DVB Logo
Home
မြန်မာသတင်း
ရက္ခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်း အောက်မေ့ဖွယ်နေ့ ရခိုင်ပြည်နယ်တွင် ကျင်းပ
DVB
·
January 1, 2021
ရက္ခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်း အောက်မေ့ဖွယ်နေ့ ရခိုင်ပြည်နယ်တွင် ကျင်းပ
1 / 6
Donate to DVB

ရက္ခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်း ၂၃၆ နှစ်ပြည့် ဝမ်းနည်းအောက်မေ့ဖွယ်နေ့ အခမ်းအနားကို ရခိုင်ပြည်နယ်၊ မောင်တောမြို့ရှိ  မြို့ဦးရွာဘုန်တော်ကြီးကျောင်းမှာ မနေ့ညက ပထမဆုံးအကြိမ် ကျင်းပပါတယ်။

ဦးဆောင်ကျင်းပသူ ရခိုင်စည်တော်အသင်းနာယက ဦးဘိုဟန်သိန်းက "အခုလို သမိုင်းဓာတ်ပုံမှတ်တမ်းတွေဖော်ပြပြီး ကျင်းပရတာက နောင်လာနောင်သားတွေ ရခိုင်သမိုင်းကို သိစေချင်တယ်။ နောက်တစ်ခုကဝမ်းနည်းခြင်းအထိမ်း အမှတ်အဖြစ် ​ ၁၁၄၆ ခု ဒီဇင်ဘာလ ၃၁ ရက်နေ့မှာ ထီးနန်းကျဆုံးသွားခဲ့တာကို ရခိုင်လူငယ်မောင်မယ်‌တွေ သိရှိစေဖို့ရည်ရွယ်ပြီးအခုလို မောင်တောမြို့မှာ ပထမဆုံးအကြိမ်ကျင်းပတာ"လို့ ပြောပါတယ်။

အဆိုပါအထိမ်းအမှတ်ပွဲမှာ ရခိုင်သမိုင်းစာပေအထောက်အထားတွေနဲ့တကွ မြေက်ဦးခေတ် သရုပ်ပြ ပန်းချီကားတွေကို  လူငယ်တွေ လေ့လာနိုင်ဖို့ ပြသထားပါတယ်။

ရခိုင်ဘုရင်မင်းဆက်ဟာ မြောက်ဦးခေတ်မှာ နောက်ဆုံးခေတ်ဖြစ်ပြီး မဟာသမ္မတရာဇာမင်း လက်ထက် "ဥသြရေသောက်မင်းဆက်ပျောက်"ဆိုတဲ့ ရခိုင်တဘောင်ပေါ်လာပြီးနောက် ဗမာဘုရင် ဘိုးတော်မောင်ဝိုင်းက ရခိုင်ပြည်ကိုသိမ်းပိုက်လိုက်ပြီး မြောက်ဦးနန်းတော်ကျဆုံးသွားခဲ့ရတယ်လို့ ကိုဘိုဟန်သိန်းက  ရှင်းပြပါတယ်။

မောင်တောမြို့မြို့ဦးကျေးရွာမှ ရွာလူကြီးဦးဘထွန်းက "ကျနော်တို့ ရခိုင်ပြည်ဟာ ၁၁၄၆ ခုနှစ်မှာ ရခိုင်နန်းတော်ကျဆုံးခြင်းကို အခုလို အထိမ်းအမှတ်အဖြစ် ကျင်းပပြုလုပ်ရတာကို မြင်ရတော့ ဝမ်းလည်းနည်းတယ်။ ဝမ်းလည်းသာမိတယ်။ ဘာဖြစ်လို့ ဝမ်းနည်းလည်း ဆိုရင် တချိန်က အတိတ်ကို ပြန်ပြောင်းကြည့်ရင်ဝမ်းနည်းမိတယ်။ ဝမ်းသာရတာက အခုလို ရခိုင်လူငယ်တွေ ဒီသမိုင်းကိုသိခွင့်ရဖို့ အခုလိုအခမ်းအနား ကျင်းပတာကို မြင်ရတော့ ဝမ်းသာမိတယ်"လို့​ ပြောပါတယ်။

ရခိုင်တို့ရဲ့ ရှေးဟောင်း မင်းနေပြည်တော် မြောက်ဦးဟာ အေဒီ ၁၄၃၀ ခုနှစ်မှာ ရခိုင်ဘုရင် မင်းစောမွန်က တည်ထောင်ခဲ့ပြီး အေဒီ ၁၇၈၄ ခုနှစ် နှစ်ပေါင်း ၃၄၅ နှစ်အကြာမှာ ဘိုးတော်ဘုရားက ၀င်ရောက်  သိမ်းပိုက်ရာက ရခိုင်ဘုရင့်နိုင်ငံတော် နိဂုံးချုပ်ခဲ့ရတာပါ။

ရခိုင်ဘုရင့်နိုင်ငံတော် အချုပ်အချာ အာဏာကျဆုံးခြင်းနေ့ကို ရခိုင်လူမျိုးတွေအနေနဲ့ ပြည်တွင်းမှာ အရင်ကကျင်းပခွင့်မရခဲ့ဘဲ ပြည်ပနိုင်ငံတွေမှာသာ ကျင်းပခဲ့ကြတာပါ။

၂၃၆ နှစ်မြောက် ရက္ခိုင့်အချုပ်အခြာအာဏာကျဆုံးခြင်း ဝမ်းနည်းအောက်မေ့ဖွယ်အခမ်းအနားကို အမ်းမြို့နယ်မှာလည်း ကျင်းပခဲ့ရာမှာ လူပေါင်း ၄ဝဝ ကျော် ဆီးမီးထွန်း ဆုတောင်းခဲ့ကြသလို စစ်တွေတက္ကသိုလ် ကျောင်းသားများသမဂ္ဂကလည်း ဝမ်းနည်းအောက်မေ့ဖွယ်နေ့ အခမ်းအနားပြုလုပ်ခဲ့ပါတယ်။

သတင်း - လင်းလက်

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013