DVB Logo
Home
ကျန်းမာရေး
ဖေဖော်ဝါရီတွင် ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမည်ဟု အတိုင်ပင်ခံပြော
DVB
·
January 2, 2021
ဖေဖော်ဝါရီတွင် ကျန်းမာရေးဝန်ထမ်းများကို ကိုဗစ်ကာကွယ်ဆေးထိုးပေးမည်ဟု အတိုင်ပင်ခံပြော
Donate to DVB

လာမယ့်ဖေဖော်ဝါရီမှာ ကျန်းမာရေးဝန်ထမ်းတွေကို ကိုဗစ်-၁၉ ကာကွယ်ဆေးထိုးပေးမယ်လို့ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောပါတယ်။

နိုင်ငံတကာနှစ်သစ်ကူးအထိမ်းအမှတ် မိန့်ခွန်းမှာ ပြောတာဖြစ်ပြီး ကာကွယ်ဆေးရရှိရေး ကမ္ဘာ့နိုင်ငံအားလုံးက ဆောင်ရွက်နေတာကြောင့် ယှဉ်ပြိုင်မှုများတယ်လို့ ပြောပါတယ်။

“ပြည်သူအများ ယခုအချိန်မှာ အသိချင်ဆုံးကိစ္စကတော့ COVID ကာကွယ်ဆေးထိုးပေးမယ့် အစီအစဉ် ဘယ်တော့ စတင်နိုင်မလဲဆိုတာ ဖြစ်ပါလိမ့်မယ်။ ပထမဆုံး ကာကွယ်ဆေးတသုတ် အိန္ဒိယနိုင်ငံမှ ရရှိရေးအတွက် အရောင်းအဝယ် စာချုပ်ကို ချုပ်ဆိုထားပြီးပါပြီ။ ကာကွယ်ဆေးသုံးစွဲခွင့်ကို အိန္ဒိယရှိ သက်ဆိုင်ရာဌာနက ထုတ်ပြန်ပြီးတာနဲ့ မြန်မာပြည်တွင်းကို သွင်းနိုင်ဖို့လည်း စီစဉ်ထားပါတယ်။ ဒီအစီအစဉ်အရ ဖေဖော်ဝါရီလမှာ ကာကွယ်ဆေးတွေကို ဦးစားပေးရမယ့် အစုအဖွဲ့ဖြစ်တဲ့ ကျန်းမာရေးဝန်ထမ်းများကို ပထမဆုံး စတင်ထိုးပေးမှာ ဖြစ်ပါတယ်”

ကာကွယ်ဆေးရရှိရေး ကမ္ဘာ့နိုင်ငံအားလုံးက ဆောင်ရွက်နေတာကြောင့် ယှဉ်ပြိုင်မှုများပေမယ့် ၂၀၂၁ ခုနှစ်တလျှောက် ကာကွယ်ဆေးထိုးပေးရေးလုပ်ငန်းတွေကို နိုင်ငံတဝန်းမှာ တဆင့်ပြီးတဆင့် အကောင်အထည်ဖော်နိုင်မယ်လို့ ယူဆတယ်လို့လည်း သူက ပြောပါတယ်။

ပြီးတော့ ကာကွယ်ဆေးမထိုးရသေးခင် ကာလအတွင်းမှာ ကျန်းမာရေး စည်းမျဉ်းစည်းကမ်းတွေကို လိုက်နာပြီး ကိုဗစ်အောင်နိုင်ရေးကို ပံ့ပိုးပေးဖို့ ပြည်သူတွေကိုလည်း မေတ္တာရပ်ခံလိုက်ပါတယ်။

မြန်မာနိုင်ငံမှာ ဇန်နဝါရီ ၁ ရက် ည ၈ နာရီအထိ ကိုဗစ်-၁၉ အတည်ပြုလူနာစုစုပေါင်း     ၁၂၅,၀၄၂ ယောက်၊ သေဆုံးသူ ၂,၆၉၇ ယောက်နဲ့ ဆေးရုံက ဆင်းခွင့်ရသူပေါင်း ၁၀၇,၇၇၇ ယောက်ရှိပြီလို့ ကျန်းမာရေးဝန်ကြီးဌာနက ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013