DVB Logo
Home
နိုင်ငံတကာ
ဘောလ်တစ်တင်းမာချိန် နျူလက်နက်သုံးရန် အသင့်ဟု NATO ကို ရုရှား သတိပေး
DVB
·
October 1, 2026
Photo:Reuters
Photo:Reuters
Donate to DVB

ဘောလ်တစ်ပင်လယ်နဲ့ ထိစပ်နေတဲ့ ရုရှားရဲ့ သီးခြားဒေသ ကာလင်နင်ဂရက်ကို NATO က ဖြတ်တောက်ခွဲထုတ်ဖို့  ကြိုးပမ်းလာရင် နျူကလီးယားလက်နက် အသုံးပြုဖို့ အသင့်ရှိတယ်လို့ ရုရှား က သတိပေးလိုက်ပါတယ်။

စက်တင်ဘာ ၃၀ မှာ ရိုက်တာက ကြည့်ရှုခွင့်ရခဲ့တဲ့ NATO ဆီ ပေးပို့ထားတဲ့ ရုရှားရဲ့ သံတမန်စာမှာ NATO ဟာ “အန္တရာယ်များပြီး မဆင်မခြင်လမ်းစဉ်” ကို လိုက်နေတယ်၊ တိုက်ရိုက်စစ်ပွဲ ဖြစ်ပွား နိုင်ခြေ မြင့်မားတယ်လို့ ရုရှားက စွပ်စွဲထားပါတယ်။

NATO နဲ့ တိုက်ရိုက်စစ်ပွဲဖြစ်လာရင် စစ်စတင်ချိန်ကတည်းက NATO အဖွဲ့ဝင်နိုင်ငံတွေရဲ့ အရေးကြီးဆုံးဖြတ်ချက်ချရာ ဗဟိုဌာနတွေကို ရုရှားက တိုက်ခိုက်နိုင်တယ်လို့လည်း သတိပေးထား ပါတယ်။

ကာလင်နင်ဂရက်ဟာ ရုရှားကုန်းမကြီးနဲ့ ထိစပ်မှုမရှိဘဲ NATO အဖွဲ့ဝင် ပိုလန်နဲ့ လစ်သူရေးနီးယား ကြားမှာရှိပြီး ရုရှားက စစ်အင်အား အများအပြားချထားတဲ့ မဟာဗျူဟာအရ အရေးကြီးတဲ့ဒေသ ဖြစ်ပါတယ်။

ရုရှားဘက်ကတော့ NATO ရဲ့ စစ်ရေးလေ့ကျင့်မှုတွေနဲ့ ကာလင်နင်ဂရက်နဲ့ ပတ်သက်တဲ့ စစ်ရေး အခြေအနေတွေကို စီစဉ်လေ့ကျင့်နေတာကြောင့် တင်းမာမှု မြင့်လာတယ်လို့ စွပ်စွဲထားပါတယ်။

NATO အတွင်းရေးမှူးချုပ် မာ့ခ် ရူတေက “ကျနော်တို့က ကာကွယ်ရေးမဟာမိတ်အဖွဲ့ ဖြစ်ပါတယ်။ နျူကလီးယား ခြိမ်းခြောက်မှုတွေ ရပ်ပါ” လို့ ရုရှားကို ပြန်လည်တုံ့ပြန်ပါတယ်။

NATO ကလည်း သူတို့ရဲ့ စစ်ရေးလေ့ကျင့်မှုနဲ့ လှုပ်ရှားမှုတွေဟာ ရုရှားပိုင်နက်ကို ခြိမ်းခြောက်တာ မဟုတ်ဘူးလို့ ပြောထားပါတယ်။

ရူတေက လက်ရှိမှာ NATO ပိုင်နက်ကို ရုရှားဘက်က တိုက်ခိုက်လာမဲ့ လတ်တလောအန္တရာယ် မရှိဘူးလို့လည်း ပြောပါတယ်။

နျူကလီးယားရေးရာ လေ့လာသူ နီကိုလိုင် ဆိုကော့ဗ် ကတော့ ရုရှားနဲ့ ဥရောပ နှစ်ဖက်စလုံး တွက်ချက်မှုမှားပြီး တိုက်ရိုက်ပဋိပက္ခဖြစ်သွားနိုင်တဲ့ အန္တရာယ်ရှိတယ်လို့ သတိပေးထားပါတယ်။

Source:Reuters

Support DVB
Live
DVB Donate
မြန်မာနိုင်ငံအပေါ် အရေးယူဒဏ်ခတ်မှုများ
DVB Logo

About Us

For over 30 years, the Democratic Voice of Burma (DVB) publishes daily independent news and information across Myanmar and around the world by satellite TV and the internet. DVB is registered as a non-profit association in Thailand.

Follow Us

© Democratic Voice of Burma 2013