DVB Logo
Home
မြန်မာသတင်း
ငွေကြေးလိမ်လည်သည့် နိုင်ဂျီးရီးယားနိုင်ငံသားနှင့် ဆက်နွှယ်သူ ၇ ဦးကို ထပ်မံဖမ်းဆီး
DVB
·
December 31, 2020
ငွေကြေးလိမ်လည်သည့် နိုင်ဂျီးရီးယားနိုင်ငံသားနှင့် ဆက်နွှယ်သူ ၇ ဦးကို ထပ်မံဖမ်းဆီး
Donate to DVB

Facebook Messenger မှတစ်ဆင့် ဆက်သွယ်ပြီး ငွေကြေးလိမ်လည်ခဲ့တဲ့ နိုင်ဂျီးရီးယားနိုင်ငံသားနဲ့ ဆက်စပ်တဲ့ဂိုဏ်းကို ဖော်ထုတ်ဖမ်းဆီးပြီးနောက် ဆက်စပ်သူတွေဖြစ်တဲ့ ရန်ကုန်မြို့၊ ကြည့်မြင်တိုင်မြို့နယ်နဲ့ သန်လျင်မြို့နယ်နေ မြန်မာနိုင်ငံသား အမျိုးသား ၂ ယောက်နဲ့ အမျိုးသမီး ၅ ယောက်ကို ထပ်မံဖမ်းဆီးမိခဲ့တယ်လို့ ရဲတပ်ဖွဲ့က သတင်းထုတ်ပြန်ပါတယ်။

လက်ဆောင်ပစ္စည်းတွေအဖြစ် ဒေါ်လာနဲ့ ရွှေချောင်းတွေပို့ထားတယ်ဆိုပြီး အခွန်ဆိုင်ရာ ကိစ္စရပ်တွေဆောင်ရွက်ဖို့ ငွေလွှဲခိုင်းတာ၊ ဟောင်ကောင်ထီပေါက်တယ်ဆိုပြီး ထီဖိုးငွေအဖြစ် ငွေလွှဲခိုင်းတာတွေကို Facebook Messenger ကနေ လိမ်လည်ခဲ့သူတွေကို သိရပါတယ်။ 

ထပ်မံဖော်ထုတ်ဖမ်းမိသူတွေဆီကနေ MPU ကတ်မျိုးစုံ ၅၂ ကတ်၊ ဘဏ်စာအုပ်မျိုးစုံ ၆၈ အုပ်၊ နိုင်ငံသားစိစစ်ရေးကတ်ပြားအတု  ၃၉ ခု၊ နိုင်ငံသားစိစစ်ရေးကတ်ပြားမိတ္တူ ၄၃ ခု၊ ကုမ္ပဏီမှတ်ပုံတင် လက်မှတ် ၄ ခု၊ နိုင်ဂျီးရီးယားနိုင်ငံ Passport စာအုပ် ၃ အုပ်၊ Memory Stick ၅ ခု၊ တံဆိပ်တုံး အတုမျိုးစုံ  ၂၇ ခုနဲ့ ငွေကျပ်သိန်း ၈၀ ကျော်ကိုထပ်မံ သိမ်းဆည်းရမိတယ်လို့ ရဲတပ်ဖွဲ့မှ သိရပါတယ်။ 

ငွေလိမ်လည်မှုကို ဦးဆောင်ပြုလုပ်တဲ့ နိုင်ဂျီးရီးယားနိုင်ငံသားတွေဟာ အတူနေ မြန်မာအမျိုးသမီးတွေနဲ့ အိမ်ငှားတဲ့အခါ ၆ လသာနေပြီး မကြာခဏနေရာ ရွှေ့ပြောင်းနေထိုင်တဲ့အတွက် မသင်္ကာဖွယ်တွေ့ရင် ရပ်ကွက်အုပ်ချုပ်ရေးအဖွဲ့အစည်းတွေ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဦးစီးဌာန၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့သို့ သတင်းပေးပို့ကြဖို့ ရဲတပ်ဖွဲ့က ထုတ်ပြန်ထားပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013