DVB Logo
Home
မြန်မာသတင်း
ဆားလင်းကြီးမြို့နယ်ရှိ ရွှေလှေကျေးရွာကို ​ Stay at Home သတ်မှတ် 
DVB
·
December 31, 2020
ဆားလင်းကြီးမြို့နယ်ရှိ ရွှေလှေကျေးရွာကို ​ Stay at Home သတ်မှတ် 
Donate to DVB

စစ်ကိုင်းတိုင်း​ဒေသကြီး၊ ဆားလင်းကြီးမြို့နယ်၊ လက်ပန်​တောင်းကျေးရွာအုပ်စုရှိ ​ရွှေ​လှေ​ကျေးရွာမှာ ကိုဗစ်-၁၉ ရောဂါ ကူးစက်ခံရသူတွေများလာတာကြောင့်   Stay at Home ​နေထိုင်ဖို့ ဒီဇင်ဘာ ၃၀ ရက်​နေ့က သတ်မှတ်လိုက်တာပါ။

Stay at Home ကာလက​တော့ ဒီဇင်ဘာ ၃၀ ရက်​ကနေ ဇန်နဝါရီ ၁၂ ရက်​နေ့ထိ မြို့နယ်ကျန်းမာ​ရေးဌာနက သတ်မှတ်ထားတာပါ။

ရွှေ​လှေ​ကျေးရွာမှာ ​​ဒီဇင်ဘာ ၂၉ ရက် တရက်တည်းတင် ​ပိုး​တွေ့သူ ၇ ​ယောက်​တွေ့ရှိခဲ့သလို  ဒီဇင်ဘာ ၃၁ ရက် ဒီနေ့မှာ ပိုး​တွေ့လူနာ ၈ ယောက် ထပ်တိုးလာတာကြောင့် စုစုပေါင်း ပိုး​တွေ့သူ ၂၁ ယောက်အထိ ရှိလာနေပြီဖြစ်ပါတယ်။

​ရွှေ​လှေ​ကျေးရွာ​နေ မညိုလင်းက " ကွာရန်တင်း ဝင်ထားရတဲ့သူဦး​ရေ ၇၀ ​ကျော်ရှိတယ်။ မိသားစုလိုက် ကွာရန်တင်းဝင်ရ​တော့ စား​သောက်​ရေးအခက်အခဲရှိသလို စပါးရိတ်သိမ်းချိန်လည်း​ ရောက်​တော့တောင်သူ​တွေနဲ့ လက်လုပ်လက်စား​တွေပါ အဆင်မ​ပြေဖြစ်​နေတယ်"လို့ ​ပြောပါတယ်။

​​ရွှေ​လှေ​ကျေးရွာမှာ အိမ်​ထောင်စုပေါင်း  ၃၄၈ စု ရှိပြီး လူဦး​ရေ ၁၄၀၀ ​ကျော်ရှိကာ ဆန်နဲ့ဆီ​တော့ ​ထောက်ပံ့​ပေးဖို့ ​​ဆောင်ရွက်​နေတယ်လို့ ဆားလင်းကြီးမြို့နယ် အုပ်ချုပ်​ရေးမှူး ဦးဆန်းမြင့်က ပြောပါတယ်။

ဆားလင်းကြီးမြို့နယ်မှာ Stay at Home သတ်မှတ်ထားတဲ့​ကျေးရွာ ၂ ရွာရှိပြီး ​တော​ကျောင်း​ကျေးရွာနဲ့​ ရွှေ​လှေ​ကျေးရွာတို့ဖြစ်ပါတယ်။  တစ်မြို့နယ်လုံးမှာ ကိုဗစ်-၁၉ ပိုးတွေ့လူနာစုစုပေါင်း  ၄၅ ​ယောက်ရှိပြီး ​ဆေးရုံဆင်းခွင့်ရသူ ၂၂ ​ယောက်ရှိတယ်လို့ သိရပါတယ်။

Support DVB
Live
DVB Donate
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013