DVB Logo
Home
မြန်မာသတင်း
ရန်ကုန်မှ ဖားကန့်သို့ ရောက်လာသူ ၁၁ ဦးအနက် ၁ ဦး ကိုဗစ်-၁၉ ပိုးတွေ့ 
DVB
·
January 1, 2021
ရန်ကုန်မှ ဖားကန့်သို့ ရောက်လာသူ ၁၁ ဦးအနက် ၁ ဦး ကိုဗစ်-၁၉ ပိုးတွေ့ 
Donate to DVB

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်အတွင်း ရန်ကုန်ကနေ ဝင်ရောက်လာသူ ၁၁ ယောက် အနက် တစ်ယောက်မှာ  ကိုဗစ်-၁၉ ပိုးတွေ့ရှိခဲ့တယ်လို့  ဖားကန့်မြို့နယ် ပြည်သူ့ကျန်မာရေး ဦးစီးဌာနမှူး ဒေါက်တာမင်းလွင်းက ပြောပါတယ်။

ရန်ကုန်ကလာတဲ့ ပိုးတွေ့လူနာအပါအဝင် ၁၁ ယောက်ဟာ ဖားကန့်မြို့နယ် ကျောက်မျက်လုပ်ငန်းရှင်များ အသင်းက တာဝန်ယူဆောက်လုပ်နေတဲ့ ကျောက်မျက်ရတနာဈေး အဆောက်အအုံကို ဆေးသုတ်ဖို့ ကန်ထရိုက်ကခေါ်ယူထားသူတွေလို့ သိရပါတယ်။ 

ဖားကန့်မြို့နယ် ဆေးရုံအုပ်ကြီး ဒေါက်တာမင်းလွင်က "ရန်ကုန်က လာတဲ့ ဆေးသုတ်အဖွဲ့ ၁၁ ယောက်ထဲက တစ်ယောက်မှာ ပိုးတွေ့ခဲ့တာပါ။ အခု လူနာက  positive လူနာတွေထားတဲ့ အိုးအိမ်ကို ပို့ထားပြီးပါပြီ"လို့ ပြောပါတယ်။

အဆိုပါဆေးသုတ်အဖွဲ့ဟာ ရန်ကုန်ကနေ ဒီဇင်ဘာ၂၅ နေ့မှာ ဖားကန့်မြို့တွင်းကို ဝင်ရောက်ခဲ့တာဖြစ်ပါတယ်။ ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူးရဲ့ ခွင့်ပြုချက်နဲ့ ဝင်ရောက်လာတာလို့ သိရပါတယ်။ 

ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးရုံးကတော့ အခုလို ဝင်ရောက်ခွင့်ပြုခဲ့တာဟာ ပြည်နယ်ကျန်းမာရေးဌာနနဲ့ ပြည်နယ် ကိုဗစ်-၁၉ ကာကွယ်ထိန်းချုပ်ရေး ကော်မတီရဲ့ ညွှန်ကြားမှုနဲ့အညီ ဆောင်ရွက်ခဲ့တာလို့ ဆိုပါတယ်။

ဖားကန့်မြို့နယ်အထွေထွေအုပ်ချုပ်ရေးမှူး ဦးဉာဏ်လင်းအောင်က "ဒီလူတွေက ရန်ကုန်က နေထွက်လာပြီး အမြန်လမ်းမှာ RTD, Test Kit နဲ့ စစ်ဆေးခဲ့တဲ့ အထောက်အထားတွေပါတယ်။ Facility Quarantine ၁၄ ရက် ဝက်ခိုင်းပြီး Home Quarantine ၇ ရက်ဝင်ဖို့ ညွှန်ကြားခဲ့ ပြီးသားပါ။ ပြည်နယ်ရဲ့ လမ်းညွှန်မှုနဲ့အညီ ဝင်ခွင့်ပြုခဲ့တာပါ"လို့ ပြောပါတယ်။

ဒီဆေးသုတ်အဖွဲ့ကို အဆောက်အအုံ ကန်ထရိုက်ရတဲ့ကုမ္ပဏီက ခေါ်ယူခဲ့တာဖြစ်ပြီး လုပ်ငန်းရှင် အသင်းကခေါ်ယူခဲ့တာ မဟုတ်ဘူးလို့လည်း ဖားကန့်မြို့နယ်ကျောက်မျက် လုပ်ငန်းရှင်များအသင်းဥက္ကဋ္ဌ ဦးဇော်လင်းမြင့်က ပြောပါတယ်။

"ဒီလူတွေက အဆောက်အအုံ ကန်ထရိုက်ရထားတဲ့ ကုမ္ပဏီက ခေါ်တဲ့လူတွေပါ။ အသင်းရုံးက ခေါ်တာမဟုတ်ပါဘူး၊ အသင်းရုံးနဲ့မဆိုင်ဘူးဗျ။ ကျနော်တို့က လုပ်ငန်းအားလုံးကို ကန်ထရိုက်နဲ့အပြတ်ပေးပြီးသား၊ နောက်ပြီး အထက်အဆင့်ဆင့်ခွင့်ပြုချက်ယူပြီးမှ ဝင်လာခဲ့တာလို့ သိရတယ်ဗျ"လို့ ပြောပါတယ်။

ဖားကန့်မြို့နယ်မှာ ဒီဇင်ဘာ ၃၁ ရက် မွန်းလွဲ ၂နာရီအထိ ကိုဗစ်-၁၉ ပိုးတွေ့လူနာ ၃၉၆ ယောက်ရှိတဲ့အနက်  ၃၃၇ ယောက်က ဆေးရုံမှဆင်းခွင့်ရပြီး  ၅၉ ယောက်ကတော့ ဆေးကုသမှု ခံယူနေဆဲဖြစ်တယ်လို့ ဖားကန့်မြို့နယ်ကျန်းမာရေးဦးစီးဌာနက သိရပါတယ်။

သတင်း - ဇော်မိုးထက် (ဖားကန့်)

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013