DVB Logo
Home
မြန်မာသတင်း
၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား မန္တလေးနှင့်ပဲခူးတွင် ကျင်းပ
DVB
·
January 4, 2021
၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနား မန္တလေးနှင့်ပဲခူးတွင် ကျင်းပ
1 / 13
Donate to DVB

၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့ အခမ်းအနားကို မန္တလေးမြို့၊ ပဲခူးမြို့တို့မှာ ဒီနေ့မနက်ပိုင်း ကျင်းပခဲ့တယ်လို့ သိရပါတယ်။

ချမ်းအေးသာစံမြို့နယ်၊ ဗထူး အားကစားကွင်းမှာ ကျင်းပတဲ့ အခမ်းအနားကို ကိုဗစ်ကာလ ဖြစ်တဲ့အတွက် ကျန်းမာရေးဝန်ကြီးဌာနရဲ့ လမ်းညွှန်ချက်အတိုင်း ပြုလုပ်ခဲ့တယ်လို့ သိရပါတယ်။

အခမ်းအနားကို တိုင်း‌ဒေသကြီး အစိုးရအဖွဲ့ ဝန်ကြီးချုပ်နဲ့ အဖွဲ့ဝင်တွေ၊ ဌာနဆိုင်ရာ တာဝန်ရှိသူတွေ၊ နိုင်ငံရေး ပါတီတွေနဲ့ လူမှုရေး အသင်းအဖွဲ့တွေက ပြည်သူလူထုအပါအဝင် ဧည့်သည် ၄၀၀ လောက် တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

အခမ်းအနားမှာ သမ္မတ ဦးဝင်းမြင့် ပေးပို့တဲ့ လွတ်လပ်ရေး သဝဏ်လွှာကို ဝန်ကြီးချုပ် ဒေါက်တာဇော်မြင့်မောင်က ဖတ်ကြားပေးခဲ့ပါတယ်။

အလားတူ ပဲခူမြို့၊ ရွှေမော်ဓောဘုရားယာဉ်ရပ်နားဝင်းမှာ ၇၃ နှစ်မြောက် လွတ်လပ်ရေးနေ့အခမ်းအနားကို ဒီနေမနက် ကျင်းပခဲ့ပါတယ်။

အခမ်းအနားကို ပဲခူးတိုင်းဝန်ကြီးချုပ်နဲ့ ဌာနဆိုင်ရာအကြီးအကဲတွေနဲ့ ဖိတ်ကြားထားသူတွေ တက်ရောက်ခဲ့ပြီး သမ္မတ ပေးပို့တဲ့သဝဏ်လွှာကို ပဲခူးတိုင်းဝန်ကြီးချုပ်က ဖတ်ပြခဲ့ပါတယ်။

အခမ်းအနားကို ကိုဗစ်-၁၉ ကာလဖြစ်နေတဲ့အတွက် လူဦးရေ ကန့်သက်ထားတာကြောင့် ဖိတ်ကြားထားသူ လူ ၅၀ လောက်ပဲ တစ်ဦးနဲ့တစ်ဦး ၈ ပေအကွာ တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။

ထိန်ထိန်လင်း၊ အောင်စိုးမိုး

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013