DVB Logo
Home
မြန်မာသတင်း
တပ်မတော်က ဖမ်းသွားသည့် ကျောင်းအုပ်ဆရာမနှင့် အဆက်သွယ်မရသေးဟု မိသားစုပြော
DVB
·
January 4, 2021
တပ်မတော်က ဖမ်းသွားသည့် ကျောင်းအုပ်ဆရာမနှင့် အဆက်သွယ်မရသေးဟု မိသားစုပြော
Donate to DVB

မန္တလေးတိုင်း မိုးကုတ်မြို့နယ်က ကျောင်းအုပ်ဆရာမ ၁ ဦးကို တပ်မတော်သားတွေက စစ်ဆေးစရာရှိလို့ဆိုပြီး ဒီဇင်ဘာ ၂၈ ရက်နေ့က နေအိမ်မှာ လာရောက်ခေါ်ဆောင်သွားခဲ့ပြီးတဲ့နောက် ဒီနေ့အထိ ပြန်လည်လွတ်မြောက်လာတာ မရှိသေးဘူးလို့ မိသားစုဝင်တွေက ပြောပါတယ်။

ဒီဇင်ဘာလ ၂၇ ရက်နေ့က တပ်မတော်သားတွေက လာရောက်ခေါ်ဆောင်သွားပြီး ညနေပိုင်းမှာ ပြန်လွှတ်ပေးခဲ့ကာ ဒီဇင်ဘာ ၂၈ ရက်နေ့မှာ ထပ်မံ ဖမ်းဆီးခဲ့တာလည်း ဖြစ်ပါတယ်။

မိသားစုဝင်တွေအနေနဲ့ ဖမ်းဆီးခေါ်ဆောင်သွားကတည်းက အဆက်သွယ်မရဘဲ ဘာကြောင့် ဖမ်းဆီးခံရတယ်ဆိုတာကို မသိသလို ဘယ်အချိန် ပြန်လွှတ်မယ်ဆိုတာကိုလည်း သိချင်ကြတယ်လို့ ဆရာမရဲ့ မောင်ဖြစ်သူက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ ဆရာမဟာ မိုးကုတ်မြို့နယ် မန်းနားကျေးရွာက ကျောင်းအုပ်ဆရာမ ဒေါ်သန်းသန်းဌေး ဖြစ်ပြီး ဆရာမလုပ်သက် ၈ နှစ်ရှိပြီဖြစ်သလို မဲရုံမှာလည်း တာဝန်ထမ်းဆောင်ဖူးတယ်လို့ ဆိုပါတယ်။ 

အခုဖြစ်စဉ်နဲ့ပတ်သက်လို့ မိုးကုတ်မြို့နယ်က မြို့နယ် အုပ်ချုပ်ရေးမှူးနဲ့ စစ်ဘက်ဆိုင်ရာ လုံခြုံရေးအဖွဲ့ကို ဆက်သွယ်မေးမြန်းခဲ့ရာမှာ ဒီကိစ္စနဲ့ပတ်သက်ပြီး သတင်းမရဘူးလို့ DVB ကို ပြောပါတယ်။ 

သတင်း - ဟန်နာထက်အောင်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013