DVB Logo
Home
မြန်မာသတင်း
မွန်ပြည်နယ်ကို လာသူများ ကွာရန်တင်း ၇ ရက်နှင့် စရိတ်ကျပ် ၅၀၀၀၀ နှုန်း ပေးရမည်
DVB
·
January 2, 2021
မွန်ပြည်နယ်ကို လာသူများ ကွာရန်တင်း ၇ ရက်နှင့် စရိတ်ကျပ် ၅၀၀၀၀ နှုန်း ပေးရမည်
Donate to DVB

မွန်ပြည်နယ်ကို တခြားတိုင်းနဲ့ပြည်နယ်က မည်သူမဆို ဝင်လာခွင့် ပြန်ပေးထားပေမယ့် သတ်မှတ်ထားတဲ့ ကွာရန်တင်းရက် ၇ ရက်နဲ့ ကွာရန်တင်းစရိတ်အဖြစ် တစ်ဦးကို ငွေကျပ် ၅၀၀၀၀ နှုန်း ပေးဆောင်ရမယ်လို့ သိရပါတယ်။

မွန်ပြည်နယ်မှာ ကိုဗစ်-၁၉ ကပ်ရောဂါကြောင့် ထုတ်ပြန်ထားတဲ့ အမိန့်၊ ညွှန်ကြားချက်တွေကို ဇန်နဝါရီ ၃၁ ရက်နေ့အထိ သက်တမ်းထပ်တိုးထားပြီး မွန်ပြည်နယ်ကို တခြားတိုင်းနဲ့ပြည်နယ်က မည်သူမဆို ပြည်နယ်အတွင်း ဝင်ခွင့် ပြန်လည်ပေးအပ်ထားပါတယ်။

ဒါပေမဲ့ မွန်ပြည်နယ်အတွင်းကို တခြားတိုင်းနဲ့ပြည်နယ် အပါအဝင် နိုင်ငံရပ်ခြား ပြန်လာသူ မည်သူမဆို သတ်မှတ်ထားတဲ့ ကွာရန်တင်းရက် ၇ ရက် ခံယူပြီး ရောဂါပိုး ရှိ၊ မရှိ ၂ ကြိမ် စစ်ဆေးခံရမယ်လို့ မွန်ပြည်နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန ဒုတိယပြည်နယ်ဦးစီးမှူး ဒေါက်တာဝတ်မှုံက ပြောပါတယ်။

ဒါ့အပြင် မွန်ပြည်နယ်အတွင်း ဝင်လာသူတွေအနေနဲ့ အစိုးရက သတ်မှတ်ထားတဲ့ ကွာရန်းတင်တွေမှာ မနေလိုပါက ဟိုတယ် ကွာရန်တင်းကို ကိုယ်စရိတ်နဲ့ကိုယ်ကျခံရမှာ ဖြစ်ပါတယ်။ 

ဟိုတယ် ကွာရန်တင်း မနေတဲ့သူတွေကတော့ အစိုးရက သတ်မှတ်ထားတဲ့ ကွာရန်တင်းမှာ ကွာရန်တင်းစရိတ်အဖြစ် ငွေကျပ် ၅၀,၀၀၀ နှုန်း ပေးဆောင်ရမယ်လို့ ဆိုပါတယ်။

တဖက်မှာတော့ မွန်ပြည်နယ်မှာ ဒေသန္တရအမိန့် သက်တမ်းထပ်တိုးထားတဲ့အတွက်ကြောင့် ပြည်နယ်အတွင်းက ပန်းခြေ၊ ကမ်းခြေ၊ အပန်းဖြေစခန်းတွေ၊ ရုပ်ရှင်ရုံနဲ့ KTV တွေကို အရင်တိုင်း ဆက်ပိတ်ထားရဦးမှာ ဖြစ်ပြီး သက်တမ်းထပ်တိုးထားတဲ့ ဒေသန္တရအမိန့်ကို မြို့နယ်အားလုံးကို ထပ်ဆင့် ညွှန်ကြားပေးထားတယ်လို့ မွန်ပြည်နယ် စည်ပင်သာယာရေးအဖွဲ့ ညွှန်ကြားရေးမှူး ဦးတင်ကိုကိုက ပြောပါတယ်။

မွန်ပြည်နယ်ကို လာရောက်မယ့်သူတွေအနေနဲ့ သက်ဆိုင်ရာ တိုင်းနဲ့ပြည်နယ်တွေမှာ ကိုဗစ်ရောဂါပိုး ရှိ၊ မရှိ တစ်ကြိမ် စစ်ဆေးခဲ့ဖို့နဲ့ နေထိုင်ကြောင်း ရပ်ကွက်ထောက်ခံစာတွေ ယူဆောင်လာခဲ့ပါက ပိုပြီး အဆင်ပြေမယ်လို့ ပြောပါတယ်။

မွန်ပြည်နယ်မှာတော့ ဇန်နဝါရီ ၂ ရက်နေ့အထိ ကိုဗစ်-၁၉ အတည်ပြုလူနာ ၂၄၀၀ ကျော်အထိ ရှိလာခဲ့ပြီး အဲဒီထဲမှာ ကိုဗစ်လူနာ ၂၄ ဦး သေဆုံးထားပါတယ်။

ဇော်လွင်ထွဋ်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013