DVB Logo
Home
မြန်မာသတင်း
ကျောက်မဲတွင် ရွာသား ၂ ဦး သေနတ်ထိမှန်၊ ၁ ဦးသေဆုံး ၁ ဦး ဒဏ်ရာရ
DVB
·
December 31, 2020
ကျောက်မဲတွင် ရွာသား ၂ ဦး သေနတ်ထိမှန်၊ ၁ ဦးသေဆုံး ၁ ဦး ဒဏ်ရာရ
Donate to DVB

ရှမ်းပြည်မြောက်ပိုင်း၊ ကျောက်မဲမြို့နယ်ထဲမှာ ပြီးခဲ့တဲ့ရက်ပိုင်းက RCSS/SSA ရှမ်းပြည်တပ်မတော်နဲ့ PSLF/TNLA တအာင်းပလောင်တပ်ဖွဲ့တို့အကြား ပစ်ခတ်မှုတွေရှိခဲ့ပြီး ရာနဲ့ချီတဲ့ ရွာသားတွေ ကျောက်မဲမြို့ပေါ်ထွက်ပြေးတိမ်းရှောင်နေရသလို လက်နက်ကျည်ထိမှန် သေဆုံး ဒဏ်ရာရသူတွေလည်း ရှိနေပါတယ်။ 

ဒီဇင်ဘာ ၂၉ ရက်မနက်က လွယ်အန်တင်းကျေးရွာအုပ်စု ပန်လော့ရွာနားမှာ တောင်ယာ သွားတဲ့ ညီအစ်ကိုနှစ်ဦး လက်နက်ထိမှန်ပြီး အစ်ကိုဖြစ်သူ သေဆုံးကာ ညီဖြစ်သူ ဒဏ်ရာရ ခဲ့တယ်လို့ ကျောက်မဲမြို့ ဇီဝိတဒါနလူမှုကူညီရေးအသင်းဥက္ကဋ္ဌ ဦးတင်မောင်သိန်းက ဒီဗွီဘီကို ပြောပါတယ်။ 

“စစ်ရှောင်ရွာသားတွေ ပြောပြတာကတော့ ပန်လော့ရွာက မောင်ကျန်နဲ့ မောင်လူ ဆိုတဲ့ ညီအစ်ကို နှစ်ယောက်၊  သူတို့က ဒီချိန်ဆို လယ်တောမှာ သွားစောင့်အိပ်တယ်။ အဲဒီနေ့က ရွာဘက်မှာ တိုက်ပွဲရှိတယ်ကြားလို့ အိမ်ကို စိတ်မချဘဲ ပြန်လာကြည့်ချိန် လမ်းခုလတ်မှာ တိုက်ပွဲနှစ်ဘက်ကြား ညပ်မိသွားပြီး လက်နက်ထိမှန်သွားတယ်။  အသက် ၃၀ ရွယ် အစ်ကိုက ဆုံးပြီး သူ့ ညီ မောင်လူ ( ၂၀ နှစ်) က ဒဏ်ရာရတယ်လို့ ပြောတယ်။ လက်နက်ကြီးကျည်လား သေနတ်မှန်တာလားတော့ မသိဘူး။  အဲဒီဘက်မှာ လောလောဆယ် ပစ်ခတ်မှုတွေရှိနေတော့  ကျနော်တို့ လူနာကို သွားသယ်ဖို့ အခက်အခဲရှိနေပါတယ်  ”

RCSS/SSA နဲ့  PSLF/TNLA  တပ်ဖွဲ့တို့ဟာ ကျောက်မဲမြို့နယ် လွယ်အန်တင်း ကျေးရွာအုပ်စုဘက်မှာ ဒီလ ၂၅ ရက်နေ့လောက်ကစ ပစ်ခတ်မှုတွေ ရှိနေပြီး အဆိုပါကျေးရွာအုပ်စုရှိ လွယ်အန်၊  ပန်လော့၊ ခုံငင်း၊ ကောင်းခါး၊ ပန်မခမ်၊ မန်စပ် စတဲ့ ကျေးရွာက ရွာသားပေါင်း ၇၀၀ ကျော် ကျောက်မဲမြို့ဘက်ကို ထွက်ပြေးတိမ်းရှောင်လာကြပါတယ်။ 

စစ်ဘေးရှောင်တွေဟာ လောလောဆယ် ကျောက်မဲ ဝါဆိုဘုန်းကြီးကျောင်း၊ မန့်ကောင်းမူး အမက ကျောင်း၊ သန္ဓိသုခဓမ္မာရုံနဲ့ အောင်မင်္ဂလာ ဘုန်းကြီးကျောင်း စတဲ့ နေရာ ၄ ခုမှာ ခိုလှုံနေကြပါတယ်။

ဒီကနေ့လည်း ထပ်ရောက်လာဖို့ရှိနေပြီး စစ်ရှောင်ပြည်သူတွေကို သက်ဆိုင်ရာ အုပ်ချုပ်ရေးမှူးရုံး၊ ကျောက်မဲမြို့ခံပြည်သူနဲ့ လူမှုကူညီရေးအဖွဲ့အစည်းတွေ စေတနာရှင်တွေက လိုအပ်တဲ့ အနွေးအထည်၊ စောင်၊ ‌ဆေးဝါးနဲ့ စားနပ်ရိက္ခာတွေ လာရောက်ထောက်ပံ့ ကူညီနေတယ်လို့ ဦးတင်မောင်သိန်းက ပြောပါတယ်။ 

 

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013