DVB Logo
Home
မြန်မာသတင်း
မဲစာရင်းမှားသည့်ကိစ္စ ဥပဒေနှင့် အကျုံးဝင်တာမှန်သမျှ လုပ်ဆောင်မည်ဟု တပ်မတော်ပြော
DVB
·
December 30, 2020
မဲစာရင်းမှားသည့်ကိစ္စ ဥပဒေနှင့် အကျုံးဝင်တာမှန်သမျှ လုပ်ဆောင်မည်ဟု တပ်မတော်ပြော
Donate to DVB

မဲစာရင်းမှားယွင်းမှုတွေနဲ့ ပတ်သက်ပြီး တပ်မတော်အနေနဲ့ ဥပဒေအရ လုပ်ဆောင်လို့ ရတာမှန်သမျှ ဆောင်ရွက်သွားမယ်လို့ တပ်မတော်ပြောရေးဆိုခွင့်ရှိသူက  ပြောပါတယ်။

ဒီဇင်ဘာ ၃၀ ရက်နေ့က နေပြည်တော်ရှိ တပ်မတော်စစ်သမိုင်းပြတိုက်မှာပြုလုပ်တဲ့ တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့သတင်းစာရှင်းလင်းပွဲမှာ ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက အခုလို ပြောတာပါ။ “ဥပဒေထဲမှာ အကျုံးဝင်တာမှန်သမျှ လုပ်ဆောင်သွားမယ်လို့ ကျနော်ပြောချင်ပါတယ်”။

ဒါအပြင် တပ်မတော်အနေနဲ့ ရွေးကောက်ပွဲကန့်ကွက်လွှာတွေလည်း တင်သွင်းထားပြီး အခုလို ကန့်ကွက်လွှာ တင်သွင်းတာဟာ မဲဆန္ဒရှင်တွေအနေနဲ့ တင်သွင်းတာဖြစ်တယ်လို့ ဆိုပါတယ်။

“ လွှတ်တော်ရွေးကောက်ပွဲ ဥပဒေပုဒ်မ ၆၈(က)၊ နည်းဥပဒေ(၈၇)တို့အရ ယှဉ်ပြိုင်အရွေးခံတဲ့ မည်သည့်လွှတ်တော်ကိုယ်စားလှယ်လောင်းကမဆို ဒါမှမဟုတ် ယင်းမဲဆန္ဒနယ်တွင် ဆန္ဒမဲပေးခဲ့သည့် မည်သည့်မဲဆန္ဒရှင်က မဆို ကန့်ကွက်နိုင်တာဖြစ်ပါတယ်။ ယခု ကန့်ကွက်တာတွေကတော့ တပ်မတော်သားများအနေနဲ့ မဲဆန္ဒရှင်အနေနဲ့ ကန့်ကွက်လွှာတင်သွင်းခြင်းဖြစ်ပါတယ် ” လို့  ဗိုလ်မှူးချုပ် ဇော်မင်းထွန်းက ပြောပါတယ်။

တပ်မတော်အနေနဲ့ ပြီးခဲ့တဲ့ရွေးကောက်ပွဲမှာ မဲစာရင်းမှားယွင်းမှုတွေနဲ့ပတ်သက်ပြီး စိစစ်တွေ့ရှိချက် သုံးကြိမ်းထုတ်ပြန်ပြီးဖြစ်ပါတယ်။

အခုလို မဲစာရင်းမှားယွင်းနေတာတွေကို ပုံစံ(၁)နဲ့ ကိုယ်စားလှယ်လောင်းတွေကိုပေးတဲ့ မဲစာရင်း စီဒီပြားတွေကို အခြေခံပြီး မဲစာရင်းမှားယွင်းတာတွေကို ပြုစုခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင်ကတော့ တပ်မတော်ရဲ့ မဲစာရင်း စိစစ်ချက်ဟာ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ လာရောက်မဲပေးတဲ့ နောက်ဆုံးမဲစာရင်းကို အခြေခံထားတာ မဟုတ်ဘူးလို့ ဒီနေ့ ထုတ်ပြန်ကြေညာခဲ့ပါတယ်။

Support DVB
Live
DVB Donate၂၀၂၆ ကမ္ဘာ့ဖလား
စစ်အုပ်စု၏ အစုလိုက်အပြုံလိုက် သတ်ဖြတ်မှုဖြစ်စဉ်များမြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013