DVB Logo
Home
မြန်မာသတင်း
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖြစ်ပေါ်လာသည့် ဖက်ဒရယ်ပြည်ထောင်စုပုံစံနှင့် ကိုက်ညီအောင် ဆောင်ရွက်ရမည်ဟု သမ္မတပြော
DVB
·
January 4, 2021
ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖြစ်ပေါ်လာသည့် ဖက်ဒရယ်ပြည်ထောင်စုပုံစံနှင့် ကိုက်ညီအောင် ဆောင်ရွက်ရမည်ဟု သမ္မတပြော
1 / 3
Donate to DVB

ဖွဲ့စည်းပုံအခြေခံဥပဒေကို ဖြစ်ပေါ်လာမယ့် ဖက်ဒရယ်ပြည်ထောင်စုပုံစံနဲ့ ကိုက်ညီအောင် ဆောင်ရွက်သွားကြရမယ်လို့ သမ္မတ ဦးဝင်းမြင့်က ပြောပါတယ်၊

နေပြည်တော်ရှိ မြို့တော်ခန်းမမှာ ပြုလုပ်တဲ့ ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အထိမ်းအမှတ်အခမ်းအနား သဝဏ်လွှာမှာ သမ္မတက အခုလို ပြောကြားခဲ့တာဖြစ်ပြီး သဝဏ်လွှာကို ဒုတိယသမ္မတ (၁) ဦးမြင့်ဆွေက ဖတ်ကြားခဲ့ပါတယ်။

နိုင်ငံတော်အစိုးရအနေနဲ့ ပြည်တွင်းလက်နက်ကိုင်ပဋိပက္ခတွေအားလုံး အမြန်ချုပ်ငြိမ်းပြီး ရေရှည်တည်တံ့ခိုင်မြဲတဲ့ ငြိမ်းချမ်းရေးရရှိရန် ရည်ရွယ်ပြီး တိုင်းရင်းသားအားလုံးက လိုလားတောင့်တတဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုတည်ဆောက်ဖို့ ကြိုးပမ်းနေတယ်လို့ ဆိုပါတယ်။

“အနာဂတ်ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး တည်ဆောက်တာမှာ အခြေခံအုတ်မြစ်မြစ်တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဒီမိုကရေစီ စံချိန်စံညွှန်းတွေနဲ့လည်းကောင်း၊ နိုင်ငံတော်ရဲ့ ပကတိအခြေအနေတွေအရ လည်းကောင်း၊ ဖြစ်ပေါ်လာမယ့် ဖက်ဒရယ်ပြည်ထောင်စုပုံစံနဲ့လည်းကောင်း ကိုက်ညီစေရန် ဝိုင်းဝန်းကြိုးပမ်းဆောင်ရွက်သွားကြရမည် ဖြစ်တယ်” လို့ ဦးမြင့်ဆွေက ဖတ်ကြားခဲ့ပါတယ်။

မြန်မာနိုင်ငံဟာ တိုင်းရင်းသားလူမျိုးပေါင်းစုံ၊ ဘာသာစကားပေါင်းစုံ၊ စာပေယဉ်ကျေးမှု ဓလေ့ပေါင်းစုံ၊ ကိုးကွယ်ယုံကြည်မှု ပေါင်းစုံတို့နဲ့ ဖွဲ့စည်းထားတဲ့ ပြည်ထောင်စုကြီးဖြစ်တဲ့အတွက် တိုင်းရင်းသားပြည်သူတစ်ရပ်လုံးဟာ လူမှုဆက်ဆံရေး တရားမျှတမှု၊ နိုင်ငံရေး တရားမျှတမှု၊ အဆင့်အတန်းညီမျှမှု၊ အခွင့်အလမ်းညီမျှမှု၊ တရားဥပဒေအရာမှာ ညီမျှမှုတို့ကို ကွဲပြားခြင်း မရှိ၊ ခွဲခြားခြင်းမရှိဘဲ တန်းတူရည်တူ ရရှိခံစားနိုင်ရေးဟာ အလွန်အရေးကြီးတယ်လို့ ဆိုပါတယ်။

တိုင်းရင်းသားအားလုံးရဲ့ ခိုင်မာတဲ့ ပြည်ထောင်စုစိတ်ဓာတ်နဲ့ သွေးစည်းညီညွတ်စွာ ကြိုးပမ်းကြရင် အနာဂတ်ကာလမှာ ငြိမ်းချမ်းသာယာပြီး ခေတ်မီဖွံ့ဖြိုးတိုးတက်တဲ့ ဒီမိုကရေစီဖက်ဒရယ်ပြည်ထောင်စုကြီး ပေါ်ပေါက်လာမယ်လို့ ယုံကြည်ကြောင်းလည်း ပြောပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013