြီးခဲ့တဲ့ ၂၀၁၃ ခုနှစ်ကစတင်ပြီး အမ်းစနဲလမ်းဆုံကနေ မအီချောင်း ဗုဒ္ဓစက်တော်ရာအရောက်‌ ၉ မိုင် ၆ ဖာလုံကို ကွန်ကရစ်လမ်းခင်းပြီး လက်ရှိမှာတော့ တဝက်လောက် ပြီးစီးနေပြီလို့ ဆိုပါတယ်။

သတင်း - နောင်နောင် 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013